အကြောင်းအရာသို့ ကျော်သွားရန်

Quotations and Allusions အကြောင်း ကျမ်းစာအခန်းငယ်များ

636 အခန်းငယ် · 252 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက် များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက် တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေသော်၊

  2. သို့ရာတွင် ဗာလရှေ့၌ ဒူထောက်ခြင်း၊ နမ်းခြင်း ကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟု မိန့်တော်မူ၏။

  3. ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။

  4. လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။

  5. လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ် အရာရှိတို့လည်း၊ ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက်၊

  6. ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ။

  7. သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့ သို့ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။

  8. ကြောက်ရွံ့တုန်လှုပ်၍ ဒုစရိုက်အပြစ်ကို ရှောင် ကြလော့။ အိပ်ရာပေါ်မှာ ကိုယ်စိတ်နှလုံးနှင့် ဆွေးနွေး စဉ်းစား၍ တိတ်ဆိတ်ခြင်းရှိကြလော့။

  9. သူတို့၏နှုတ်တွင် သစ္စာမရှိပါ။ သူတို့နှလုံးသည် အလွန်ဆိုးဝါး၏။ သူတို့၏လည်ချောင်းသည် ဖွင့်ထား သော သင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့သည် လျှာနှင့် ချော့မော့တတ်ကြ၏။

  10. မတရားသဖြင့်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော် မူ၏။

  11. ကိုယ်တော်၏ရန်သူတို့ကို ရည်ဆောင်၍ ရန်သူ ကို၎င်း၊ အငြိုးထားသောသူကို၎င်း၊ တိတ်ဆိတ်စွာနေစေ ခြင်းငှါ၊ နို့စို့သူငယ်တို့၏နှုတ်ထဲမှ အစွမ်းသတ္တိကို စီရင် တော်မူ၏။

  12. လူသည် အဘယ်သို့သော သူဖြစ်၍၊ ကိုယ်တော် သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရ သနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်း ငယ်နှိမ့်တော်မူပြီ။

  13. သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော် မူပြီ။

  14. ဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ၍၊ သိုးနွားအစရှိသော မြေတိရစ္ဆာန်မိုဃ်းကောင်းကင်ငှက်၊

  15. သူ၏နှုတ်သည်ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏။ လျှာအောက်မှာ မကောင်း သောအကြံနှင့် မတရားသော အမှုရှိပါ၏။

  16. ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏။ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသော သူတယောက်မျှမရှိ။

  17. နားလည်သောသူ၊ ဘုရားသခင်ကိုရှာသော သူတစုံတယောက်ရှိ သည်မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၏။

  18. လူအပေါင်းတို့သည် လမ်းလွှဲကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်း သော အကျင့်ကို ကျင့်သော သူမရှိ။ တယောက်မျှမရှိ။

  19. ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက် မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ျာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်း မရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊

  20. ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှ တပါး၊ ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။

  21. အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော် မမူဘဲလျက်၊

  22. အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူလိမ့် မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။

  23. ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်။

  24. သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက် လေ၏။

  25. အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ် ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နား မထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူ သနည်း။