အကြောင်းအရာသို့ ကျော်သွားရန်

Psalms အကြောင်း ကျမ်းစာအခန်းငယ်များ

896 အခန်းငယ် · 16 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သို့ပြုလျှင် ဘုရားသခင်၏ ယဇ်ပလ္လင်သို့၎င်း၊ အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းရာ ဘုရားသခင်ထံတော် သို့၎င်း အကျွန်ုပ်သည် ရောက်လာ၍၊ ကိုယ်တော်ကို စောင်းတီးလျက် ချီးမွမ်းထောမနာပြုပါမည်ဘုရား၊ အကျွန်ုပ်ဘုရား။

  2. အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်မဝပ်ရှိသ နည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သောဘုရား သခင်၏ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့ သတည်း။

  3. လူများအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ဘုရား သခင်ထံသို့ အောင်သံကို လွှင့်၍ကြွေးကြော်ကြလော့။

  4. အကြောင်းမူကား၊ အမြင့်ဆုံးသော ထာဝရ ဘုရားသည် ကြောက်မက်ဘွယ်သောဘုရား၊ မြေကြီး တပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ၏။

  5. လူစုတို့ကို ငါတို့အောက်၌၎င်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌၎င်း နှိမ့်ချတော်မူ၏။

  6. ချစ်တော်မူသောယာကုပ်၏ ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဘို့ ရွေးပေးတော်မူ၏။

  7. ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင် တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ၏။

  8. ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ရှင်ဘုရင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။

  9. အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီး တပြင်လုံးကိုအစိုးရသော မင်းဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာ သီချင်းကို ဆိုကြလော့။

  10. ဘုရားသခင်သည် လူမျိုးတို့တွင် စိုးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။

  11. လူမျိုးတို့၏ အကြီးအကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏လူမျိုးထံမှာ စုဝေးလျက် ရှိကြ၏။ အကြောင်းမူကား၊ မြေကြီးတန်ခိုးများကို ဘုရား သခင်ပိုင်တော်မူ၏။ အထူးသဖြင့် ချီးမြှောက်ခြင်း ရှိတော် မူ၏။

  12. အားကြီးသော အချင်းလူ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ် တည်၏။

  13. သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကို ဖျက်ခြင်းအမှုကို ပြုစု တတ်၏။

  14. သင်သည် သုစရိုက်ထက်ဒုစရိုက်ကို၎င်း၊ ဖြောင့် မတ်သောစကား ထက်မုသာစကားကို၎င်း သာ၍ နှစ်သက်တတ်၏။

  15. အိုလှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီး သော စကားရှိသမျှတို့ကို နှစ်သက်တတ်၏။

  16. အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နေရာထဲက နှင်ထုတ်၍၊ အသက်ရှင်သောသူတို့၏ နေရာထဲက နှုတ်ပစ်တော်မူမည်။

  17. ဖြောင့်မတ်သော သူတို့သည်မြင်၍ ကြောက်ရွံ့ ကြလိမ့်မည်။

  18. ဘုရားသခင်ကိုမခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍၊ မိမိဒုစရိုက်၌ခိုင်ခံ့သော သူကို ကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်။

  19. ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်း သောသံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ ကရုဏာ တော်၌ ကာလအစဉ်အမြဲကိုးစားမည်။

  20. ကိုယ်တော်စီရင်တော်မူသောကြောင့်၊ အကျွန်ုပ် သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည်။ ကောင်းမြတ်တော်မူသောကြောင့်၊ ကိုယ်တော်၏သန့်ရှင်း သူတို့ရှေ့မှာ နာမတော်ကို မြော်လင့်ပါမည်။

  21. ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏။ ထိုသို့သော သူတို့သည် ဆေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက်ကို ပြုတတ်ကြ၏။ ကောင်းသောအမှု ကို ပြုသော သူတယောက်မျှမရှိ။

  22. နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ဘုရား သခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ ကြည့်ရှုတော်မူ၍၊

  23. လူအပေါင်းတို့သည် ဆုတ်သွားကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်း သောအကျင့်ကို ကျင့်သောသူမရှိ။ တတောက်မျှမရှိ။

  24. မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍၊ ဘုရားသခင်ကို ပဌနာမပြုသော အဓမ္မလူတို့သည် မသိဘဲနေရကြသလော့။

  25. သို့ဖြစ်၍ ကြောက်လန့်စရာမရှိသော်လည်း၊ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ သင့်ကိုဝန်ရံ၍ တပ်ချသောသူ၏ အရိုးတို့ကို ဘုရားသခင် သည် ဖရိုဖရဲကွဲပြားစေတော်မူမည်။ သူတို့ကို ဘုရား သခင် ရှုတ်ချတော်မူသောကြောင့်၊ သင်သည် သူတို့ကို အရှက်ခွဲရလိမ့်မည်။