Skip to content

Priests အကြောင်း ကျမ်းစာအခန်းငယ်များ

407 အခန်းငယ် · 86 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော်သမျှ အကောင်းဆုံးသောဆီ၊ အကောင်းဆုံး သော စပျစ်ရည်၊ အကောင်းဆုံးသော ဂျုံစပါးကို သင်တို့ အား ငါပေးပြီ။

  2. ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင်ဆိုင်ရမည်။ သင့်အိမ်၌ သန့်ရှင်းသော သူအပေါင်းတို့သည် စားရသောအခွင့် ရှိ၏။

  3. ဣသရေလအမျိုး၌ ကျိန်ဆို၍ ပူဇော်သမျှတို့ကို လည်း သင်ဆိုင်ရမည်။

  4. အဦးဘွားသောသား၊ လူဖြစ်စေ၊ တိရစ္ဆာန် ဖြစ်စေ၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည်။ သို့ရာတွင် လူ၏သားဦးနှင့် မစင်ကြယ် သော တိရစ္ဆာန်၏သားဦးကို အမှန်ရွေးရမည်။

  5. ရွေးရသော သားတို့ကို အသက်တလလွန်မှ၊ သင်အဘိုး ပြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသော အကျပ်တော်အလိုက် ငွေငါးကျပ်နှင့် ရွေးရမည်။

  6. နွားသားဦး၊ သိုးသားဦး၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့် မရွေးရ။ သူ၏အသွေးကို ယဇ် ပလ္လင်ပေါ်မှာ ဖြန်းရမည်။ ဆီဥကိုလည်း ထာဝရဘုရား အဘို့ မွှေးကြိုင်သောအနံ့ရှိစေ၍၊ မီးဖြင့် ပူဇော်သက္ကာ ပြုရမည်။

  7. အသားမူကား ချီလွှဲရာပူဇော်သက္ကာ၏ရင်ပတ် နှင့် လက်ျာပခုံးကဲ့သို့ သင့်အဘို့ ဖြစ်ရမည်။

  8. သင်တို့အမွေခံစရာ ငါပေးသော ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို သင်တို့သည် ခံယူ သောအခါ၊ ထိုအဘို့ကို ဆယ်ဘို့ဘို့ ပြန်၍ တဘို့ကို ထာဝရ ဘုရားအား ပူဇော်သက္ကာပြုရကြမည်။

  9. ထိုသို့ သင်တို့သည် ဣသရေလအမျိုးသားတို့မှ ခံယူသော ဆယ်ဘို့တဘို့ထဲက၊ ထာဝရဘုရားအား ပူဇော် သက္ကာပြုရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရော ဟိတ်အာရုန်အား လှူရကြမည်။

  10. ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသော အထည်ကို ယူ၍၊ နွားမ မီးလောင်ရာထဲသို့ ပစ်ချရမည်။

  11. ထိုနောက် မိမိအဝတ်ကို လျှော်၍ ကိုယ်ကို လည်း ရေချိုးပြီးမှ၊ တပ်ထဲသို့ဝင်၍ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။

  12. သူတို့ခံရသော ထက်ဝက်အဘို့ထဲကနှုတ်၍၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ ယဇ်ပုရောဟိတ် ဧလာဇာအား ပေးရမည်။

  13. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် ရှေ့တော်၌ ချီးမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ အခွန်ကို ယဇ်ပုရောဟိတ် ဧလာဇာအား အပ်ပေး လေ၏။

  14. မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကို ခေါ်တော် မူ၍၊

  15. သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိ သားတို့နေစရာဘို့ မြို့တို့ကို၎င်း၊ မြို့ပတ်လည်နယ် တို့ကို၎င်း၊ ပေးရကြမည်။

  16. ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ်၍၊ မြို့ ပတ်လည်နယ်တို့၌ သိုးနွား အစရှိသော တိရစ္ဆာန်များနှင့် ဥစ္စာများကို ထားရမည်။

  17. လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင် တထောင် ကျယ်စေရမည်။

  18. မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင်စီ တိုင်းထွာ၍၊ ထိုမြေ အလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ်ရသတည်း။

  19. လေဝိသားတို့အား ပေးသောမြို့တို့တွင်၊ လူကို သတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့မှတပါး အခြားသော မြို့လေးဆယ် နှစ်မြို့တို့ကို ပေးရမည်။

  20. ထိုသို့ လေဝိသားတို့အား ပေးရသော မြို့ပေါင်း ကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း။

  21. ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲက နှုတ်ရမည်။ များသောမြေကို ရသောသူသည် များသောမြို့၊ နည်းသောမြေကို ရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲက နှုတ်၍ လေဝိသားတို့အား ပေးရမည်။

  22. သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု၊ တရားတွေ့ခြင်းအမှု၊ လူချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊

  23. ထိုကာလအခါ တရားသူကြီး လုပ်သောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင်ချက်ကို ဘော်ပြရမည်။

  24. ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် သားတို့သည် ဘော်ပြသော စီရင်ချက်အတိုင်း၊ သင်သည် ပြုရမည်။ သူတို့သွန်သင်သည်အတိုင်း ပြုရခြင်းငှာ စောင့်ရှောက်ရမည်။

  25. သူတို့ဘော်ပြသော ဓမ္မသတ်စီရင်ချက်၊ ကြား ပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည်။ သူတို့ပြ သော စီရင်ချက်မှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲရ။