Skip to content

Murmuring အကြောင်း ကျမ်းစာအခန်းငယ်များ

170 အခန်းငယ် · 31 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊

  2. ငါ့ကို အပြစ်တင်၍၊ ကာလပတ်လုံး ဤပရိသတ် ဆိုးတို့ကို အဘယ်မျှကာလပတ်လုံး ငါသည် သည်းခံရ အံ့နည်း။ ဣသရေလအမျိုးသားတို့သည် ငါ့ကိုအပြစ်တင် ၍ မြည်တမ်းသော စကားတို့ကို ငါကြားရပြီ။

  3. သင်သည် သူတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရ ဘုရားက ငါအသက်ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ကို ကြားစေခြင်းငှါ ပြောကြသော စကားအတိုင်း သင်တို့ကို ငါပြုမည်။

  4. သင်တို့ကို ရေတွက်၍ စာရင်းယူသည်အတိုင်း၊ အသက်နှစ်ဆယ်လွန်သောသူ၊ ငါ့ကို အပြစ်တင်၍ မြည် တမ်းသောသူအပေါင်းတို့သည် သေ၍ ဤတော၌ အသေ ကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်။

  5. ငါသည် ဤမည်သောပြည်၌ သင်တို့ကို နေရာ ချမည်ဟု ငါကျိန်ဆို၏။ ထိုပြည်သို့ ယေဖုန္နာ၏သား ကာလက်၊ နုန်၏သားယောရှုမှ တပါးအဘယ်သူမျှ မရောက်ရ။

  6. ရန်သူလုယူရာ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုသော သူငယ်တို့ကို ငါဆောင်သွင်း၍ သင်တို့ပယ်သောပြည်ကို သူတို့သည်သိရကြလိမ့်မည်။

  7. သင်တို့မူကား၊ ဤတော၌သေ၍ အသေကောင် ဖြစ်လျက်၊ နေရစ်ရကြလိမ့်မည်။

  8. ဤတော၌ သင်တို့အသေကောင်များ ပျောက် ပျက်သည်တိုင်အောင်၊ ကိုယ်သားသမီးတို့သည် မိဘ မှားယွင်းခြင်းအပြစ်များကို ဆောင်၍၊ ဤတော၌ အနှစ် လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည်။

  9. ထိုပြည်ကို စူးစမ်းရာ နေ့ရက်ပေါင်းအရက် လေးဆယ်နှင့်အညီ၊ တရက်ကို တနှစ်ထား၍ အနှစ် လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက်၊ ငါ့စွန့်ပစ် ခြင်းကို သိရကြလိမ့်မည်။

  10. အကယ်စင်စစ် ငါတဘက၌ စည်းဝေးသော ဤပရိသတ်ဆိုးအပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌ သေကြပျောက်ပျက်ကြ လိမ့်မည်ဟု ငါထာဝရ ဘုရားမိန့်တော်မူ၏။

  11. မောရှေစေလွှတ်သော အခွင့်နှင့် ခါနာန်ပြည်ကို စူးစမ်း၍ ပြန်လာသောအခါ၊ ထိုပြည်ကို ကဲ့ရဲ့သဖြင့် ပရိသတ်အပေါင်းမြည်တမ်းစေခြင်းငှါတိုက်တွန်းသောသူ၊

  12. ခါနာန်ပြည်ကို မကောင်းသောသိတင်း ကြား ပြောသော သူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ကာလ နာဘေးနှင့် သေကြလေ၏။

  13. ပရိသတ်၌ ကျော်စော၍ ဂုဏ်အသရေရှိသော သူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုး သားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကို ပုန်ကန်၍၊

  14. မောရှေနှင့် အာရုန်တဘက်၌ စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိ သမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရား သည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ၏။

  15. သင်သည် ဤတော၌ ငါတို့ကို သတ်လို၍ နို့နှင့် ပျားရည်စီးသော ပြည်မှ ဆောင်ခဲ့သော်လည်း၊ ငါတို့ အပေါ်၌ လုံးလုံးမင်းမပြုရလျှင်၊ စိတ်မပြေသေးသည် တကား။

  16. ထိုမှတပါး နို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကို မဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ၊ ဤလူတို့၏မျက်စိကို ဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့ မလာဟု ပြန်ဆို၏။

  17. နက်ဖြန်နေ့၌ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီဟုဆိုလျက်၊ မောရှေနှင့် အာရုန်တို့ကို အပြစ် တင်၍ မြည်တမ်းကြ၏။

  18. ဤပရိသတ်တို့ကိုရှောင်၍ နေကြလော့။ ငါ သည် သူတို့ကို ချက်ခြင်းဖျက်ဆီးမည်ဟု မောရှေအား မိန့်တော်မူလျှင်၊ သူတို့သည် ပြပ်ဝပ်လျက် နေကြ၏။

  19. မောရှေကလည်း၊ သင်သည် လင်ပန်းကို ကိုင်၍ ယဇ်ပလ္လင်ပေါ်က မီးကို ယူထည့်ပြီးလျှင်၊ လောဗန်ကို လည်း တင်လျက်၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား၍ အပြစ်ဖြေခြင်းကို ပြုလော့။ ထာဝရဘုရားထံတော်က အမျက်တော်ထွက်၍ ဘေးဥပဒ်ရောက်လျက် ရှိပြီဟု၊

  20. ထာဝရဘုရားကလည်း၊ ပုန်ကန်သောသူတို့ တဘက်၌ သက်သေဖြစ်စေခြင်းငှါ၊ အာရုန်၏ လှံတံကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ သူတို့ အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊

  21. မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ပြုလေ၏။

  22. ပရိသတ်တို့သောက်စရာ ရေမရှိသောကြောင့်၊ မောရှေနှင့်အာရုန်တဘက်၌ စုဝေးကြလျက်၊

  23. ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသော အခါ၊ ငါတို့လည်း မသေပါလေ။

  24. ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှါ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။

  25. သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။