Murmuring အကြောင်း ကျမ်းစာအခန်းငယ်များ: Provokes God
Provokes God အကြောင်း အခန်းငယ်များ
ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သော စကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေ။
ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ် မျှကာလပတ်လုံး ငါ့ကို မရိုမသေပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့ပြီးသမျှသော နိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှ ကာလပတ်လုံးငါ့ကို မယုံဘဲ နေကြလိမ့်မည်နည်း။
ဟောရပ်အရပ်၌ ထာဝရဘုရားကို အမျက် တော်ထွက်စေသဖြင့်၊ သင့်ကို ဖျက်ဆီးလောက်အောင် အမျက်ထွက်တော်မူ၏။
တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါ အရပ်၌လည်း၊ သင်တို့သည် ထာဝရဘုရားကို အမျက် တော်ထွက်အောင် ပြုကြ၏။