အကြောင်းအရာသို့ ကျော်သွားရန်

Miracles Wrought Through Servants of God အကြောင်း ကျမ်းစာအခန်းငယ်များ

158 အခန်းငယ် · 74 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ခုနစ်ကြိမ်မြောက်သောအခါ၊ လူလက်နှင့် တူသော မိုဃ်းတိမ်ငယ်တခုသည် ပင်လယ်ထဲက တက်ပါ ၏ဟုဆိုသော်၊ အာဟပ်မင်းထံသို့ သွားလော့။ မိုဃ်းရွာ၍ ဆီးတားမည်ကိုစိုးရိမ်စရာရှိသောကြောင့်၊ မင်းကြီး ပြင်ဆင်၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့ ဟု မှာလိုက်လေ၏။

  2. မကြာမမြင့်မှီ မိုဃ်းကောင်းကင်သည် မိုဃ်းသက်မုန်တိုင်းနှင့် မည်း၍ ပြင်းစွာမိုဃ်းရွာ၏။ အာဟပ် သည် ရထားစီး၍ ယေဇရေလမြို့သို့ သွား၏။

  3. ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင်၊ ကောင်းကင်ကမီးကျ၍ သင်နှင့်သင်၏လူ ငါးကျိပ် တို့ကို လောင်ပါစေဟု လူငါးကျိပ်အုပ်သော တပ်မှူးအားဆိုသည်အတိုင်း၊ ကောင်းကင်က မီးကျ၍ သူနှင့်သူ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။

  4. တဖန်လူငါးကျိပ်အုပ်သော တပ်မှူးတယောက်ကို ရှင်ဘုရင်စေလွှတ်၍၊ ထိုတပ်မှူးက၊ အိုဘုရားသခင်၏ လူ၊ သင်သည် အလျင်အမြန် ဆင်းရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟုဆို၏။

  5. ဧလိယကလည်း၊ ငါသည်ဘုရားသခင်၏ လူမှန်လျှင် ကောင်းကင်က မီးကျ၍ သင်နှင့်သင်၏လူငါးကျိပ် တို့ကို လောင်ပါစေဟု သူတို့အား ဆိုသည်အတိုင်း၊ ဘုရားသခင်၏မီးသည် ကောင်းကင်ကကျ၍ သူနှင့်သူ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။

  6. ဧလိယသည် မိမိဝတ်လုံကိုယူ၍ လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ၍ ၊ ထိုသူ နှစ်ယောက်တို့သည် မြေပေါ်မှာ ရှောက်သွားကြ၏။

  7. ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့်၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။

  8. ရေကို ဝတ်လုံနှင့် ရိုက်လျက်၊ ဧလိယ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟူ၍ တဖန် ရိုက်သောအခါ၊ ရေသည် တဘက်တချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား၏။

  9. ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားကိုခတ် လျက်၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကို ငါချိုစေ၏။ နောက်တဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု၊

  10. ဧလိရှဲဆင့်ဆိုသော အမိန့်တော်အတိုင်း ထိုရေ သည် ယနေ့တိုင်အောင် ချိုလေ၏။

  11. ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင်၊ ထာဝရဘုရား၏ အခွင့်နှင့် ကျိန်ဆိုသဖြင့်၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင်ပျို လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။

  12. ပရောဖက်အမျိုးသား၏ မယားတယောက် သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ၏။

  13. ဧလိရှဲကလည်း၊ သင့်အဘို့အဘယ်သို့ ငါပြုရ မည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတလုံးမှတပါး အဘယ်ဥစ္စာမျှ မရှိပါဟု ပြောဆိုသော်၊

  14. ဧလိရှဲက သွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှါးယူလော့။ များစွာသော အိုးတို့ကို ငှားယူလော့။

  15. ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကို ခေါ်၍ တံခါးကို ပိတ်ပြီးမှ ငှါးယူသော အိုးများအထဲသို့ ဆီကို အပြည့်လောင်း၍ ထားလော့ ဟုစီရင်သည်အတိုင်း၊

  16. ထိုမိန်းမသည် သွား၍သားတို့သည် အိုးများကို ယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကို လောင်းလေ၏။

  17. အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတလုံးကို ယူခဲ့ဦးဟုသားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက် နေ၏။

  18. ထိုမိန်းမသည်လာ၍ ဘုရားသခင်၏ လူကို ကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကို ဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့် သားတို့သည် အသက်မွေးကြလော့ဟု ဆို၏။

  19. ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ် သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊

  20. အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှါ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။

  21. သူငယ်၏အနီးအပါးသို့ ချဉ်း၍၊ သူ့အပေါ်မှာအိပ်လျက်နှုတ်ချင်း၊ မျက်လုံးချင်း၊လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ် အသားသည် နွေးစရှိ၏။

  22. တဖန်ဆင်း၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကို လှသဖြင့်၊ သူငယ် သည် ခုနစ်ကြိမ် ချောဆေး၍ မျက်စိကိုဖွင့်၏။

  23. ဧလိရှဲက၊ သင်သည်သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင် အောင်ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ် ၍ ပြောစေ၏။

  24. နေမန်သည် သွား၍ ဘုရားသခင်၏ လူစီရင် သည်အတိုင်း၊ ယော်ဒန်မြစ်၌ ကိုယ်ကိုခုနစ်ကြိမ်နှစ် သဖြင့်၊ သူ၏အသားသည် သူငယ်၏အသားကဲ့သို့ ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏။

  25. သို့ဖြစ်၍နေမန်၏ နူနာသည်သင်၌၎င်း၊ သင်၏ သားမြေး၌၎င်း၊ အစဉ်အမြဲစွဲစေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ဖြူလျက်၊ သခင်ထံ မှ ထွက်သွား၏။