Miracles Wrought Through Servants of God အကြောင်း ကျမ်းစာအခန်းငယ်များ: Child restored to life
Child restored to life အကြောင်း အခန်းငယ်များ
ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ် သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊
အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှါ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
သူငယ်၏အနီးအပါးသို့ ချဉ်း၍၊ သူ့အပေါ်မှာအိပ်လျက်နှုတ်ချင်း၊ မျက်လုံးချင်း၊လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ် အသားသည် နွေးစရှိ၏။
တဖန်ဆင်း၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကို လှသဖြင့်၊ သူငယ် သည် ခုနစ်ကြိမ် ချောဆေး၍ မျက်စိကိုဖွင့်၏။