Skip to content

Millennium အကြောင်း ကျမ်းစာအခန်းငယ်များ: General references

41 အခန်းငယ် · 1 ရှုထောင့်

General references အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုဃ်းကောင်းကင် နှင့်မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။

  2. ငါဖန်ဆင်းလတံ့သောအရာကြောင့်၊ သင်တို့ သည် အစဉ်အမြဲ ဝမ်းမြောက်ရွှန်လန်းကြလိမ့်မည်။ ယေရု ရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏။

  3. ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ။

  4. ထိုမြို့၌ အသက်ငယ်သောသူငယ်မရှိရ။ မသက် မပြည့်စုံသော လူအိုလည်းမရှိရ။ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ၍မှတ်ရ၏။ အပြစ်ရှိသော သူသည် အသက်တရာရှိလျက်သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍မှတ်ရ၏။

  5. ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြ လိမ့်မည်။

  6. သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏ လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြ လိမ့်မည်။

  7. ငါရွေးကောက်သော သူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ။ အသက်တိုသော သားကိုမဘွား မမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသောသူဖြစ်ကြလိမ့်မည်။

  8. ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက် စဉ်တွင်ပင် ငါနားထောင်မည်။

  9. တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက် စားကြလိမ့်မည်။ ခြင်္သေ့သည်နွားကဲ့သို့ မြက်ကိုစားလိမ့် မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲ ခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော် မူ၏။

  10. ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ သင်၏ဂုဏ်အသရေ ကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ်၌ ငါပယ်ရှား မည်။ သင်သည်လည်း ငါ၏သန့်ရှင်းသော တောင်ကို အမှီပြု၍ နောက်တဖန်မာနမထောင်လွှားရ။

  11. နှိမ့်ချဆင်းရဲသော အမျိုးကို သင့်အလယ်၌ ငါချန်ထားမည်။ ထိုသူတို့သည် ထာဝရဘုရား၏ နာမ တော်ကို ခိုလှုံကြလိမ့်မည်။

  12. ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့သည် မတရားသောအမှုကို မပြုရကြ။ မုသာမပြောရကြ။ သူတို့ နှုတ်၌ လှည့်စားတတ်သော လျှာမရှိရ။ အဘယ်သူမျှ မကြောက်စေဘဲ စားသောက်လျက်၊ အိပ်လျက်နေရကြ လိမ့်မည်။

  13. အိုဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်း ကလေးကို စီး၍ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။

  14. ငါသည် ဧဖရိမ်ပြည်၌ ရထားကို၎င်း၊ ယေရု ရှလင်မြို့၌ မြင်းကို၎င်း ပယ်ဖြတ်မည်။ စစ်လေးကိုလည်း ပယ်ဖြတ်မည်။ တပါးအမျိုးသားတို့သည် စစ်ငြိမ်းမည် အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာ တော်လည်း ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင်၎င်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်၎င်း တည်လိမ့်မည်။

  15. ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့တွင် ကျန်ကြွင်းသမျှသော သူတို့သည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကေနေပွဲခံအံ့သောငှါ မြို့တော်သို့ နှစ်တိုင်းအစဉ်တက်လာကြလိမ့်မည်။

  16. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှါ၊ မြို့တော်သို့တက် ၍ မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုဃ်းမရွာရ။

  17. အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက် မလာလျှင်၊ မိုဃ်းမရွာဘဲနေသဖြင့်၊ သကေနေပွဲကို ခံအံ့ သောငှါ တက်၍ မလာသောလူမျိုးတို့၌၊ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည်။

  18. ဤရွေ့ကား၊ သကေနေပွဲကို ခံအံ့သောငှါ တက် ၍ မလာသော အဲဂုတ္တုအမျိုးသား၊ တပါးအမျိုးသား အပေါင်းတို့ ခံရသောအပြစ်ပေတည်း။

  19. ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့် ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည်။

  20. ထိုမျှမက၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၌ ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်းတို့သည်လာ၍၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့မှစ၍ နောက်တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနနိလူမရှိရ။ ပရောဖက်ဇာခရိစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။

  21. ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။

  22. ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အားငါပေးမည်။ သင်သည်မြေကြီးပေါ်မှာ ချည် နှောင်သမျှသည် ကောင်းကင်ဘုံ၌ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်း ကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊

  23. ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တို့နှင့်အတူ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ၍တဖန် ငါမသောက်ရဟု မိန့်တော်မူ၏။

  24. ငါအမှန်ဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌ ငါမသောက်မှီ နေ့တိုင် အောင် ယခုမှစ၍ တဖန်ငါမသောက်ရဟု မိန့်တော်မူ၏။

  25. ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒ မပေးရကြ၊ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင် အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။