- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Kings အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏ မြေကွက်တွင် တွေ့ကြ၏။
ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက။ သင့်အမိယေဇ ဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများ သော ကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊
ယောရံက၊ အိုအာခဇိ၊ ပုန်ကန်မှုပါတကားဟု ဆိုလျက် လှည့်၍ ပြေး၏။
ယေဟုသည်လည်း လေးကိုတင်၍ ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာမှန်၏။ မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာ လဲနေ၏။
ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့ သားနာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။
အကယ်စင်စစ်နာဗုတ်အသွေး၊ သူ့သားတို့၏ အသွေးကို မနေ့က ငါကြည့်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ ဤမြေကွက်၌ သင့်ကို အပြစ်နှင့် အလျောက် ငါဒဏ်ပေးမည်ဟု ထာဝရဘုရားမိန့်တော် မူ၏။ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ရှိသည် အတိုင်း၊ ဤမြေကွက်၌ အလောင်းကိုချပစ်လော့ဟု မိမိရထားမှုဗိဒကကို ဆို၏။
ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည်မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကို ရထားပေါ်မှာ ထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့နား၊ ဂုရမြို့သို့သွားလောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါမြို့သို့ပြေး၍ သေ၏။
သူ၏ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့ တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ၏။
ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ၌ နန်းထိုင်၏။
အာခဇိ၏မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော်၊ ထ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။
သို့ရာတွင် အာခဇိ၏နှမယဟောရံမင်းကြီး သမီးယောရှေဘသည် အာခဇိ၏သား ယောရှကို အသေ ခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိ လက်မှ သူ၏အသက် လွတ်စေခြင်းငှါ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။
ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ပုန်းရှောင်လျက်နေ၍၊ အာသလိသည် စိုးစံလေ၏။
ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံနှစ် ဆယ်သုံးနှစ်တွင်၊ ယေဟုသားယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မရှောင်၊ လိုက်လေ၏။
ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်၍၊ ယောခတ်မင်း လက်ထက် ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့်သူ၏သား ဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ၏။
တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလ အမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည် မြင်၍ယောခတ်စကားကို နားထောင်တော်မူ၏။
ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး၍၊ စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စသဖြင့်၊ မြင်းစီးသူရဲ၊ ငါးကျိပ်၊ ရထားတဆယ်၊ ခြေသည်သူရဲတသောင်းကို သာယောခတ်၌ကြွင်းစေ၏။
ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက်မှထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။
သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကို မရှောင် လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင် ရှိသေး၏။
ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ် တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ၏။
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၍ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သားယေရောဗောင်၏ ဒုစရိုက်အပြစ်ကိုမရှောင်၊ အကုန် အစင်လိုက်လေ၏။
ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင်၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌သင်္ဂြိုဟ်ခြင်း ကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်း တော်အရာ၌နန်းထိုင်၏။