Skip to content

Hypocrisy အကြောင်း ကျမ်းစာအခန်းငယ်များ

246 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူ၌ကျန်ကြွင်းသော သူတို့ကို သေမင်းသင်္ဂြိုဟ် လိမ့်မည်။ သူ၏မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြု ရကြ။

  2. သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊

  3. ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သော်သူသည် ဝတ်ဆင်လိမ့်မည်။ ထိုငွေကို အပြစ်ကင်းသော သူသည် ဝေငှလိမ့်မည်။

  4. သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းတဲကဲ့သို့၎င်း ဖြစ်၏။

  5. ငါသည်လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကိုဝှက်ထားဘူးသဘော။

  6. ထိုသို့ပြုမိလျှင်၊ ကြီးသော ပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။

  7. အဓမ္မသဘောရှိသောသူတို့သည် အမျက် တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသော အခါ မအော်ဟစ်တတ်ကြ။

  8. အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သော သူတို့နှင့်အတူ ဆုံးတတ်ကြ၏။

  9. မတရားသောသူကိုကား၊ သင်သည် ငါ၏အထုံး အဖွဲ့တို့ကို ကြားပြော၍ ငါ၏ပဋိညာဉ်တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ဆိုင်သနည်း။

  10. ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ ငါ့စကား ကို သင့်နောက်၌ ပစ်ထားပါသည်တကား။

  11. ငါ့ကို ကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ် လျှင် သည်းခံနိုင်၏။ ငါ့ကိုရန်ဘက်ပြုသောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် ထိုသူကို ငါရှောင် နိုင်၏။

  12. ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့် ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါအသိအကျွမ်းဖြစ်၏။

  13. အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်း ကို ပြုကြပြီ။ ဘုရားသခင်၏ အိမ်တော်သို့ လူအစုအဝေး နှင့် အတူသွားကြပြီ။

  14. ထိုသို့သောသူသည် မိတ်ဆွေဖြစ်သောသူကို ပြစ်မှား၍ သစ္စာပျက်တတ်၏။

  15. သူ၏စကားသည် ထောပတ်ထက် ချောသော် လည်း၊ စစ်တိုက်မည်ဟုအကြံရှိ၏။ သူ၏စကားသည် ဆီထက်ပြောသော်လည်း၊ ထုတ်သော ထားဖြစ်၏။

  16. သူတို့ကို ကွပ်မျက်တော်မူသောအခါ ကိုယ်တော် ကို ရှာကြ၏။ ပြန်လာ၍ ကိုယ်တော်ကို လိုက်ရှာကြ၏။

  17. ဘုရားသခင်သည် သူတို့၏ကျောက်၊ အမြင့်ဆုံး သော ဘုရားသည် သူတို့ကို ကယ်တင်သော အရှင်ဖြစ် တော်မူသည်ကို ထိုအခါ သတိရကြ၏။

  18. သို့သော်လည်း၊ ကိုယ်တော်ကိုနှုတ်ဖြင့် ချော့မော့ ၍၊ လျှာဖြင့်လည်း မုသာစကားကို လျှောက်ဆိုကြ၏။

  19. သူတို့စိတ်သဘောမူကား၊ ရှေ့တော်၌ မဖြောင့်၊ သစ္စာတော်ကို မစောင့်ဘဲနေကြ၏။

  20. ပြည်တန်ဆာ အဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။

  21. ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။

  22. ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာနေလျက်၊ လမ်း ထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။

  23. ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက်၊

  24. ငါ၌ မိဿဟာယပူဇော်သက္ကာရှိ၏။ ယနေ့ ငါ့ဂတိဝတ်ကို ငါဖြေပြီ။

  25. ထိုကြောင့်သင့်ကို ကြိုဆိုအံ့သောငှါ ငါထွက် လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။