အကြောင်းအရာသို့ ကျော်သွားရန်

Grace of God အကြောင်း ကျမ်းစာအခန်းငယ်များ

77 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။

  2. သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော် သဘောမတူ၊ အကြောင်းမူကား၊ လူ တယောက်သည် ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ၏။ တယောက်သောသူတည်း ဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏ အကျိုးသည်လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏။

  3. ထိုမှတပါး၊ လူတယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာမတူ။ အကြောင်းမူကား၊ တရား စီရင်သောအရာမှာ၊ အပြစ်တခုကြောင့် ဒစ်ခံစေဟု စီရင်၏။ ကျေးဇူးတော်အရာမှာ၊ အပြစ်များလျက်ပင် လွှတ်စေဟုစီရင်၏။

  4. ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရား သည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို၎င်း ခံရသော သူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ် အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရကြလတံ့။

  5. ထိုကြောင့်၊ တယောက်သောသူ၏ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ၊ တယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။

  6. အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ် ရောက်သည်နည်းတူ၊ တယောက်သော သူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။

  7. ထိုမှတပါး၊ ပညတ်တရားသည် တဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ်ပွါးများ၏။ သို့သော်လည်း အပြစ်ပွါး များသည် အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏။

  8. ထိုသို့ဖြစ်လျှင်၊ အပြစ်တရားသည်သေခြင်းအားဖြင့် အစိုးရသည်နည်းတူ၊ ငါတို့သခင်ယေရှုခရစ် ပြုစုတော်မူ၍ ကျေးဇူးတရားသည် ထာဝရအသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ သွင်းခြင်းအားဖြင့် အစိုးရ လေအံ့သတည်း။

  9. ထိုမျှမက၊ ရေဗက္ကသည် ငါတို့ အဘဣဇာက်နှင့် စုံဘက်၍ ပဋိသန္ဓေစွဲယူသောအခါ၊

  10. ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသော သူ၏အလိုတော်အားဖြင့်တည်မည် အကြောင်း၊ သားမဘွားမှီ၊ ထိုသားတို့သည် ကောင်းသော အကျင့်၊ မကောင်းသောအကျင့်ကိုမကျင့်မှီ၊

  11. သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။

  12. ထိုသို့နှင့်အညီ၊ ယာကုပ်ကိုငါချစ်၏။ ဧသောကို မုန်း၏ဟု ကျမ်းစာလာသတည်း။

  13. သို့ဖြစ်၍၊ အဘယ်သို့ ပြောရမည်နည်း။ ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူ သလော။ ထိုသို့မပြောရ။

  14. ဘုရားသခင်က၊ ငါသည်ကျေးဇူးပြုလိုသော သူကိုကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနား မည်ဟု မောရှေကို မိန့်တော်မူ၏။

  15. ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင် တော်မူ၏။

  16. ထိုနည်းတူ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေကောက်တော်မူသော အကြွင်းအကျန် ရှိသေး၏။

  17. ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ၊ ရှိလျှင်ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။

  18. အထက်ခရစ်တော်၏ သက်သေကို သင်တို့တွင် တည်စေသည်ရှိသော်၊

  19. သင်တို့သည် ထိုခရစ်တော်အားဖြင့်၊ အရာရာ၌ နှုတ်သတ္တိ၊ ဉာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြ သည်ဖြစ်၍၊

  20. ယေရှုခရစ်အားဖြင့် သင်တို့အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့ အကြောင်းကြောင့် ငါ့ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း၏။

  21. ထိုကြောင့်သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မြော်လင့်၍နေစဉ်၊ ဆုတော် တစုံတခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ၏။

  22. သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ နေ့ရက်၌ အပြစ်တင် စရာအခွင့်နှင့်ကင်းလွတ်မည်အကြောင်း၊ သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။

  23. သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရား သခင်သည်၊

  24. သားတော်၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော် နှင့်အညီသားတော်ကို ငါအားပြတော်မူသောအခါ၊ ငါသည်အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု။

  25. ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကိုချီးမွမ်းစေခြင်းငှါ၊