အကြောင်းအရာသို့ ကျော်သွားရန်

Grace of God အကြောင်း ကျမ်းစာအခန်းငယ်များ

77 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသောစေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။

  2. ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊

  3. ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်းခံရကြ၏။

  4. ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သောအလိုတော်၏ နက်နဲသော အရာကို ငါတို့အား ပြတော်မူ၏။

  5. မိမိစေတနာ၏အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည်ခြင်း ရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။

  6. အကြောင်းမူကား၊ ခရစ်တော်ကို မျှော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်း အကြောင်းဖြစ်သတည်း။

  7. ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။

  8. ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။

  9. ငါသည်အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှါ ဉာဏ်ပညာအမျိုးမျိုးရှိလျက်၊

  10. မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်းကို၎င်း၊

  11. ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။

  12. ထိုသို့ဆိုသော် အကျိုးကိုခံရပြီ၊ စုံလင်ခြင်းသို့ ရောက်ရပြီဟု ငါမဆိုလို၊ အကြင်အကျိုးကိုပေးခြင်းငှါ ခရစ်တော်သည် ငါ့ကို ကိုင်ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး၍ လိုက်သေး၏။

  13. ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း၊ ငါပြုသောအမှုတခုဟူမူကား၊ နောက် ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍၊

  14. ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။

  15. ထိုကြောင့် စုံလင်သောသူရှိသမျှတို့သည် ဤသို့သောသဘောကို စွဲလမ်းရကြမည်။ သင်တို့သည် တစုံတခုသောအရာ၌ သဘောခြားနားလျှင်၊ ထိုအရာကိုပင် ဘုရားသခင် ဘော်ပြတော်မူလိမ့်မည်။

  16. ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်းသော အကျင့်အမျိုးမျိုးတည်း ဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသော ဉာဏ်တိုးပွါးခြင်း ရှိသဖြင့်၎င်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့်၎င်း၊

  17. ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။

  18. ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ။ ငါတို့အဘတည်း ဟူသော ဘုရားသခင်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌ မြဲမြဲခိုင်ခံ့စိမ့်သောငှါ ငါတို့သည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကို၎င်း ၊ သူတပါးအပေါင်းတို့ကို၎င်း ချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။

  19. ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ။ ငါတို့အဘတည်း ဟူသော ဘုရားသခင်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌ မြဲမြဲခိုင်ခံ့စိမ့်သောငှါ ငါတို့သည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကို၎င်း ၊ သူတပါးအပေါင်းတို့ကို၎င်း ချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။

  20. ထိုကြောင့်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍ မတည်ဘဲ၊

  21. ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ် သော အကြောင်းအရာတို့ကိုထား၍၊ စုံလင်သောအဖြစ် သို့ တက်ကြကုန်အံ့။

  22. ဘုရားသခင်အခွင့်ပေးတော်မူလျှင်၊ ငါတို့သည် ထိုသို့ပြုကြမည်။

  23. ထိုကြောင့်၊ သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍၊

  24. အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်းအလိုငှါ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊

  25. ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့။