အကြောင်းအရာသို့ ကျော်သွားရန်

Canaanites အကြောင်း ကျမ်းစာအခန်းငယ်များ: Territory of

11 အခန်းငယ် · 15 ရှုထောင့်

Territory of အကြောင်း အခန်းငယ်များ

  1. သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသော အခါ၊ သင်တို့အမွေခံရသော ခါနာန်ပြည်နယ် အပိုင်း အခြားဟူမူကား၊

  2. တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည် အနား၌ ရှောက်လျှင်၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။

  3. တောင်ဘက်အပိုင်းအခြားသည် တောင် မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် ဇိနရွာသို့ ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇ ရဒ္ဒါရွာ၊ အာဇမုန်ရွာကိုရှောက်သဖြင့်၊

  4. အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကို လိုက် လျက် ပင်လယ်၌ ဆုံးရမည်။

  5. အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက် အပိုင်းအခြား ဖြစ်ရမည်။

  6. မြောက်ဘက်အပိုင်းအခြားသည် ကြီးသော ပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊

  7. ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊

  8. ဇိဖြုန်ရွာကို ရှောက်၍ ဟာဇရေနန်ရွာ၌ ဆုံးရမည်။

  9. အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှ ထွက်၍ ရှေဖံရွာသို့ ရောက်ပြီးလျှင်၊

  10. အဣနရွာအရှေ့၌ ရှောက်၍ ရိဗလရွာသို့ သွား ရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင် အရှေ့ကမ်းကို ရှောက်သဖြင့်၊

  11. ယော်ဒန်မြစ်ကို လိုက်၍ သောဒုံအိုင်၌ ဆုံးရ မည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသော ပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။