Canaanites အကြောင်း ကျမ်းစာအခန်းငယ်များ: Defeat the Israelites
Defeat the Israelites အကြောင်း အခန်းငယ်များ
ဧဟုဒသေသောနောက်၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ရှေ့တော်၌ တဖန် ဒုစရိုက်ကို ပြုသောကြောင့်၊
ထာဝရဘုရားသည် ဟာဇော်မြို့၌ မင်းပြုသော ခါနာန်ရှင်ဘုရင်ရာဘိန်၌ ရောင်းတော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည်ဟာရောရှက်မြို့၌ နေသော သိသရတည်း။
ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲ သောကြောင့်၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ၏။