- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Apostles အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှါ၎င်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူ လျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊
သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။
ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံ တော်သို့ လာကြ၏။
ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှါ၎င်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊
နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါ၎င်း၊ တကျိပ်နှစ်ပါးသောသူတည်းဟူသော၊
ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊
မိုဃ်းကြိုးသားဟု ဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ၏သားနှစ် ယောက်ယာကုပ်နှင့် ယောဟန်၊
အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊
ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ၏။
တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှါ အခွင့် ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ၍၊
သင်တို့သည် တောင်ဝေးတခုမှတပါး လမ်းခရီးတို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့်မုန့် မှစ၍ ခါးပန်း၌ ကြေးငွေကို မယူကြနှင့်။
ခြေနင်းကို စီးကြလော့။ အင်္ကျီနှစ်ထပ်မဝတ်ကြနှင့်ဟု မှာထားတော်မူ၏။
ထိုမှတပါး သင်တို့သည် မည်သည်အိမ်သို့ဝင်လျှင်၊ ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင် နေကြလော့။
အကြင်သူတို့သည် သင်တို့ကို လက်မခံ၊ သင်တို့ ၏ စကားကိုနားမထောင်ဘဲနေ၏။ ထိုသူတို့နေရာ အရပ်မှ ထွက်သွားစဉ်၊ သူတို့တဘက်၌သက်သေဖြစ်စေခြင်းငှါ သင်တို့၏ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြ လော့။ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ ခံရ လတံ့ဟု မိန့်တော်မူ၏။
လှေပေါ်၌ သူတို့ရှိရာသို့ တက်တော်မူလျှင် လေသည်ငြိမ်လေ၏။ ထိုသူတို့သည် အတိုင်းထက်အလွန် မိန်းမောတွေဝေအံ့ဩခြင်းသို့ ရောက်ကြ၏။
အကြောင်းမူကား၊ သူတို့စိတ်နှလုံး မိုက်သည်ဖြစ်၍ မုန့်၌ပြသောတန်ခိုးတော်ကို ပမာဏမပြုကြ။
ယေရှုသည် သိတော်မူလျှင်၊ သင်တို့၌ မုန့်မပါသည်ကိုထောက်၍ အဘယ်ကြောင့်အချင်းချင်း ဆွေး နွေး ပြောဆိုကြသနည်း။ ယခုတိုင်အောင် နှလုံးမသွင်း၊ နားမလည်ကြသလော။ သင်တို့ စိတ်နှလုံးမိုက်သေး သလော။
မျက်စိရှိလျက်ပင် မမြင်၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲနေကြသလော။
တောင်ပေါ်မှာ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မှီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။
တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်း ဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။
အကြောင်းမူကား၊ လူသားသည် လူတို့လက်သို့ အပ်နှံခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။
ခံပြီးမှသုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုအကြောင်းများကို သူတို့သည် နားမလည်သော်လည်း၊ ကိုယ်တော်ကို မမေးမလျှောက်ဝံ့ကြ။
ထိုအခါသူငယ်တို့ကို လက်တော်နှင့် တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ဖြစ်၍၊ တပည့်တော် တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ၏။
ယေရှုသည်မြင်တော်မူလျှင် အမျက်တော်ထွက်၍၊ ထိုသူငယ်တို့ကို ငါ့ထံသို့လာပါစေလေ။ မဆီးတား ကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။