အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 22:5ခရစ်တော် မပေါ်မီ 1452 ခန့်

    အမ္မုန်ပြည်၌ စီးသောမြစ်၏အနားမှာရှိသော ပေသော်မြို့နေ ဗောရသားဗာလမ်ကို ခေါ်ပင့်ခြင်းငှါ၊ သံတမန်တို့ကို စေလွှတ်၍၊ အဲဂုတ္တုပြည်မှ ရောက်လာ သော လူတမျိုးသည် မြေမျက်နှာကို ဖုံးလွှမ်းလျက် ငါ့အနား ၌ နေရာချကြပြီ။

  2. တောလည်ရာကျမ်း 22:6ခရစ်တော် မပေါ်မီ 1452 ခန့်

    သို့ဖြစ်၍၊ ကြွလာပါ။ ဤလူမျိုးသည် ငါ့ထက် အားကြီးသောကြောင့် သူတို့ကို ငါ့အဘို့ ကျိန်ဆဲပါ။ သို့ ပြုလျှင် သူတို့ကို ငါတိုက်၍ ငါ့ပြည်မှ နှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော် ကောင်းကြီးပေးသော သူသည် ကောင်းကြီးမင်္ဂလာခံရသည်ကို၎င်း၊ ကိုယ်တော် ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သောသူဖြစ်သည်ကို၎င်း ငါသိသည်ဟု မှာလိုက်လေ၏။

  3. တောလည်ရာကျမ်း 22:7ခရစ်တော် မပေါ်မီ 1452 ခန့်

    မောဘပြည်သား အသက်ကြီးသူတို့နှင့် မိဒျန် ပြည်သား အသက်ကြီးသူတို့သည် ပြုစားခြင်းလက်ဆောင် ပါလျက်သွား၍၊ ဗာလမ်ထံသို့ ရောက်သောအခါ၊ ဗာလက် မင်းစကားကို ကြားလျှောက်လေ၏။

  4. တောလည်ရာကျမ်း 22:8ခရစ်တော် မပေါ်မီ 1452 ခန့်

    ဗာလမ်က၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦး။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟု ဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာ နေကြ၏။

  5. တောလည်ရာကျမ်း 22:9ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ၍၊ သင်၌ ရှိသော ဤလူတို့သည် အဘယ်သူနည်းဟု မေးတော်မူ လျှင်၊

  6. တောလည်ရာကျမ်း 22:10ခရစ်တော် မပေါ်မီ 1452 ခန့်

    ဗာလမ်က၊ မောဘရှင်ဘုရင် ဇိဖေါ်သား ဗာလက်သည် အကျွန်ုပ်ဆီသို့ လူကို စေလွှတ်၍၊

  7. တောလည်ရာကျမ်း 22:11ခရစ်တော် မပေါ်မီ 1452 ခန့်

    အဲဂုတ္တုပြည်မှ ရောက်လာသော လူအများ သည်၊ မြေမျက်နျာကို ဖုံးလွှမ်းလျက်နေကြပြီ။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲပါ။ သို့ပြုလျှင်၊ သူတို့ကို ငါတိုက်၍ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့် မည်ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင်အား လျှောက် ဆို၏။

  8. တောလည်ရာကျမ်း 22:12ခရစ်တော် မပေါ်မီ 1452 ခန့်

    ဘုရားသခင်ကလည်း၊ သင်သည် ဤလူတို့နှင့် အတူ မလိုက်မသွားရ။ ထိုလူမျိုးကို မကျိန်ဆဲရ။ ကောင်း ကြီးမင်္ဂလာကို ခံရသော လူမျိုးဖြစ်သည်ဟု ဗာလမ်အား မိန့်တော်မူ၏။

  9. တောလည်ရာကျမ်း 22:13ခရစ်တော် မပေါ်မီ 1452 ခန့်

    နံနက်ရောက်မှ၊ ဗာလမ်သည် ထ၍ သင်တို့သည် ကိုယ်ပြည်သို့ ပြန်သွားကြပါလော့။ သင်တို့နှင့်အတူ ငါလိုက်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူဟု ဗာလက်မင်းစေလွှတ်သော အရာရှိတို့အား ပြန်ပြော လေ၏။

  10. တောလည်ရာကျမ်း 22:14ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုအခါ မောဘပြည်အရာရှိတို့သည် ဗာလက် မင်းထံသို့ ပြန်သွား၍၊ ဗာလမ်သည် ကျွန်တော်တို့နှင့် အတူ မလိုက်လိုပါဟု လျှောက်ကြ၏။

  11. တောလည်ရာကျမ်း 22:15ခရစ်တော် မပေါ်မီ 1452 ခန့်

    တဖန် ဗာလက်မင်းသည်၊ အရင်ထက်အရေ အတွက်အားဖြင့် များ၍ အရာအားဖြင့် ဘုန်းကြီးသော မှူးမတ်တို့ကို စေလွှတ်ပြန်သည်အတိုင်း၊

  12. တောလည်ရာကျမ်း 22:16ခရစ်တော် မပေါ်မီ 1452 ခန့်

    သူတို့သည် ဗာလမ်ထံသို့ ရောက်လာ၍ ဇိဖေါ် သားဗာလက်မင်းက၊ ကိုယ်တော်သည် ငါ့ထံသို့ မလာမည် အကြောင်း အဘယ်အဆီးအတားမျှ မရှိပါစေနှင့်။

  13. တောလည်ရာကျမ်း 22:17ခရစ်တော် မပေါ်မီ 1452 ခန့်

    ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။

  14. တောလည်ရာကျမ်း 22:18ခရစ်တော် မပေါ်မီ 1452 ခန့်

    ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ငါကိုး ကွယ်သော ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို လွန်ကျူး၍ အမှုအကြီးအငယ် တစုံတခုကိုမျှ ငါမပြုနိုင်။

  15. တောလည်ရာကျမ်း 22:19ခရစ်တော် မပေါ်မီ 1452 ခန့်

    သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ ထပ်၍ မိန့်တော်မူမည်ကို ငါသိမည်အကြောင်း၊ ယနေ့ည မှာ ဤအရပ်၌ နေကြပါဦးဟု ဗာလက်မင်းကျွန်တို့အား ပြန်ပြော၏။

  16. တောလည်ရာကျမ်း 22:20ခရစ်တော် မပေါ်မီ 1452 ခန့်

    ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ၍၊ ထိုလူတို့သည် သင့်ကိုခေါ်ခြင်းငှါလာလျှင်၊ သူတို့ နှင့်အတူ ထ၍ လိုက်လော့။ သို့ရာတွင် ငါမှာထားသမျှ အတိုင်းသာ ပြုရမည်ဟု မိန့်တော်မူ၏။

  17. တောလည်ရာကျမ်း 22:21ခရစ်တော် မပေါ်မီ 1452 ခန့်

    နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကို ကုန်းနှီး ထင်ပြီးလျှင်၊ မောဘအရာရှိတို့နှင့်အတူ လိုက်လေ၏။

  18. တောလည်ရာကျမ်း 22:22ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုသို့ လိုက်သောကြောင့်၊ ဘုရားသခင် အမျက် တော်ထွက်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူ့ကို ဆီးတားခြင်းငှါ လမ်း၌ ရပ်နေ၏။ ထိုအခါ ဗာလမ် သည် မြည်းကို စီး၍ ငယ်သားနှစ်ယောက်နှင့် သွားစဉ် တွင်၊

  19. တောလည်ရာကျမ်း 22:23ခရစ်တော် မပေါ်မီ 1452 ခန့်

    ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထားကို မိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည် မြင်လျှင်၊ လမ်းလွှဲ၍ လယ်သို့ ဝင်လေ၏။ ဗာလမ်လည်း မြည်းကို လမ်းသို့ ပြန်စေခြင်းငှါ ရိုက်လေ၏။

  20. တောလည်ရာကျမ်း 22:24ခရစ်တော် မပေါ်မီ 1452 ခန့်

    ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ စပျစ်ဥယျာဉ်စောင်ရန်းနှစ်ဘက်စပ်ကြားလမ်း၌ တဖန် ရပ်နေ၏။

  21. တောလည်ရာကျမ်း 22:25ခရစ်တော် မပေါ်မီ 1452 ခန့်

    ထာဝရဘုရား၏ ကောင်းကင်တမန်ကို မြည်း သည် မြင်ပြန်သောအခါ၊ စောင်ရန်းတဘက်၌ တိုး၍ ဗာလမ်၏ခြေကို ဖိလေ၏။ ဗာလမ်လည်း တဖန် ရိုက်ပြန်လေ၏။

  22. တောလည်ရာကျမ်း 22:26ခရစ်တော် မပေါ်မီ 1452 ခန့်

    ထာဝရဘုရား၏ ကောင်းကင်တမန်သည် လွန် သွား၍ လမ်းတဘက်ဘက်မျှ မလွှဲနိုင်အောင် ကျဉ်း မြောင်းသော အရပ်၌ ရပ်နေ၏။

  23. တောလည်ရာကျမ်း 22:27ခရစ်တော် မပေါ်မီ 1452 ခန့်

    မြည်းသည်လည်း ထာဝရဘုရား၏ကောင်းကင် တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက် နေ၏။ ဗာလမ်သည် အမျက်ထွက်၍ တောင်ဝေးနှင့် မြည်းကိုရိုက်လေ၏။

  24. တောလည်ရာကျမ်း 22:28ခရစ်တော် မပေါ်မီ 1452 ခန့်

    ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကို ဖွင့်တော်မူ၍၊ မြည်းက သင်သည် ငါ့ကို သုံးကြိမ်တိုင် အောင် ရိုက်ရမည်အကြောင်း၊ ငါသည် သင်၌ အဘယ်သို့ ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင်၊

  25. တောလည်ရာကျမ်း 22:29ခရစ်တော် မပေါ်မီ 1452 ခန့်

    ဗာလမ်က၊ သင်သည် ငါ့ကို ကျီစားပါသည် တကား။ ငါ၌ ထားရှိပါစေသော။ ထားရှိလျှင် သင့်ကို ယခုသတ်မည်ဟု မြည်းအားဆို၏။