အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 17:11ခရစ်တော် မပေါ်မီ 1471 ခန့်

    မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ပြုလေ၏။

  2. တောလည်ရာကျမ်း 17:12ခရစ်တော် မပေါ်မီ 1471 ခန့်

    ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့ သည် သေကြေပျက်စီးကြပါ၏။ တယောက်မျှမကြွင်း ပျက်စီးရကြပါ၏။

  3. တောလည်ရာကျမ်း 17:13ခရစ်တော် မပေါ်မီ 1471 ခန့်

    ထာဝရဘုရား၏ တဲတော်ကို ချဉ်းကပ်သော သူ တိုင်း သေပါလိမ့်မည်။ အကျွန်ုပ်တို့ ရှိသမျှသည် သေဘေး သင့်၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦးမည်လောဟု မောရှေအား လျှောက်ဆိုကြ၏။

  4. တောလည်ရာကျမ်း 18:1ခရစ်တော် မပေါ်မီ 1471 ခန့်

    တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ သင်နှင့် သင်၏သားမြေးအဆွေအမျိုး တို့သည်၊ သန့်ရှင်းရာဌာနတော်နှင့်ဆိုင်သောအပြစ်၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သော အပြစ်ကို ခံရကြမည်။

  5. တောလည်ရာကျမ်း 18:2ခရစ်တော် မပေါ်မီ 1471 ခန့်

    သင်၏ ဘိုးဘအဆွေအမျိုး၊ လေဝိအမျိုးသား ညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူ ကူညီ၍ အမှုတော် ကို ဆောင်ရွက်စေခြင်းငှါ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။

  6. တောလည်ရာကျမ်း 18:3ခရစ်တော် မပေါ်မီ 1471 ခန့်

    လေဝိသားတို့သည် သင့်ကို၎င်း၊ တဲတော်ရှိသမျှ ကို၎င်း စောင့်ရကြမည်။ သို့ရာတွင် သင်တို့နှင့် သူတို့ သည် သေဘေးလွတ်မည်အကြောင်း၊ သူတို့သည် တဲတော် တန်ဆာ၊ ယဇ်ပလ္လင်တန်ဆာများကို မချဉ်းကပ်ရကြ။

  7. တောလည်ရာကျမ်း 18:4ခရစ်တော် မပေါ်မီ 1471 ခန့်

    သူတို့သည် သင်တို့နှင့်အတူ ကူညီ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ကို စောင့်လျက်၊ တဲတော်အမှု ရှိသမျှကို ထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့ အနီးသို့ မချဉ်းမကပ်ရ။

  8. တောလည်ရာကျမ်း 18:5ခရစ်တော် မပေါ်မီ 1471 ခန့်

    နောက်တဖန် အမျက်တော်ထွက်၍ ဣသရေလ အမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့ သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြ မည်။

  9. တောလည်ရာကျမ်း 18:6ခရစ်တော် မပေါ်မီ 1471 ခန့်

    ထိုသို့ သင်တို့၏ ညီအစ်ကိုလေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ထဲက ရွေးယူ၍၊ ပရိသတ်စည်း ဝေးရာ တဲတော်အမှုကို ထမ်းစေခြင်းငှါ၊ ထာဝရဘုရား အား ပြုသော ပူဇော်သက္ကာကဲ့သို့ သင်တို့အား ငါပေး၏။

  10. တောလည်ရာကျမ်း 18:7ခရစ်တော် မပေါ်မီ 1471 ခန့်

    ထိုကြောင့် သင်နှင့်သင်၏သားတို့သည် ယဇ် ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင် ရွက်စရာအမှုရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင် ရွက်ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရော ဟိတ်အရာကို ငါပေးပြီ။ မဆိုင်သော သူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်ဟု မိန့် တော်မူ၏။

  11. တောလည်ရာကျမ်း 18:8ခရစ်တော် မပေါ်မီ 1471 ခန့်

    တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် သန့် ရှင်းစေ၍ ဆက်ကပ်သမျှသော ပူဇော်သက္ကာတို့အထဲက၊ ငါ့အား ချီးမြှောက်သော ပူဇော်သက္ကာတို့ကို သင်၌အပ်၍၊ သင်နှင့်သင်၏သားတို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ်တရားအားဖြင့် ငါပေး၏။

  12. တောလည်ရာကျမ်း 18:9ခရစ်တော် မပေါ်မီ 1471 ခန့်

    မီးသို့မရောက်၊ သန့်ရှင်းသော အရာထဲက သင် တို့ဆိုင်သောအရာဟူမူကား၊ ဣသရေလအမျိုးသား လှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ပူဇော်လေသမျှတို့သည် သင်နှင့် သင် ၏သားတို့အဘို့ သန့်ရှင်းရကြမည်။

  13. တောလည်ရာကျမ်း 18:10ခရစ်တော် မပေါ်မီ 1471 ခန့်

    သန့်ရှင်းရာဌာန၌ စားရမည်။ ယောက်ျား အပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ သင်တို့အဘို့ သန့်ရှင်းပေ၏။

  14. တောလည်ရာကျမ်း 18:11ခရစ်တော် မပေါ်မီ 1471 ခန့်

    ထိုမှတပါး ဣသရေလအမျိုးသားတို့ ပူဇော် သော ချီမြှောက်ရာ ပူဇော်သက္ကာ၊ ချီလွှဲရာ ပူဇော်သက္ကာ တို့ကို၊ သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ။ သင့်အိမ်၌ သန့်ရှင်းသော သူ အပေါင်းတို့သည် စားရသောအခွင့်ရှိ၏။

  15. တောလည်ရာကျမ်း 18:12ခရစ်တော် မပေါ်မီ 1471 ခန့်

    ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော်သမျှ အကောင်းဆုံးသောဆီ၊ အကောင်းဆုံး သော စပျစ်ရည်၊ အကောင်းဆုံးသော ဂျုံစပါးကို သင်တို့ အား ငါပေးပြီ။

  16. တောလည်ရာကျမ်း 18:13ခရစ်တော် မပေါ်မီ 1471 ခန့်

    ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင်ဆိုင်ရမည်။ သင့်အိမ်၌ သန့်ရှင်းသော သူအပေါင်းတို့သည် စားရသောအခွင့် ရှိ၏။

  17. တောလည်ရာကျမ်း 18:14ခရစ်တော် မပေါ်မီ 1471 ခန့်

    ဣသရေလအမျိုး၌ ကျိန်ဆို၍ ပူဇော်သမျှတို့ကို လည်း သင်ဆိုင်ရမည်။

  18. တောလည်ရာကျမ်း 18:15ခရစ်တော် မပေါ်မီ 1471 ခန့်

    အဦးဘွားသောသား၊ လူဖြစ်စေ၊ တိရစ္ဆာန် ဖြစ်စေ၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည်။ သို့ရာတွင် လူ၏သားဦးနှင့် မစင်ကြယ် သော တိရစ္ဆာန်၏သားဦးကို အမှန်ရွေးရမည်။

  19. တောလည်ရာကျမ်း 18:16ခရစ်တော် မပေါ်မီ 1471 ခန့်

    ရွေးရသော သားတို့ကို အသက်တလလွန်မှ၊ သင်အဘိုး ပြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသော အကျပ်တော်အလိုက် ငွေငါးကျပ်နှင့် ရွေးရမည်။

  20. တောလည်ရာကျမ်း 18:17ခရစ်တော် မပေါ်မီ 1471 ခန့်

    နွားသားဦး၊ သိုးသားဦး၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့် မရွေးရ။ သူ၏အသွေးကို ယဇ် ပလ္လင်ပေါ်မှာ ဖြန်းရမည်။ ဆီဥကိုလည်း ထာဝရဘုရား အဘို့ မွှေးကြိုင်သောအနံ့ရှိစေ၍၊ မီးဖြင့် ပူဇော်သက္ကာ ပြုရမည်။

  21. တောလည်ရာကျမ်း 18:18ခရစ်တော် မပေါ်မီ 1471 ခန့်

    အသားမူကား ချီလွှဲရာပူဇော်သက္ကာ၏ရင်ပတ် နှင့် လက်ျာပခုံးကဲ့သို့ သင့်အဘို့ ဖြစ်ရမည်။

  22. တောလည်ရာကျမ်း 18:19ခရစ်တော် မပေါ်မီ 1471 ခန့်

    ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သက္ကာရှိသမျှ တို့ကို သင်နှင့်သင်၏ သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ။ သင်အစရှိသော သင်၏အမျိုး အနွယ်နှင့်ဆို၍ ထာဝရဘုရား ရှေ့တော်၌ ဆားနှင့်ယှဉ် သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။

  23. တောလည်ရာကျမ်း 18:20ခရစ်တော် မပေါ်မီ 1471 ခန့်

    တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့်ရော၍ ပိုင်သောအဘို့ မရှိရ။ ငါသည်ကား သူတို့တွင် သင်ပိုင်သောအဘို့ သင့်အမွေ ဥစ္စာဖြစ်၏။

  24. တောလည်ရာကျမ်း 18:21ခရစ်တော် မပေါ်မီ 1471 ခန့်

    လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံ စရာ ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို ငါပေးပြီ။

  25. တောလည်ရာကျမ်း 18:22ခရစ်တော် မပေါ်မီ 1471 ခန့်

    ယခုမှစ၍ ဣသရေလအမျိုးသားတို့သည် ကိုယ်အပြစ်ကို ခံ၍ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်အနီးအပါးသို့ မချဉ်းမကပ် ရကြ။