- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တောလည်ရာကျမ်း 18:23ခရစ်တော် မပေါ်မီ 1471 ခန့်
လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲ တော်အမှုကို ဆောင်ရွက်၍၊ ကိုယ်အပြစ်ကို ကိုယ်ခံရကြ မည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အမွေမခံရကြဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်ဖြစ်သတည်း။
- တောလည်ရာကျမ်း 18:24ခရစ်တော် မပေါ်မီ 1471 ခန့်
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား အား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ကို၊ လေဝိသားအမွေခံစရာဘို့ ငါပေးပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။
- တောလည်ရာကျမ်း 18:25ခရစ်တော် မပေါ်မီ 1471 ခန့်
တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ၊
- တောလည်ရာကျမ်း 18:26ခရစ်တော် မပေါ်မီ 1471 ခန့်
သင်တို့အမွေခံစရာ ငါပေးသော ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို သင်တို့သည် ခံယူ သောအခါ၊ ထိုအဘို့ကို ဆယ်ဘို့ဘို့ ပြန်၍ တဘို့ကို ထာဝရ ဘုရားအား ပူဇော်သက္ကာပြုရကြမည်။
- တောလည်ရာကျမ်း 18:27ခရစ်တော် မပေါ်မီ 1471 ခန့်
ထိုပူဇော်သက္ကာကို၊ ကောက်နယ်တလင်းထဲက ယူသော ဆန်စပါးကဲ့သို့၎င်း၊ စပျစ်သီးနယ်ရာ ကျင်းထဲက ယူသောစပျစ်ရည်ကဲ့သို့၎င်း၊ သင်တို့အဘို့ မှတ်ရလိမ့် မည်။
- တောလည်ရာကျမ်း 18:28ခရစ်တော် မပေါ်မီ 1471 ခန့်
ထိုသို့ သင်တို့သည် ဣသရေလအမျိုးသားတို့မှ ခံယူသော ဆယ်ဘို့တဘို့ထဲက၊ ထာဝရဘုရားအား ပူဇော် သက္ကာပြုရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရော ဟိတ်အာရုန်အား လှူရကြမည်။
- တောလည်ရာကျမ်း 18:29ခရစ်တော် မပေါ်မီ 1471 ခန့်
သင်တို့ခံရသမျှသော အလှူတို့အထဲက အကောင်းဆုံးသောအဘို့ သန့်ရှင်းသောအဘို့ကို နှုတ်ယူ ၍ထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည်။
- တောလည်ရာကျမ်း 18:30ခရစ်တော် မပေါ်မီ 1471 ခန့်
သို့ဖြစ်၍ သူတို့အား ဆင့်ဆိုရမည်မှာ၊ လေဝိသား တို့သည် အကောင်းဆုံးသောအဘို့ကို နှုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဘို့ကို ကောက်နယ်တလင်း၏ ကျေးဇူး၊ စပျစ်သီးနယ်ရာကျင်း၏ ကျေးဇူးကဲ့သို့ မိမိတို့အဘို့ မှတ်ရ လိမ့်မည်။
- တောလည်ရာကျမ်း 18:31ခရစ်တော် မပေါ်မီ 1471 ခန့်
ထိုကြွင်းသောအဘို့ကို၊ ကိုယ်တိုင်မှစ၍ အိမ်သူ အိမ်သားတို့သည် စားချင်သောအရပ်ရပ်၌ စားရသော အခွင့်ရှိ၏။ ပရိသတ်စည်းဝေးရာတဲတော်၌ အမှုစောင့် သောအတွက် ငါချသောဆု ဖြစ်၏။
- တောလည်ရာကျမ်း 18:32ခရစ်တော် မပေါ်မီ 1471 ခန့်
အကောင်းဆုံးသော အဘို့ကို နှုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဘို့အားဖြင့် အပြစ်ရောက်စရာအကြောင်း မရှိ။ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ဣသရေလ အမျိုးသားတို့၏ သန့်ရှင်းသော အရာတို့ကို မညစ်ညူးစေ ရဟု မိန့်တော်မူ၏။
- တောလည်ရာကျမ်း 19:1ခရစ်တော် မပေါ်မီ 1471 ခန့်
တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် တို့ကို ခေါ်၍ ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားဟူမူကား၊
- တောလည်ရာကျမ်း 19:2ခရစ်တော် မပေါ်မီ 1471 ခန့်
အပြစ်မပါ၊ တခါမျှ ထမ်းဘိုးမတင်၊ ကွက်ကျား ခြင်းမရှိ၊ အဆင်းနီသော နွားမပျိုကို၊ ဣသရေလအမျိုး သားတို့သည် ဆောင်ခဲ့မည်အကြောင်း ဆင့်ဆိုလော့။
- တောလည်ရာကျမ်း 19:3ခရစ်တော် မပေါ်မီ 1471 ခန့်
ယဇ်ပုရောဟိတ်ဧလာဇာ၌ အပ်၍ တပ်ပြင်သို့ ဆောင်သွားပြီးမှ၊ သူ့ရှေ့၌ အခြားသူ သတ်ရမည်။
- တောလည်ရာကျမ်း 19:4ခရစ်တော် မပေါ်မီ 1471 ခန့်
ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကို လက် နှင့်ယူ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး၌ ခုနစ် ကြိမ် ဖြန်းရမည်။
- တောလည်ရာကျမ်း 19:5ခရစ်တော် မပေါ်မီ 1471 ခန့်
ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ၏ အရေ၊ အသား၊ အသွေး၊ ချေးနုနှင့်တကွ တကောင်လုံးကို အခြား သူသည် မီးရှို့ရမည်။
- တောလည်ရာကျမ်း 19:6ခရစ်တော် မပေါ်မီ 1471 ခန့်
ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသော အထည်ကို ယူ၍၊ နွားမ မီးလောင်ရာထဲသို့ ပစ်ချရမည်။
- တောလည်ရာကျမ်း 19:7ခရစ်တော် မပေါ်မီ 1471 ခန့်
ထိုနောက် မိမိအဝတ်ကို လျှော်၍ ကိုယ်ကို လည်း ရေချိုးပြီးမှ၊ တပ်ထဲသို့ဝင်၍ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။
- တောလည်ရာကျမ်း 19:8ခရစ်တော် မပေါ်မီ 1471 ခန့်
မီးရှို့သော သူသည်လည်း၊ မိမိအဝတ်ကို လျှော် ၍ ကိုယ်ကိုလည်း ရေချိုးပြီးမှ၊ ညဦးတိုင်အောင် မစင် ကြယ် ဖြစ်လိမ့်မည်။
- တောလည်ရာကျမ်း 19:9ခရစ်တော် မပေါ်မီ 1471 ခန့်
စင်ကြယ်သောသူ တစုံတယောက်သည် နွားမ၏ ပြာကို စုသိမ်း၍၊ တပ်ပြင်မှာ စင်ကြယ်သော အရပ်၌ ထားရမည်။ ဣသရေလအမျိုး ပရိသတ်အဘို့ စင်ကြယ် စေသော ရေဘော်ဘို့၊ ထိုပြာကို သိုထားရမည်။ အပြစ်နှင့် ကင်းစင်စေစရာဘို့ဖြစ်သတည်း။
- တောလည်ရာကျမ်း 19:10ခရစ်တော် မပေါ်မီ 1471 ခန့်
နွားမ၏ပြာကို စုသိမ်းသောသူသည်လည်း၊ မိမိ အဝတ်ကိုလျှော်၍ ညဦးတိုင်အောင် မစင်ကြယ် ဖြစ်လိမ့် မည်။ ဤရွေ့ကား၊ ဣသရေလအမျိုးသား၊ တည်းခိုသော တပါးအမျိုးသားတို့သည် အစဉ်အမြဲ စောင့်ရသော ပညတ်ဖြစ်သတည်း။
- တောလည်ရာကျမ်း 19:11ခရစ်တော် မပေါ်မီ 1471 ခန့်
လူသေကောင်ကို ထိသောသူသည် ခုနစ်ရက် မစင်ကြယ်ဖြစ်လိမ့်မည်။
- တောလည်ရာကျမ်း 19:12ခရစ်တော် မပေါ်မီ 1471 ခန့်
သုံးရက်မြောက်သောနေ့၌ ထိုပြာနှင့် ကိုယ်ကို သန့်ရှင်းစေ၍၊ ခုနစ်ရက်မြောက်သောနေ့၌ စင်ကြယ်လိမ့် မည်။ သုံးရက်မြောက်သောနေ့၌ ကိုယ်ကို မသန့်ရှင်းစေ လျှင်၊ ခုနစ်ရက်မြောက်သောနေ့တိုင်အောင် မစင် ကြယ်ရ။
- တောလည်ရာကျမ်း 19:13ခရစ်တော် မပေါ်မီ 1471 ခန့်
လူသေကောင်ကိုထိ၍ ကိုယ်ကို မသန့်ရှင်းစေ သောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ ၏။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။ စင် ကြယ်စေသောရေဖြန်းခြင်းကို မခံသောကြောင့် မစင် ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့ မရောက်သေး။
- တောလည်ရာကျမ်း 19:14ခရစ်တော် မပေါ်မီ 1471 ခန့်
တဲ၌လူသေလျှင် စောင့်ရသောတရားဟူမူကား၊ တဲသို့ဝင်သောသူ၊ တဲ၌ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်ကြလိမ့်မည်။
- တောလည်ရာကျမ်း 19:15ခရစ်တော် မပေါ်မီ 1471 ခန့်
မဖုံးဘဲ ဖွင့်ထားသောအိုးရှိသမျှတို့သည်လည်း မစင်ကြယ်ဖြစ်ကြလိမ့်မည်။