အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 9:44ခရစ်နှစ် 32 ခန့်

    ထိုသို့ယေရှုပြုတော်မူသမျှကို လူအပေါင်းတို့သည် အံ့ဩချီးမွမ်းကြစဉ် တပည့်တော်တို့အား၊ သင်တို့ သည် ငါ့စကားကို နားထောင်မှတ်မိကြလော့။ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီဟု မိန့်တော် မူ၏။

  2. ရှင်လုကာခရစ်ဝင် 9:45ခရစ်နှစ် 32 ခန့်

    ထိုစကားတော်၏ အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည်မရိပ်မိဘဲနေကြ၏။ အနက် ကိုလည်းမမေးမလျှောက်ဝံ့ကြ။

  3. ရှင်လုကာခရစ်ဝင် 9:46ခရစ်နှစ် 32 ခန့်

    ထိုအခါ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။

  4. ရှင်လုကာခရစ်ဝင် 9:47ခရစ်နှစ် 32 ခန့်

    ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တယောက်ကိုယူ၍ မိမိအနား၌ထားပြီးမှ၊

  5. ရှင်လုကာခရစ်ဝင် 9:48ခရစ်နှစ် 32 ခန့်

    အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောသူကိုပင်လက်ခံ၏။ သင်တို့တွင် အငယ်ဆုံး သောသူ သည်သာ၍ကြီးမြတ်သော သူဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

  6. ရှင်လုကာခရစ်ဝင် 9:49ခရစ်နှစ် 32 ခန့်

    ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သောသူ တယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ် တားကြပါ၏ဟု လျှောက်သော်၊

  7. ရှင်လုကာခရစ်ဝင် 9:50ခရစ်နှစ် 32 ခန့်

    ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ သင်တို့ ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ရှိသည်ဟု မိန့်တော်မူ၏။

  8. ရှင်လုကာခရစ်ဝင် 9:51ခရစ်နှစ် 32 ခန့်

    ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန်ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွ အံ့သောငှါ သဘောထားတော်မူ၏။

  9. ရှင်လုကာခရစ်ဝင် 9:52ခရစ်နှစ် 32 ခန့်

    ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင့်၊ သူတို့သည် ကိုယ်တော်၏အဘို့ကို ပြင်ဆင် ခြင်းငှါသွား၍ ရှမာရိရွာတရွာသို့ဝင်ကြ၏။

  10. ရှင်လုကာခရစ်ဝင် 9:53ခရစ်နှစ် 32 ခန့်

    ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည် ထောက်၍ လက်မခံကြ။

  11. ရှင်လုကာခရစ်ဝင် 9:54ခရစ်နှစ် 32 ခန့်

    ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်းစေခြင်းငှါ အလိုရှိတော်မူသလောဟု လျှောက် ကြသော်၊

  12. ရှင်လုကာခရစ်ဝင် 9:55ခရစ်နှစ် 32 ခန့်

    ယေရှုသည် လှည့်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည်လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှါကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊

  13. ရှင်လုကာခရစ်ဝင် 9:56ခရစ်နှစ် 32 ခန့်

    အခြားသောရွာသို့ကြွတော်မူ၏။

  14. ရှင်လုကာခရစ်ဝင် 9:57ခရစ်နှစ် 32 ခန့်

    လမ်း၌သွားကြစဉ် လူတဦးက၊ သခင် ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။

  15. ရှင်လုကာခရစ်ဝင် 9:58ခရစ်နှစ် 32 ခန့်

    ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။

  16. ရှင်လုကာခရစ်ဝင် 9:59ခရစ်နှစ် 32 ခန့်

    အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော်၊

  17. ရှင်လုကာခရစ်ဝင် 9:60ခရစ်နှစ် 32 ခန့်

    ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံ တော်၏အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။

  18. ရှင်လုကာခရစ်ဝင် 9:61ခရစ်နှစ် 32 ခန့်

    အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အကျွန်ုပ်အိမ်၌ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့်ပန်ပါရစေဟု လျှောက်လျှင်၊

  19. ရှင်လုကာခရစ်ဝင် 9:62ခရစ်နှစ် 32 ခန့်

    ယေရှုက၊ ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့်၍ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ၏။

  20. ရှင်လုကာခရစ်ဝင် 10:1ခရစ်နှစ် 32 ခန့်

    ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ၍၊ ကိုယ် တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ၏။

  21. ရှင်လုကာခရစ်ဝင် 10:2ခရစ်နှစ် 32 ခန့်

    သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည်နည်းကြ၏။ ထို ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင် စေလွှတ်တော်မူမည်အကြောင်း ဆုတောင်း ကြလော့။

  22. ရှင်လုကာခရစ်ဝင် 10:3ခရစ်နှစ် 32 ခန့်

    သင်တို့သွားလေသည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေ လွှတ်၏။

  23. ရှင်လုကာခရစ်ဝင် 10:4ခရစ်နှစ် 32 ခန့်

    ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မ ဆက်ကြနှင့်။

  24. ရှင်လုကာခရစ်ဝင် 10:5ခရစ်နှစ် 32 ခန့်

    မည်သည့်အိမ်သို့ ဝင်သောအခါ၊ ဤအိမ်၌ မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြလော့။

  25. ရှင်လုကာခရစ်ဝင် 10:6ခရစ်နှစ် 32 ခန့်

    ထိုအိမ်၌မင်္ဂလာသားရှိလျှင်၊ သင်တို့မြွက်သော မင်္ဂလာသည်တည်လိမ့်မည်။