အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 9:19ခရစ်နှစ် 32 ခန့်

    လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍၎င်း၊ အချို့က၊ ရှေးပရောဖက် တပါးပါးထပြန်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊

  2. ရှင်လုကာခရစ်ဝင် 9:20ခရစ်နှစ် 32 ခန့်

    သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော် သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။

  3. ရှင်လုကာခရစ်ဝင် 9:21ခရစ်နှစ် 32 ခန့်

    ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော် မူ၏။

  4. ရှင်လုကာခရစ်ဝင် 9:22ခရစ်နှစ် 32 ခန့်

    ထိုမှတပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။

  5. ရှင်လုကာခရစ်ဝင် 9:23ခရစ်နှစ် 32 ခန့်

    ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကို ကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။

  6. ရှင်လုကာခရစ်ဝင် 9:24ခရစ်နှစ် 32 ခန့်

    အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။

  7. ရှင်လုကာခရစ်ဝင် 9:25ခရစ်နှစ် 32 ခန့်

    ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ ကိုယ်ကို ကိုယ်ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည်။

  8. ရှင်လုကာခရစ်ဝင် 9:26ခရစ်နှစ် 32 ခန့်

    အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ဘုန်းကို ဆောင်လျက်ကြွလာသောအခါ၊ ထိုသူကို ရှက်တော် မူလတံ့။

  9. ရှင်လုကာခရစ်ဝင် 9:27ခရစ်နှစ် 32 ခန့်

    ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်မှီ သေ ခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။

  10. ရှင်လုကာခရစ်ဝင် 9:28ခရစ်နှစ် 32 ခန့်

    ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည်ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကိုခေါ်၍ ဆုတောင်းခြင်းငှါ တောင်ပေါ်သို့ တက်ကြွတော်မူ၏။

  11. ရှင်လုကာခရစ်ဝင် 9:29ခရစ်နှစ် 32 ခန့်

    ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက်ဖြူ၏။

  12. ရှင်လုကာခရစ်ဝင် 9:30ခရစ်နှစ် 32 ခန့်

    မောရှေနှင့်ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့်ထင်ရှား၍၊

  13. ရှင်လုကာခရစ်ဝင် 9:31ခရစ်နှစ် 32 ခန့်

    ကိုယ်တော်နှင့်အတူဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေ့တော်မူမည်အကြောင်းအရာကို ပြော ကြ၏။

  14. ရှင်လုကာခရစ်ဝင် 9:32ခရစ်နှစ် 32 ခန့်

    ပေတရုနှင့် သူ၏အဘော်တို့သည် မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်း အသရေတော်ကို၎င်း၊ ကိုယ်တော်နှင့် ရပ်နေသောလူနှစ်ယောက်ကို၎င်း မြင်ကြ၏။

  15. ရှင်လုကာခရစ်ဝင် 9:33ခရစ်နှစ် 32 ခန့်

    ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ် တော်ဘို့တဲတဆောင်၊ မောရှေဘို့တဆောင်။ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။

  16. ရှင်လုကာခရစ်ဝင် 9:34ခရစ်နှစ် 32 ခန့်

    ထိုသို့လျှောက်ပြီးမှ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည်တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊

  17. ရှင်လုကာခရစ်ဝင် 9:35ခရစ်နှစ် 32 ခန့်

    ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော် ဖြစ်လေ၏။

  18. ရှင်လုကာခရစ်ဝင် 9:36ခရစ်နှစ် 32 ခန့်

    ထိုအသံတော်ဖြစ်သည် ခဏခြင်းတွင်၊ ယေရှုသည် တယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့ သည် မိမိတို့မြင်သောအရာကိုဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှမကြားမပြောဘဲနေကြ၏။

  19. ရှင်လုကာခရစ်ဝင် 9:37ခရစ်နှစ် 32 ခန့်

    နက်ဖြန်နေ့၌ တောင်ပေါ်ကဆင်းကြပြီးလျှင်၊ များစွာသောလူအစုအဝေးသည် ကိုယ်တော်ကို ခရီး ဦးကြိုပြု၏။

  20. ရှင်လုကာခရစ်ဝင် 9:38ခရစ်နှစ် 32 ခန့်

    လူအစုအဝေး၌ ပါသောသူတယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်၏သားကို ကြည့်ရှုတော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်၌ သားတယောက်တည်းရှိပါ၏။

  21. ရှင်လုကာခရစ်ဝင် 9:39ခရစ်နှစ် 32 ခန့်

    နတ်ဘမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ်၍၊ အမြှုတ်ထွက်လျက်တောင့်မာခြင်းသို့ ရောက်တတ် ပါ၏။ ထိုသို့ နာကျင်စွာနှိပ်စက်ပြီးမှ နတ်သည်အလွန် သွားခဲ၏။

  22. ရှင်လုကာခရစ်ဝင် 9:40ခရစ်နှစ် 32 ခန့်

    ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်တောင်းပန်သော်လည်း သူတို့ သည် မတတ်နိုင်ကြပါဟု အော်ဟစ်လျက် လျှောက်လေ၏။

  23. ရှင်လုကာခရစ်ဝင် 9:41ခရစ်နှစ် 32 ခန့်

    ယေရှုကလည်း၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည်သင်တို့နှင့်အတူ အဘယ်မျှ ကာလ ပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှ ကာလပတ်လုံး သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ ယူခဲ့ဟု မိန့်တော်မူ၏။

  24. ရှင်လုကာခရစ်ဝင် 9:42ခရစ်နှစ် 32 ခန့်

    သူငယ်လာစဉ်ပင်နတ်ဆိုးသည် မြေပေါ်မှာလှဲ၍ တောင့်မာစေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ၍ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအား အပ်ပေးတော်မူ၏။

  25. ရှင်လုကာခရစ်ဝင် 9:43ခရစ်နှစ် 32 ခန့်

    လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်းရှိကြ၏။