အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 10:7ခရစ်နှစ် 32 ခန့်

    သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ ထိုအိမ်နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြ လော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ၏။ တအိမ်မှ တအိမ်သို့လှည့်လည်၍ မ သွားကြနှင့်။

  2. ရှင်လုကာခရစ်ဝင် 10:8ခရစ်နှစ် 32 ခန့်

    အကြင်မြို့သို့သင်တို့ဝင်၍ မြို့သားတို့သည်လက်ခံ၏။ ထိုမြို့၌သင်တို့ရှေ့မှာထည့်သမျှကို စားကြ လော့။

  3. ရှင်လုကာခရစ်ဝင် 10:9ခရစ်နှစ် 32 ခန့်

    လူနာများကို ချမ်းသာပေးကြလော့။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ တည်ထောင်သော အချိန်နီးပြီဟု သူတို့အား ဟောပြောကြလော့။

  4. ရှင်လုကာခရစ်ဝင် 10:10ခရစ်နှစ် 32 ခန့်

    အကြင်မြို့သို့ ဝင်၍မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏လမ်းသို့ ထွက်ပြီးလျှင်၊ ငါတို့၌ကပ်သော သင်တို့မြို့၏ မြေမှုန့်ကို ငါတို့ခါလိုက်၏။

  5. ရှင်လုကာခရစ်ဝင် 10:11ခရစ်နှစ် 32 ခန့်

    သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အနီးသို့ရောက်ကြောင်းကို သိမှတ်ကြဟု သူတို့အားပြောကြလော့။

  6. ရှင်လုကာခရစ်ဝင် 10:12ခရစ်နှစ် 32 ခန့်

    ငါဆိုသည်ကား၊ နောက်ဆုံးသောနေ့၌ ထိုမြို့သည် သောဒုံမြို့ထက်သာ၍ခံရလတံ့။

  7. ရှင်လုကာခရစ်ဝင် 10:13ခရစ်နှစ် 32 ခန့်

    အိုခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အိုဇက်ဇဲဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ အကြောင်း မူကား၊ သင်တို့တွင် ပြေသောတန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကိုဝတ်၍၊ ပြာထဲမှထိုင်လျက် နောင်တရကြလိမ့်မည်။

  8. ရှင်လုကာခရစ်ဝင် 10:14ခရစ်နှစ် 32 ခန့်

    တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။

  9. ရှင်လုကာခရစ်ဝင် 10:15ခရစ်နှစ် 32 ခန့်

    အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့။

  10. ရှင်လုကာခရစ်ဝင် 10:16ခရစ်နှစ် 32 ခန့်

    သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်၏။ သင်တို့ကို ပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ပယ်သည်ဟု မိန့်တော်မူ၏။

  11. ရှင်လုကာခရစ်ဝင် 10:17ခရစ်နှစ် 32 ခန့်

    ထိုခုနစ်ကျိပ်သော တပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ၍၊ သခင်၊ ကိုယ်တော်၏ နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင် နိုင်ပါသည်ဟု လျှောက်ကြ၏။

  12. ရှင်လုကာခရစ်ဝင် 10:18ခရစ်နှစ် 32 ခန့်

    ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။

  13. ရှင်လုကာခရစ်ဝင် 10:19ခရစ်နှစ် 32 ခန့်

    သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ။

  14. ရှင်လုကာခရစ်ဝင် 10:20ခရစ်နှစ် 32 ခန့်

    သို့သော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်၊ သင်တို့၏ နာမည်များ သည် ကောင်းကင်စာရင်း၌ ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ၏။

  15. ရှင်လုကာခရစ်ဝင် 10:21ခရစ်နှစ် 32 ခန့်

    ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်း စိတ်ရှိသဖြင့်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူ သောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထား လျက် သူငယ်တို့အားဘော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလိုတော် ရှိသောကြောင့် မှန်ပါ၏။ အဘ။

  16. ရှင်လုကာခရစ်ဝင် 10:22ခရစ်နှစ် 32 ခန့်

    ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူဖြစ် သည်ကို ခမည်းတော်မှတပါးအဘယ်သူမျှမသိ။ ခမည်းတော်ကားအဘယ်သူဖြစ်တော်မူသည်ကို၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။

  17. ရှင်လုကာခရစ်ဝင် 10:23ခရစ်နှစ် 32 ခန့်

    ထိုအခါတပည့်တော်တို့ကိုလှည့်ကြည့်၍၊ ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင် တို့မျက်စိသည် မင်္ဂလာရှိ၏။

  18. ရှင်လုကာခရစ်ဝင် 10:24ခရစ်နှစ် 32 ခန့်

    ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှါ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ ကြားရသောအရာတို့ကို ကြားခြင်းငှါ အလိုရှိသော်လည်း မကြားရကြ ဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။

  19. ရှင်လုကာခရစ်ဝင် 10:25ခရစ်နှစ် 32 ခန့်

    တရံရောအခါ ကျမ်းတတ်တယောက်သည်ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော်၊

  20. ရှင်လုကာခရစ်ဝင် 10:26ခရစ်နှစ် 32 ခန့်

    ကိုယ်တော်က၊ ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည်အဘယ်သို့ ဘတ်သနည်းဟု မေး တော်မူလျှင်၊

  21. ရှင်လုကာခရစ်ဝင် 10:27ခရစ်နှစ် 32 ခန့်

    ထိုသူက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိ သမျှနှင့် ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက်လေ၏။

  22. ရှင်လုကာခရစ်ဝင် 10:28ခရစ်နှစ် 32 ခန့်

    ကိုယ်တော်ကလည်၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ၏။

  23. ရှင်လုကာခရစ်ဝင် 10:29ခရစ်နှစ် 32 ခန့်

    ထိုသူကလည်၊ အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သောသူဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် လိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော်။

  24. ရှင်လုကာခရစ်ဝင် 10:30ခရစ်နှစ် 32 ခန့်

    ယေရှုက၊ လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ထားပြနှင့်တွေ့ကြုံလေ ၏။ ထားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ နာကျင်စွာ ရိုက်နက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍ သွားကြ၏။

  25. ရှင်လုကာခရစ်ဝင် 10:31ခရစ်နှစ် 32 ခန့်

    ထိုလမ်းသို့ ယဇ်ပုရောဟိတ်တယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍ သွား လေ၏။