အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်ယောဟန်ခရစ်ဝင် 1:51ခရစ်နှစ် 5 ခန့်

    သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရား သခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက်ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတံ့ဟု မိန့်တော်မူ၏။

  2. ရှင်ယောဟန်ခရစ်ဝင် 2:1ခရစ်တော် မပေါ်မီ 4 ခန့်

    သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မဂ်လာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ယေရှု၏ မယ်တော်ရှိ၏။

  3. ရှင်ယောဟန်ခရစ်ဝင် 2:2ခရစ်တော် မပေါ်မီ 4 ခန့်

    ယေရှုနှင့်တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။

  4. ရှင်ယောဟန်ခရစ်ဝင် 2:3ခရစ်တော် မပေါ်မီ 4 ခန့်

    စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။

  5. ရှင်ယောဟန်ခရစ်ဝင် 2:4ခရစ်တော် မပေါ်မီ 4 ခန့်

    ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။

  6. ရှင်ယောဟန်ခရစ်ဝင် 2:5ခရစ်တော် မပေါ်မီ 4 ခန့်

    မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ၏။

  7. ရှင်ယောဟန်ခရစ်ဝင် 2:6ခရစ်တော် မပေါ်မီ 4 ခန့်

    ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဘို့အလိုငှါ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။

  8. ရှင်ယောဟန်ခရစ်ဝင် 2:7ခရစ်တော် မပေါ်မီ 4 ခန့်

    ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အားမိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံ မတတ်ဖြည့်ကြ၏။

  9. ရှင်ယောဟန်ခရစ်ဝင် 2:8ခရစ်တော် မပေါ်မီ 4 ခန့်

    ယခုခပ်၍ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။

  10. ရှင်ယောဟန်ခရစ်ဝင် 2:9ခရစ်တော် မပေါ်မီ 4 ခန့်

    ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည် ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကို လွှင့်၍၊

  11. ရှင်ယောဟန်ခရစ်ဝင် 2:10ခရစ်တော် မပေါ်မီ 4 ခန့်

    အခြားသောသူမည်သည်ကား၊ ရှေးဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကိုထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။

  12. ရှင်ယောဟန်ခရစ်ဝင် 2:11ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုသို့ယေရှုသည် ရှေးဦးစွာသော ဤနိမိတ်လက္ခဏာကိုဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော် ကိုထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။

  13. ရှင်ယောဟန်ခရစ်ဝင် 2:12ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုနောက် မယ်တော်မှစ၍ညီတော်၊ တပည့်တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ၊

  14. ရှင်ယောဟန်ခရစ်ဝင် 2:13ခရစ်တော် မပေါ်မီ 4 ခန့်

    ယုဒပသခါပွဲခံချိန် နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။

  15. ရှင်ယောဟန်ခရစ်ဝင် 2:14ခရစ်တော် မပေါ်မီ 4 ခန့်

    ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက် ရောင်းသောသူတို့ကို၎င်း၊ ပွဲစားများထိုင်လျက်ရှိသည်ကို၎င်း တွေ့ တော်မူလျှင်၊

  16. ရှင်ယောဟန်ခရစ်ဝင် 2:15ခရစ်တော် မပေါ်မီ 4 ခန့်

    ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကို၎င်း၊ သိုး၊ နွားများကို၎င်း၊ ဗိမာန် တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မျောထားတော်မူ၏၊

  17. ရှင်ယောဟန်ခရစ်ဝင် 2:16ခရစ်တော် မပေါ်မီ 4 ခန့်

    ချိုးငှက်ရောင်းသောသူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြ နှင့်ဟု မိန့်တော်မူ၏။

  18. ရှင်ယောဟန်ခရစ်ဝင် 2:17ခရစ်တော် မပေါ်မီ 4 ခန့်

    ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုးစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။

  19. ရှင်ယောဟန်ခရစ်ဝင် 2:18ခရစ်တော် မပေါ်မီ 4 ခန့်

    ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ၏။

  20. ရှင်ယောဟန်ခရစ်ဝင် 2:19ခရစ်တော် မပေါ်မီ 4 ခန့်

    ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။

  21. ရှင်ယောဟန်ခရစ်ဝင် 2:20ခရစ်တော် မပေါ်မီ 4 ခန့်

    ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ကြ၏။ သင်မူ ကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။

  22. ရှင်ယောဟန်ခရစ်ဝင် 2:21ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု၍မိန့်တော်မူ၏။

  23. ရှင်ယောဟန်ခရစ်ဝင် 2:22ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုကြောင့် သေခြင်းမှ ထမြောက်တော်မူသည်နောက်။ ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိ ကြသဖြင့်၊ ကျမ်းစာကို၎င်း၊ ယေရှု၏ နှုတ်ကပတ်တော်ကို၎င်း ယုံကြ၏။

  24. ရှင်ယောဟန်ခရစ်ဝင် 2:23ခရစ်တော် မပေါ်မီ 4 ခန့်

    ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာ သောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။

  25. ရှင်ယောဟန်ခရစ်ဝင် 2:24ခရစ်တော် မပေါ်မီ 4 ခန့်

    သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။