အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 23:10ခရစ်နှစ် 33 ခန့်

    ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ထ၍ ပြင်းထန်စွာ အပြစ်တင်ကြ၏။

  2. ရှင်လုကာခရစ်ဝင် 23:11ခရစ်နှစ် 33 ခန့်

    ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ယယ်ပြု၍ တင့်တယ်သော အဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ၏။

  3. ရှင်လုကာခရစ်ဝင် 23:12ခရစ်နှစ် 33 ခန့်

    ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်က ရန်ဘက်ဖြစ်ကြ သတည်း။

  4. ရှင်လုကာခရစ်ဝင် 23:13ခရစ်နှစ် 33 ခန့်

    တဖန် ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊

  5. ရှင်လုကာခရစ်ဝင် 23:14ခရစ်နှစ် 33 ခန့်

    ပြည်သူပြည်သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည် ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း၊ သင်တို့ တင်သောအပြစ်တစုံတခုကိုမျှ သူ၌ငါမတွေ့။

  6. ရှင်လုကာခရစ်ဝင် 23:15ခရစ်နှစ် 33 ခန့်

    ဟေရုဒ်မင်းသည်လည်းမတွေ့။ ထိုမင်းထံသို့ ငါပို့စေပြီ။ ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သော အမှုတစုံတခုကိုမျှ မပြု။

  7. ရှင်လုကာခရစ်ဝင် 23:16ခရစ်နှစ် 33 ခန့်

    ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု ဆိုလေ၏။

  8. ရှင်လုကာခရစ်ဝင် 23:17ခရစ်နှစ် 33 ခန့်

    ထိုပွဲ၌ လူများတို့အား တစုံတယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။

  9. ရှင်လုကာခရစ်ဝင် 23:18ခရစ်နှစ် 33 ခန့်

    လူအပေါင်းတို့က၊ ထိုသူကို ထုတ်ပါလော့။ အကျွန်ုပ်တို့အား ဗာရဗ္ဗကို လွှတ်ပါလော့ဟု တညီတညွတ် တည်း ဟစ်ကြော်ကြ၏။

  10. ရှင်လုကာခရစ်ဝင် 23:19ခရစ်နှစ် 33 ခန့်

    ထိုဗာရဗ္ဗကား၊ မြို့၌ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ၌ လှောင် ထားသောသူဖြစ်သတည်း။

  11. ရှင်လုကာခရစ်ဝင် 23:20ခရစ်နှစ် 33 ခန့်

    ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အားတဖန်ပြောဆိုလေ၏။

  12. ရှင်လုကာခရစ်ဝင် 23:21ခရစ်နှစ် 33 ခန့်

    သူတို့ကလည်း၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။

  13. ရှင်လုကာခရစ်ဝင် 23:22ခရစ်နှစ် 33 ခန့်

    ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း။ သေထိုက်သောအပြစ်တစုံတခုမျှ သူ၌ ငါမတွေ့။ ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု သုံးကြိမ်မြောက်အောင်ဆိုလျှင်၊

  14. ရှင်လုကာခရစ်ဝင် 23:23ခရစ်နှစ် 33 ခန့်

    လူများတို့သည် ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ကြီးစွာသောအသံနှင့် ကျပ်ကျပ် တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့၏အသံသည် နိုင်လေ၏။

  15. ရှင်လုကာခရစ်ဝင် 23:24ခရစ်နှစ် 33 ခန့်

    ပိလတ်မင်းသည်လည်း သူတို့တောင်းသည့်အတိုင်း ဖြစ်စေခြင်းငှါ စီရင်၍၊

  16. ရှင်လုကာခရစ်ဝင် 23:25ခရစ်နှစ် 33 ခန့်

    ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကိုသတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူ များတောင်းသည်အတိုင်း လွှတ်ပြီးမှ၊ ယေရှုကို သူတို့ အလိုသို့ အပ်လိုက်လေ၏။

  17. ရှင်လုကာခရစ်ဝင် 23:26ခရစ်နှစ် 33 ခန့်

    ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည် တောရွာမှ လာသည်ကို သူတို့သည်တွေ့လျှင်၊ ဘမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။

  18. ရှင်လုကာခရစ်ဝင် 23:27ခရစ်နှစ် 33 ခန့်

    နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမ အချို့ပါ၏။

  19. ရှင်လုကာခရစ်ဝင် 23:28ခရစ်နှစ် 33 ခန့်

    ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။

  20. ရှင်လုကာခရစ်ဝင် 23:29ခရစ်နှစ် 33 ခန့်

    အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဘူးသောဝမ်းနှင့် သူငယ်မစို့ဘူး သောသားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလရောက်လိမ့်မည်။

  21. ရှင်လုကာခရစ်ဝင် 23:30ခရစ်နှစ် 33 ခန့်

    ထိုအခါ သူတို့က၊ အိုတောင်များတို့၊ ငါတို့အပေါ်သို့ ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြ ပါဟု ခေါ်ကြလိမ့်မည်။

  22. ရှင်လုကာခရစ်ဝင် 23:31ခရစ်နှစ် 33 ခန့်

    အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ ဖြစ်လိမ့်မည် နည်းဟု မိန့်တော်မူ၏။

  23. ရှင်လုကာခရစ်ဝင် 23:32ခရစ်နှစ် 33 ခန့်

    ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက် တို့ကိုလည်း သတ်အံ့သောငှါ ထုတ်သွားကြ၏။

  24. ရှင်လုကာခရစ်ဝင် 23:33ခရစ်နှစ် 33 ခန့်

    ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ျာတော် ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။

  25. ရှင်လုကာခရစ်ဝင် 23:34ခရစ်နှစ် 33 ခန့်

    ယေရှုကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ ဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။