အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နာဟုံအနာဂတ္တိကျမ်း 3:2ခရစ်တော် မပေါ်မီ 713 ခန့်

    နှင်တံနှင့်ရိုက်သံ၊ လှည်းဘီးလိမ့်သံ၊ မြင်းခုန်သံ၊ ရထားပြေးသံကို ကြားရ၏။

  2. နာဟုံအနာဂတ္တိကျမ်း 3:3ခရစ်တော် မပေါ်မီ 713 ခန့်

    မြင်းစီးသူရဲသည် မီးတောက်သော ထား၊ လျှပ် စစ်ပြက်သော လှံကိုချီလျက်၊ တိုက်သောသူရဲအများနှင့် သေသောသူအပုံပုံရှိကြ၏။ အသေကောင်တို့ကို ရေတွက် ၍ မကုန်နိုင်။ လူသေကောင်များကို ထိမိ၍ လဲတတ်ကြ ၏။

  3. နာဟုံအနာဂတ္တိကျမ်း 3:4ခရစ်တော် မပေါ်မီ 713 ခန့်

    အဆင်းလှ၍ ပြုစားတတ်လျက်၊ မတရားသော မေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့်၊ လူအမျိုးမျိုး အနွှယ်နွှယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည်တန်ဆာ မိန်းမသည် မတရားသော မေထုန်ကို ပြုဖန်များပြား သောကြောင့်၊

  4. နာဟုံအနာဂတ္တိကျမ်း 3:5ခရစ်တော် မပေါ်မီ 713 ခန့်

    ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့်တဘက်၌ ငါနေ၏။ သင့်အဝတ် ကို သင်၏မျက်နှာပေါ်မှာ လှန်၍ အတိုင်းတိုင်းအပြည် ပြည်ရှေ့မှာ သင်၌ အချည်းစည်းရှိခြင်း၊ အရှက်ကွဲခြင်းကို ငါပြမည်။

  5. နာဟုံအနာဂတ္တိကျမ်း 3:6ခရစ်တော် မပေါ်မီ 713 ခန့်

    သင်၌ မစင်ကိုပစ်၍ ညစ်ညူးစေပြီးမှ၊ သူတပါး တို့ကြည့်စရာထားမည်။

  6. နာဟုံအနာဂတ္တိကျမ်း 3:7ခရစ်တော် မပေါ်မီ 713 ခန့်

    သင့်ကို မြင်သမျှသော သူတို့က၊ နိနေဝေမြို့ ပျက်စီးပြီ။ အဘယ်သူမြည်တမ်းမည်နည်းဟုဆိုလျက်၊ သင့်ထံမှပြေးကြလိမ့်မည်။ နှစ်သိမ့်စေသော သူတို့ကို သင့်အဘို့ အဘယ်မှာ ငါရှာ၍ ရနိုင်သနည်း။

  7. နာဟုံအနာဂတ္တိကျမ်း 3:8ခရစ်တော် မပေါ်မီ 713 ခန့်

    သင်သည် မြစ်ကြားမှာ တည်သော နောမုန်မြို့ ထက် ကြီးမြတ်သလော။ ထိုမြို့ကို ရေဝိုင်းလျက်၊ ပင်လယ် သည် မြို့ကျုံးဖြစ်၏။ မြို့ရိုးလည်း ပင်လယ်နှင့် စပ် သတည်း။

  8. နာဟုံအနာဂတ္တိကျမ်း 3:9ခရစ်တော် မပေါ်မီ 713 ခန့်

    အဲသယောပိပြည်နှင့် အဲဂုတ္တုပြည်သည် သူ၏ လက်နက်ဖြစ်၏။ ရေတွက်၍ မကုန်နိုင်။ ဖုတပြည်နှင့် လိဗုပြည်လည်း သူ၏လက်နက်အဝင် ဖြစ်၏။

  9. နာဟုံအနာဂတ္တိကျမ်း 3:10ခရစ်တော် မပေါ်မီ 713 ခန့်

    သို့သော်လည်း၊ ထိုမြို့ကို ရန်သူတို့သည် တိုက်၍ သိမ်းသွားကြပြီ။ မြို့သားငယ်တို့ကို လမ်းဦးရှိသမျှတို့၌ ချိုးဖဲ့လျက်၊ ဂုဏ်အသရေရှိသော မြို့သားတို့ကို စာရေးတံ ချလျက်၊ အားကြီးသော မြို့သားအပေါင်းတို့ကို သံကြိုး ဖြင့် ချည်နှောင်လျက် ပြုကြပြီ။

  10. နာဟုံအနာဂတ္တိကျမ်း 3:11ခရစ်တော် မပေါ်မီ 713 ခန့်

    သင်သည်လည်း မိန်းမောတွေဝေလျက် ပုန်း ရှောင်၍ နေရလိမ့်မည်။ ရန်သူ၏လက်နှင့် လွတ်အောင် ခိုင်ခံ့သောအရပ်ကို ရှာရလိမ့်မည်။

  11. နာဟုံအနာဂတ္တိကျမ်း 3:12ခရစ်တော် မပေါ်မီ 713 ခန့်

    သင်၏ရဲတိုက်ရှိသမျှတို့သည် ရှေ့ဦးစွာ မှည့် သော အသီးကို သီးသော သင်္ဘောသဖန်းပင်နှင့် တူကြ လိမ့်မည်။ လှုပ်လျှင် စားချင်သောသူ၏ ပစပ်ထဲသို့ ကျလိမ့်မည်။

  12. နာဟုံအနာဂတ္တိကျမ်း 3:13ခရစ်တော် မပေါ်မီ 713 ခန့်

    သင်၏လူတို့သည် သင့်အလယ်၌ မိန်းမကဲ့သို့ ဖြစ်၍၊ ပြည်တံခါးတို့သည် ရန်သူတို့အား ကျယ်ကျယ်ပွင့် လျက်၊ ကန့်လန့်ကျင်တို့သည် မီးလောင်လိမ့်မည်။

  13. နာဟုံအနာဂတ္တိကျမ်း 3:14ခရစ်တော် မပေါ်မီ 713 ခန့်

    ရန်သူဝိုင်းထားသော ကာလဘို့ ရေကို ခပ်ထား လော့။ ရဲတိုက်တို့ကို ခိုင်ခံ့စေလော့။ ရွံ့ထဲသို့ ဝင်၍ အုတ် မြေကို နင်းနယ်လော့။ အုတ်ဖိုကို ပြင်ဆင်လော့။

  14. နာဟုံအနာဂတ္တိကျမ်း 3:15ခရစ်တော် မပေါ်မီ 713 ခန့်

    ထိုအရပ်၌ပင် သင့်ကို မီးလောင်လိမ့်မည်။ ထား နှင့်ခုတ်ဖြတ်လိမ့်မည်။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည်။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်း ကောင်တို့သည် များသကဲ့သို့ သင်၏လူတို့ကို များပြားစေ ခြင်းငှါ ကြိုးစားလော့။

  15. နာဟုံအနာဂတ္တိကျမ်း 3:16ခရစ်တော် မပေါ်မီ 713 ခန့်

    မိုဃ်းကောင်းကင်ကြယ်များသည်ထက်၊ သင်၏ ကုန်သည်တို့ကို များပြားစေသော်လည်း၊ ယာလက်ကျိုင်း တို့သည် နှံ့ပြား၍ ပျံသွားတတ်ကြ၏။

  16. နာဟုံအနာဂတ္တိကျမ်း 3:17ခရစ်တော် မပေါ်မီ 713 ခန့်

    သင်၏မင်းသားတို့သည် အရာဘကျိုင်းကဲ့သို့၎င်း၊ ဗိုလ်တို့သည် ဂေါဘကျိုင်းကဲ့သို့၎င်းဖြစ်၍၊ ချမ်းသော အခါ စောင်ရန်းနားမှာ ပစ်တတ်ကြ၏။ နေထွက်သော အခါ ပျံသွား၍ အဘယ်အရပ်သို့ ရောက်သည်ကို မသိရ။

  17. နာဟုံအနာဂတ္တိကျမ်း 3:18ခရစ်တော် မပေါ်မီ 713 ခန့်

    အိုအာရှုရိရှင်ဘုရင်၊ သင်၏သိုးထိန်းတို့သည် အိပ်ပျော်လျက်၊ သင်၏မှူးမတ်တို့သည် ကျိန်းဝပ်လျက်၊ သင်၏လူအပေါင်းတို့သည် တောင်ရိုးပေါ်မှာ အရပ်ရပ် သို့ ကွဲပြားလျက်ရှိ၍၊ အဘယ်သူမျှ မစုဝေးစေ။

  18. နာဟုံအနာဂတ္တိကျမ်း 3:19ခရစ်တော် မပေါ်မီ 713 ခန့်

    သင်၏ အနာမပျောက်နိုင်။ ပြင်းစွာခံရ၏။ သင်၏သိတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီး ကြလိမ့်မည်။ အကြောင်းမူကား၊ သင်ပြုသော အဓမ္မအမှု ကို မခံဘဲလွတ်သော သူကား အဘယ်သူနည်း။ ပရောဖက်နာဟုံစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။

  19. ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:1ခရစ်တော် မပေါ်မီ 626 ခန့်

    ပရောဖက်ဟဗက္ကုတ်ခံရသော ဗျာဒိတ်တော် အချက်ဟူမူကား၊

  20. ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:2ခရစ်တော် မပေါ်မီ 626 ခန့်

    အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော် မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါ မည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော် ဟစ်ရပါမည်နည်း။

  21. ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:3ခရစ်တော် မပေါ်မီ 626 ခန့်

    မတရားသောအမှုကို အကျွန်ုပ်အား အဘယ် ကြောင့်ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်း အမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသ နည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။

  22. ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:4ခရစ်တော် မပေါ်မီ 626 ခန့်

    သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင် ဆုံးဖြတ်ခြင်းမရှိပါ။ မတရားသော သူတို့သည် ဖြောင့် မတ်သောသူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ၏။

  23. ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:5ခရစ်တော် မပေါ်မီ 626 ခန့်

    သစ္စာပျက်သောသူတို့၊ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတပါး ပြညွှန်သော်လည်း သင်တို့ မယုံသော အမှုကို သင်တို့လက်ထက်ကာလ၌ ငါပြု၏။

  24. ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:6ခရစ်တော် မပေါ်မီ 626 ခန့်

    ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုး ဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူ ခြင်းငှါ မြေတပြင်လုံး၌ ချီသွားကြလိမ့်မည်။

  25. ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:7ခရစ်တော် မပေါ်မီ 626 ခန့်

    အလွန်ကြောက်မက်ဘွယ်သော သူဖြစ်၍ ကိုယ် အလိုအလျောက်တရားစီရင်ဆုံးဖြတ်ကြ၏။