အကြောင်းအရာသို့ ကျော်သွားရန်

Creation Era

The Great Flood

Humanity's wickedness fills the earth; God preserves Noah and his family through a catastrophic flood.

97 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ် ယုတ်လျော့၍၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ် တို့သည် ပေါ်ကြ၏။

  2. ထိုအရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါကကိုဖွင့်၍၊ ကျီး တကောင်ကို လွှတ်လေ၏။

  3. ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက် မှီတိုင်အောင်၊ သွားလာလျက် နေလေ၏။

  4. တဖန် မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကို သိခြင်းငှါ၊ ချိုးတကောင်ကို လွှတ်ပြန်လေ၏။

  5. မြေတပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘော ထဲသို့သွင်းလေ၏။

  6. တဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန်၏။

  7. ညဦးအချိန်၌ ချိုးသည် နောဧထံသို့ ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့ သောကြောင့်၊

  8. မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တဖန် ချိုးသည် မပြန်မလာနေ၏။

  9. ကမ္ဘာဦးကျမ်း 8:13ခရစ်တော် မပေါ်မီ 2347 ခန့်

    အနှစ်ခြောက်ရာတခု ပဌမလဆန်းတရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊ နောဧသည် သင်္ဘောမိုးကို ပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင်၏။

  10. ကမ္ဘာဦးကျမ်း 8:14ခရစ်တော် မပေါ်မီ 2347 ခန့်

    ဒုတိယလ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင် မြေကြီး သွေ့ခြောက်လေ၏။

  11. ကမ္ဘာဦးကျမ်း 8:15ခရစ်တော် မပေါ်မီ 2347 ခန့်

    ဘုရားသခင်ကလည်း သင်သည် သားမယား၊ ချွေးမတို့နှင့်တကွ၊ သင်္ဘောထဲက ထွက်ဆင်းလော့။

  12. ကမ္ဘာဦးကျမ်း 8:16ခရစ်တော် မပေါ်မီ 2347 ခန့်

    ဘုရားသခင်ကလည်း သင်သည် သားမယား၊ ချွေးမတို့နှင့်တကွ၊ သင်္ဘောထဲက ထွက်ဆင်းလော့။

  13. ကမ္ဘာဦးကျမ်း 8:17ခရစ်တော် မပေါ်မီ 2347 ခန့်

    သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန်၊ ငှက်များ၊ သားများ မြေပေါ်၌ တွားတတ်သောတိရစ္ဆာန်များ တို့သည်၊ မြေပေါ်မှာသားကိုမွေး၍ အလွန် တိုးပွားများပြားမည်အကြောင်း၊ ထိုတိရစ္ဆာန်ရှိသမျှတို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့ဟု၊ နောဧကို မိန့်တော်မူ၏။

  14. ကမ္ဘာဦးကျမ်း 8:18ခရစ်တော် မပေါ်မီ 2347 ခန့်

    ထိုအခါနောဧမှစ၍ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ၏။

  15. ကမ္ဘာဦးကျမ်း 8:19ခရစ်တော် မပေါ်မီ 2347 ခန့်

    သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ ငှက်များ၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှသော အမျိုးမျိုး အပေါင်းတို့သည်လည်း၊ သင်္ဘောထဲက ထွက်ဆင်းကြ၏။

  16. ကမ္ဘာဦးကျမ်း 8:20ခရစ်တော် မပေါ်မီ 2347 ခန့်

    နောဧသည်လည်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲကယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သော ယဇ်ကို ပူဇော်လေ၏။

  17. ကမ္ဘာဦးကျမ်း 8:21ခရစ်တော် မပေါ်မီ 2347 ခန့်

    ထာဝရဘုရားသည်လည်း မွှေးကြိုင်သော အနံ့ကို ခံယူ၍၊ ငါသည် နောက်တဖန်လူတို့အတွက် မြေကြီးကို မကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှ စ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန် ဒဏ်မခတ်။

  18. ကမ္ဘာဦးကျမ်း 8:22ခရစ်တော် မပေါ်မီ 2347 ခန့်

    မြေကြိးမကုန်မှီတိုင်အောင် မျိုးစေ့ကြဲရသော ကာလ၊ အသီးအနှံကို သိမ်းရသောကာလ၊ ချမ်းသော ကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ၏။

  19. ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာ မွေးဘွားလျက် မြေကြီးပြည့်စေကြလော့။

  20. မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။

  21. အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။

  22. သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။

  23. အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့ အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်း တို့၌ ငါတောင်းမည်။ ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်။

  24. အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။

  25. သင်တို့သည် သားကိုဘွား၍များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဘွား၍ များပြားကြလော့ဟု မိန့်တော်မူ၏။