- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 30–62
The Early Church
Pentecost ignites a movement; Peter, Paul, and countless others carry the gospel from Jerusalem to the ends of the earth.
ဤကာလမှ အခန်းငယ်များ
- တမန်တော်ဝတ္ထု 3:3ခရစ်နှစ် 33 ခန့်
ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ဝင်မည် လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲပါဟု တောင်းလေ၏။
- တမန်တော်ဝတ္ထု 3:4ခရစ်နှစ် 33 ခန့်
ထိုအခါပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု၍ ငါတို့အား မျှော်ကြည့်လော့ဟုဆိုလျှင်၊
- တမန်တော်ဝတ္ထု 3:5ခရစ်နှစ် 33 ခန့်
ထိုသူသည်တစုံတခုကို ရမည်ဟုစိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။
- တမန်တော်ဝတ္ထု 3:6ခရစ်နှစ် 33 ခန့်
ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကိုသင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့်ထ၍ လှမ်းသွားလော့ဟုဆိုလျက်၊
- တမန်တော်ဝတ္ထု 3:7ခရစ်နှစ် 33 ခန့်
သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသော ခဏခြင်းတွင်၊ ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကို ရသဖြင့်၊
- တမန်တော်ဝတ္ထု 3:8ခရစ်နှစ် 33 ခန့်
ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။
- တမန်တော်ဝတ္ထု 3:9ခရစ်နှစ် 33 ခန့်
ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည် မြင်သောအခါ၊
- တမန်တော်ဝတ္ထု 3:10ခရစ်နှစ် 33 ခန့်
ထိုသူသည် ဗိမာန်တော်၏တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည် အမှုကိုအံ့ဩမိန်းမောတွေဝေခြင်းရှိ၍၊
- တမန်တော်ဝတ္ထု 3:11ခရစ်နှစ် 33 ခန့်
ထိုသူသည် ပေတရုနှင့် ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင်အမည်ရှိသော ကနားပြင်သို့ပြေးဝင်၍ စုဝေးကြ၏။
- တမန်တော်ဝတ္ထု 3:12ခရစ်နှစ် 33 ခန့်
ပေတရုသည် မြင်လျှင်၊ ဣသရေလလူတို့ အဘယ်ကြောင့် ဤအမှုကို အံ့ဩကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သောအခွင့်ကို ငါတို့သည်ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့်ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း။
- တမန်တော်ဝတ္ထု 3:13ခရစ်နှစ် 33 ခန့်
အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိ သားတော်၏ ဘုန်းကိုထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ်ကြ၏။
- တမန်တော်ဝတ္ထု 3:14ခရစ်နှစ် 33 ခန့်
သန့်ရှင်းဖြောင့်မတ်တော်မူသော သခင်ကိုငြင်းပယ်၍၊ လူအသက်ကို သတ်ခြင်း၊ အပြစ်ရှိသောသူ တယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့်၊
- တမန်တော်ဝတ္ထု 3:15ခရစ်နှစ် 33 ခန့်
အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင် သည် သေခြင်းမှထမြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။
- တမန်တော်ဝတ္ထု 3:16ခရစ်နှစ် 33 ခန့်
ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမတော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်း ကို ပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌စေ့စုံခြင်း အခွင့်ကိုပေး၍ရှိလေပြီ။
- တမန်တော်ဝတ္ထု 3:17ခရစ်နှစ် 33 ခန့်
ယခုလည်း ညီအစ်ကိုတို့၊ သင်တို့မှစ၍ အစိုးရသောသူတို့သည် မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ၏။
- တမန်တော်ဝတ္ထု 3:18ခရစ်နှစ် 33 ခန့်
ခရစ်တော်သည် အသေခံရမည်ဟု ပရောဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင်ဘော်ပြ တော်မူနှင့်သောအမှုကို ထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။
- တမန်တော်ဝတ္ထု 3:19ခရစ်နှစ် 33 ခန့်
ထိုကြောင့်ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊
- တမန်တော်ဝတ္ထု 3:20ခရစ်နှစ် 33 ခန့်
သင်တို့အဘို့အလိုငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
- တမန်တော်ဝတ္ထု 3:21ခရစ်နှစ် 33 ခန့်
ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မှီတိုင်အောင် ကောင်း ကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။
- တမန်တော်ဝတ္ထု 3:22ခရစ်နှစ် 33 ခန့်
ငါတို့ဘိုးဘေးများတို့အားလည်း မောရှေက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ပေါ်ထွန်းတော်မူမည်။ ထိုပရောဖက် ဟောပြောသောအရာတို့ကို သင်တို့သည် နားထောင်ရကြမည်။
- တမန်တော်ဝတ္ထု 3:23ခရစ်နှစ် 33 ခန့်
အကြင်သူသည် ထိုပရောဖက်၏စကားကိုနားမထောင်ဘဲနေအံ့၊ ထိုသူသည် မိမိအမျိုးထဲက ပယ်ရှင်း ခြင်းကို ခံရမည်ဟုဟော၏။
- တမန်တော်ဝတ္ထု 3:24ခရစ်နှစ် 33 ခန့်
ပရောဖက်ရှမွေလမှစ၍ နောက်ဟောသော ပရောဖက်ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောညွှန်ကြပြီ။
- တမန်တော်ဝတ္ထု 3:25ခရစ်နှစ် 33 ခန့်
သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို၊ သင်၏ အမျိုးအနွယ် အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။
- တမန်တော်ဝတ္ထု 3:26ခရစ်နှစ် 33 ခန့်
သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ပယ်ရှားသောသူရှိမျှတို့အား ကောင်းကြီးမင်္ဂလာကို ပေးစေ ခြင်းငှါ ဘုရားသခင်မိမိသားတော် ယေရှုကို ထမြောက်စေတော်မူပြီးလျှင်၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော၏။
- တမန်တော်ဝတ္ထု 4:1ခရစ်နှစ် 33 ခန့်
ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲများတို့သည်လာကြသဖြင့်၊