- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 605–538 BC
The Babylonian Exile
Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.
ဤကာလမှ အခန်းငယ်များ
- ဒံယေလအနာဂတ္တိကျမ်း 7:28ခရစ်တော် မပေါ်မီ 555 ခန့်
ဤရှေ့ကား အနက်အဓိပ္ပါယ်ပေတည်းဟု ဆိုလေ၏။ ငါဒံယေလသည် စိတ်ပူပန်ခြင်းသို့ရောက်၍ မျက်နှာညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း မြင်ရသော အာရုံများကို စိတ်နှလုံးထဲ၌သိုထား၏။
- ဒံယေလအနာဂတ္တိကျမ်း 8:1ခရစ်တော် မပေါ်မီ 553 ခန့်
ဗေလရှာဇာမင်းကြီးနန်းစံ သုံးနှစ်တွင်၊ ငါ ဒံယေလသည် ယခင် ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက်၊ တဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသောအကြောင်းအရာဟူ မူကား၊
- ဒံယေလအနာဂတ္တိကျမ်း 8:2ခရစ်တော် မပေါ်မီ 553 ခန့်
ဧလံပြည်၊ ရူရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိ စဉ်၊ ရူပါရုံထင်ရှား၍၊
- ဒံယေလအနာဂတ္တိကျမ်း 8:3ခရစ်တော် မပေါ်မီ 553 ခန့်
ငါမျှော်ကြည့်သော၊ ရှည်လျားသော ချို နှစ်ချောင်းရှိသော သိုးတကောင်သည် မြစ်တဘက်၌ ရပ် နေ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ ရှည်၏။ သာ၍ ရှည်သောချိုသည် နောက်ပေါက် သတည်း။
- ဒံယေလအနာဂတ္တိကျမ်း 8:4ခရစ်တော် မပေါ်မီ 553 ခန့်
ထိုသိုးသည် အနောက်၊ တောင်၊ မြောက်၊ သုံး မျက်နှာသို့ တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှ မခံနိုင်၊ အဘယ်သူမျှ သူ့လက်မှတ်မကယ်မလွှတ်နိုင်သည် ဖြစ်၍ မိမိအလိုရှိသည့်အတိုင်း ပြုသဖြင့် ကြီးမားခြင်းသို့ ရောက်လာ၏။
- ဒံယေလအနာဂတ္တိကျမ်း 8:5ခရစ်တော် မပေါ်မီ 553 ခန့်
ထိုအမှုကို ငါဆင်ခြင်လျက်နေသောအခါ၊ မျက်စိ နှစ်လုံးကြား၌ ထူးဆန်းသော ချိုတချောင်းရှိသော ဆိတ် တကောင်သည် အနောက်မျက်နှာကလာ၍၊ မြေကို မနင်းဘဲ မြေကြီးတပြင်လုံးကို ကျော်လေ၏။
- ဒံယေလအနာဂတ္တိကျမ်း 8:6ခရစ်တော် မပေါ်မီ 553 ခန့်
ချိုနှစ်ချောင်းနှင့်မြစ်တဘက်၌ ထင်ရှားသော သိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့်ပြေး၍
- ဒံယေလအနာဂတ္တိကျမ်း 8:7ခရစ်တော် မပေါ်မီ 553 ခန့်
အနားသို့ ရောက်သောအခါ၊ ပြင်းစွာ အမျက် ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည်ခံနိုင်သော တန်ခိုးမရှိသည် ဖြစ်၍ ဆိတ်သည် သူ့ကိုမြေ၌ လှဲ၍နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင်။
- ဒံယေလအနာဂတ္တိကျမ်း 8:8ခရစ်တော် မပေါ်မီ 553 ခန့်
သို့ဖြစ်၍၊ ထိုဆိတ်သည် အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ ခွန်အားကြီးသောအခါ ချိုကြီးကျိုးပဲ့၏။ ထိုချိုအရာ၌ ထူးဆန်းသော ချိုလေးချောင်းပေါက်၍၊ မိုဃ်းကောင်းကင်လေးမျက်နှာသို့ မျက်နှာပြုကြ၏။
- ဒံယေလအနာဂတ္တိကျမ်း 8:9ခရစ်တော် မပေါ်မီ 553 ခန့်
ထိုချိုလေးချောင်းတွင် တချောင်းထဲက အခြား သောချိုတက်တ ချောင်းပေါက်ပြန်၍ တောင်မျက်နှာသို့၎င်း၊ အရှေ့မျက်နှာသို့၎င်း၊ သာယာသော ပြည်သို့၎င်း မျက်နှာပြု၍၊ အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။
- ဒံယေလအနာဂတ္တိကျမ်း 8:10ခရစ်တော် မပေါ်မီ 553 ခန့်
ကောင်းကင်ဗိုလ်ခြေတိုင်အောင်ကြီးမား၍၊ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ချ၍ နင်းလေ၏။
- ဒံယေလအနာဂတ္တိကျမ်း 8:11ခရစ်တော် မပေါ်မီ 553 ခန့်
ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင် လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ်၍၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။
- ဒံယေလအနာဂတ္တိကျမ်း 8:12ခရစ်တော် မပေါ်မီ 553 ခန့်
အပြစ်များသောကြောင့် နေ့ရက်အစဉ်ပြုသော ဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍ သမ္မာ တရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏။
- ဒံယေလအနာဂတ္တိကျမ်း 8:13ခရစ်တော် မပေါ်မီ 553 ခန့်
ထိုအခါ သန့်ရှင်းသူတပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတပါးက၊ ယခင်ပြောသော သူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကိုနင်းခြင်း အလိုငှာ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည်အဘယ်မျှ ကာလပတ်လုံး တည်လိမ့် မည်နည်းဟုမေးမြန်းလျှင်၊
- ဒံယေလအနာဂတ္တိကျမ်း 8:14ခရစ်တော် မပေါ်မီ 553 ခန့်
ယခင်ပြောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တဖန်ဆေးကြောသုတ်သင်ကြလိမ့် မည်ဟုပြန်၍ ပြောဆို ၏။
- ဒံယေလအနာဂတ္တိကျမ်း 8:15ခရစ်တော် မပေါ်မီ 553 ခန့်
ငါဒံယေလသည် ထိုရူပါရုံကို မြင်၍ အနက်ကို ရှာဖွေသောအခါ၊ လူသဏ္ဌာန်ရှိသောသူတဦးသည် ငါ့ရှေ့တွင် ရပ်နေ၏။
- ဒံယေလအနာဂတ္တိကျမ်း 8:16ခရစ်တော် မပေါ်မီ 553 ခန့်
အခြားသော သူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခု မြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှါ အနက်ကို ပြန်ပောလော့ဟု၊ ဥလဲ မြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။
- ဒံယေလအနာဂတ္တိကျမ်း 8:17ခရစ်တော် မပေါ်မီ 553 ခန့်
ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင်၊ ငါသည် ကြောက်ရွံ့၍ ပြပ်ဝပ်လျက်နေ၏။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလနှင့်ဆိုင်သည်ဟု ငါ့အား ပြောဆို ၏။
- ဒံယေလအနာဂတ္တိကျမ်း 8:18ခရစ်တော် မပေါ်မီ 553 ခန့်
ထိုသို့ ဆိုသောအခါ ငါသည် မြေပေါ်မှာပြပ်ဝပ်၍ မိန်းမော တွေဝေလျက်နေ၏။ ထိုသူသည်ငါ့ကိုလက်နှင့် တို့၍ ယခင်နေရာ၌ မတ်တတ်နေစေပြီးလျှင်၊
- ဒံယေလအနာဂတ္တိကျမ်း 8:19ခရစ်တော် မပေါ်မီ 553 ခန့်
ဒေါသအမျက်တော်အဆုံး၌ ဖြစ်လတံ့သော အရာကိုငါကြား ပြောဦးမည်။ ချိန်းချက်သောအချိန်၌ လက်စသတ်လိမ့်မည်။
- ဒံယေလအနာဂတ္တိကျမ်း 8:20ခရစ်တော် မပေါ်မီ 553 ခန့်
ချိုနှစ်ချောင်းနှင့် ပေါ်လာသော သိုးသည် မေဒိ ရှင်ဘုရင်၊ ပေရသိရှင်ဘုရင်ဖြစ်၏။
- ဒံယေလအနာဂတ္တိကျမ်း 8:21ခရစ်တော် မပေါ်မီ 553 ခန့်
အမွေးကြမ်းသော ဆိတ်သည် ဟေလသ ရှင်ဘုရင် ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ချိုကြီးသည် ပဌမမင်းဖြစ်၏။
- ဒံယေလအနာဂတ္တိကျမ်း 8:22ခရစ်တော် မပေါ်မီ 553 ခန့်
ထိုချိုကျိုးပဲ့၍၊ သူ့အရာ၌ ချိုလေးချောင်းပေါက် သည်မှာ အရင်နိုင်ငံတွင် နိုင်ငံလေးပါး ထည်ထောင်လိမ့် မည်။ အရင်နိုင်ငံ၏တန်ခိုးနှင့် မပြည့်စုံကြ။
- ဒံယေလအနာဂတ္တိကျမ်း 8:23ခရစ်တော် မပေါ်မီ 553 ခန့်
ထိုနိုင်ငံတို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သော သူတို့၏ အပြစ်ပြည့်စုံသောအခါ၊ ရဲရင့်သော မျက်နှာရှိ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီး တပါး ပေါ်လာလိမ့်မည်။
- ဒံယေလအနာဂတ္တိကျမ်း 8:24ခရစ်တော် မပေါ်မီ 553 ခန့်
ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကြီးလိမ့်မည်။ အထူးသဖြင့် ဖျက်ဆီး၍ တိုးပွား အောင်မြင်လိမ့်မည်။ စွမ်းအားကြီးသော လူစု၊ သန့်ရှင်း သော လူစုကို ပင် ဖျက်ဆီးလိမ့်မည်။