- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446 BC
Sinai & The Law
God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.
ဤကာလမှ အခန်းငယ်များ
- ဝတ်ပြုရာကျမ်း 17:13ခရစ်တော် မပေါ်မီ 1490 ခန့်
ဣသရေလအမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကို သွန်၍ မြေနှင့်ဖုံးရမည်။
- ဝတ်ပြုရာကျမ်း 17:14ခရစ်တော် မပေါ်မီ 1490 ခန့်
အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်း ဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသော ကိုယ်ခန္ဓာ၏ အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်သောကြောင့်၊ အသွေးကို စားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကို ခံရမည်။
- ဝတ်ပြုရာကျမ်း 17:15ခရစ်တော် မပေါ်မီ 1490 ခန့်
အလိုလို သေသောအကောင်၊ သားရဲကိုက်၍သေသော အကောင်၏အသားကို စားသော ကိုယ် အမျိုးသား၊ တပါးအမျိုးသား မည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။
- ဝတ်ပြုရာကျမ်း 17:16ခရစ်တော် မပေါ်မီ 1490 ခန့်
အဝတ်ကို မလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကို ကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော် မူ၏။
- ဝတ်ပြုရာကျမ်း 18:1ခရစ်တော် မပေါ်မီ 1490 ခန့်
တဖန်မောရှေအား ထာဝရဘုရားက၊-
- ဝတ်ပြုရာကျမ်း 18:2ခရစ်တော် မပေါ်မီ 1490 ခန့်
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
- ဝတ်ပြုရာကျမ်း 18:3ခရစ်တော် မပေါ်မီ 1490 ခန့်
သင်တို့ နေဘူးသော အဲဂုတ္တုပြည်၏ အကျင့်ကို၎င်း၊ သင်တို့ကို ငါပို့ဆောင်လတံ့သော ခါနာန်ပြည်၏ အကျင့်ကို၎င်း၊ သင်တို့သည် မကျင့်၊ သူတို့ တရားလမ်းသို့ မလိုက်ရကြ။
- ဝတ်ပြုရာကျမ်း 18:4ခရစ်တော် မပေါ်မီ 1490 ခန့်
ငါစီရင်ချက်ရှိသည်အတိုင်း ကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှါ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
- ဝတ်ပြုရာကျမ်း 18:5ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
- ဝတ်ပြုရာကျမ်း 18:6ခရစ်တော် မပေါ်မီ 1490 ခန့်
သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
- ဝတ်ပြုရာကျမ်း 18:7ခရစ်တော် မပေါ်မီ 1490 ခန့်
သင်၏ အဘနှင့်သာဆိုင်သော သင်၏ အမိကို မချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။
- ဝတ်ပြုရာကျမ်း 18:8ခရစ်တော် မပေါ်မီ 1490 ခန့်
ကိုယ်အဘ၏ မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာဆိုင်၏။
- ဝတ်ပြုရာကျမ်း 18:9ခရစ်တော် မပေါ်မီ 1490 ခန့်
တအိမ်တည်း၌ မွေးဘွားသည်ဖြစ်စေ၊ အခြားသော အရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏ နှမကို မချဉ်းရ။
- ဝတ်ပြုရာကျမ်း 18:10ခရစ်တော် မပေါ်မီ 1490 ခန့်
ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကို မချဉ်းရ။
- ဝတ်ပြုရာကျမ်း 18:11ခရစ်တော် မပေါ်မီ 1490 ခန့်
အမိခြားသော်လည်း တဘတည်းဖြစ်သော နှမကို မချဉ်းရ။
- ဝတ်ပြုရာကျမ်း 18:12ခရစ်တော် မပေါ်မီ 1490 ခန့်
သင့်အဘ၏ ပေါက်ဘော်ရင်းဖြစ်သော အဘ၏ နှမကို၎င်း၊
- ဝတ်ပြုရာကျမ်း 18:13ခရစ်တော် မပေါ်မီ 1490 ခန့်
သင့်အမိ၏ ပေါက်ဘော်ရင်းဖြစ်သော အမိ၏ ညီအစ်မကို၎င်း၊
- ဝတ်ပြုရာကျမ်း 18:14ခရစ်တော် မပေါ်မီ 1490 ခန့်
အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော မိကြီး မိထွေးဖြစ်သော အဘ၏ ညီအစ်ကို မယားကို၎င်း၊
- ဝတ်ပြုရာကျမ်း 18:15ခရစ်တော် မပေါ်မီ 1490 ခန့်
သား၏မယားတည်းဟူသော ချွေးမကို၎င်း၊
- ဝတ်ပြုရာကျမ်း 18:16ခရစ်တော် မပေါ်မီ 1490 ခန့်
ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏ မယားကို၎င်း၊ မချဉ်းရ။
- ဝတ်ပြုရာကျမ်း 18:17ခရစ်တော် မပေါ်မီ 1490 ခန့်
ကိုယ်မယား၏ ပေါက်ဘော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏ မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။
- ဝတ်ပြုရာကျမ်း 18:18ခရစ်တော် မပေါ်မီ 1490 ခန့်
ကိုယ်မယားကို နှောင့်ရှက်ခြင်းငှါ သူအသက်ရှင်စဉ်တွင် သူ၏ ညီအစ်မကို မသိမ်းရ။
- ဝတ်ပြုရာကျမ်း 18:19ခရစ်တော် မပေါ်မီ 1490 ခန့်
ဥတုရောက်၍ မစင်ကြယ်သော မိန်းမကိုလည်း မချဉ်းရ။
- ဝတ်ပြုရာကျမ်း 18:20ခရစ်တော် မပေါ်မီ 1490 ခန့်
ကိုယ်ကို ညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။
- ဝတ်ပြုရာကျမ်း 18:21ခရစ်တော် မပေါ်မီ 1490 ခန့်
သင်၏ သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့် ပူဇော်ရ။ သင်၏ ဘုရားသခင် နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။