အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 18:22ခရစ်တော် မပေါ်မီ 1490 ခန့်

    မိန်းမနှင့် ပေါင်းဘော်သကဲ့သို့ ယောက်ျားချင်း မပေါင်းဘော်ရ။ ရွံရှာဘွယ်အမှုဖြစ်၏။

  2. ဝတ်ပြုရာကျမ်း 18:23ခရစ်တော် မပေါ်မီ 1490 ခန့်

    ကိုယ့်ကိုကိုယ် ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သော ရောနှောခြင်းဖြစ်၏။

  3. ဝတ်ပြုရာကျမ်း 18:24ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသို့သော အမှုအားဖြင့် ကိုယ်ကို ကိုယ် မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုး မျိုးတို့သည်၊ ထိုသို့သောအမှုကို ပြု၍ ညစ်ညူးကြ၏။

  4. ဝတ်ပြုရာကျမ်း 18:25ခရစ်တော် မပေါ်မီ 1490 ခန့်

    သူတို့ ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသော အပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိ သားတို့ကို အော့အန်လိမ့်မည်။

  5. ဝတ်ပြုရာကျမ်း 18:26ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့မူကား၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုပြည်သည် သင်တို့ရှေ့၌ရှိသော လူအမျိုးမျိုးတို့ကို အော့အန်သကဲ့သို့ တဖန် ညစ်ညူးခြင်းကိုခံ၍၊ သင်တို့ကို မအော့အန်စေခြင်းငှါ၊ ကိုယ်အမျိုးသားဖြစ်စေ၊

  6. ဝတ်ပြုရာကျမ်း 18:27ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့တွင် တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ ထိုသို့သော ရွံ့ရှာဘွယ် အမှုတို့ကို မပြုရ။

  7. ဝတ်ပြုရာကျမ်း 18:28ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့ရှေ့၌ရှိသော ပြည်သားတို့သည် ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသော အားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ၏။

  8. ဝတ်ပြုရာကျမ်း 18:29ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသောသူ မည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်း ခံရမည်။

  9. ဝတ်ပြုရာကျမ်း 18:30ခရစ်တော် မပေါ်မီ 1490 ခန့်

    သို့ဖြစ်၍ သင်တို့ရှေ့၌ ပြူဘူးသော ထိုရွံ့ရှာဘွယ် ထုံးစံဓလေ့သို့ သင်တို့သည် လိုက်၍၊ ကိုယ့်ကိုကိုယ် မညစ်ညူးစေခြင်းငှါ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။

  10. ဝတ်ပြုရာကျမ်း 19:1ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်မောရှေအား ထာဝရဘုရားက၊

  11. ဝတ်ပြုရာကျမ်း 19:2ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။

  12. ဝတ်ပြုရာကျမ်း 19:3ခရစ်တော် မပေါ်မီ 1490 ခန့်

    လူတိုင်း ကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ကိုလည်း စောင့်ရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။

  13. ဝတ်ပြုရာကျမ်း 19:4ခရစ်တော် မပေါ်မီ 1490 ခန့်

    ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ။ ကိုယ်အဘို့သွန်းသော ဘုရားတို့ကို မလုပ်ရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။

  14. ဝတ်ပြုရာကျမ်း 19:5ခရစ်တော် မပေါ်မီ 1490 ခန့်

    မိဿဟာယယဇ်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည်။

  15. ဝတ်ပြုရာကျမ်း 19:6ခရစ်တော် မပေါ်မီ 1490 ခန့်

    ပူဇော်သောနေ့နှင့် နက်ဖြန်နေ့၌ စားရမည်။ သန်ဘက်နေ့တိုင်အောင် ကျန်ကြွင်းလျှင် မီးရှို့ရမည်။

  16. ဝတ်ပြုရာကျမ်း 19:7ခရစ်တော် မပေါ်မီ 1490 ခန့်

    သန်ဘက်နေ့၌ အနည်းငယ်ကိုမျှ စားလျှင် ရွံရှာဘွယ်ဖြစ်၏။ စိတ်တော်နှင့်မတွေ့။

  17. ဝတ်ပြုရာကျမ်း 19:8ခရစ်တော် မပေါ်မီ 1490 ခန့်

    စားသောသူသည် ထာဝရဘုရား၏ သန့်ရှင်းသောအရာကို ရှုတ်ချသောကြောင့် မိမိအပြစ်ကို ခံရမည်။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။

  18. ဝတ်ပြုရာကျမ်း 19:9ခရစ်တော် မပေါ်မီ 1490 ခန့်

    ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန်၍ မကောက်မသိမ်းရ။

  19. ဝတ်ပြုရာကျမ်း 19:10ခရစ်တော် မပေါ်မီ 1490 ခန့်

    ကိုယ်စပျစ်သီးကိုလည်း အကုန်အစင် မသိမ်းရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မဆွတ်ရ။ ထိုအသီးကို ဆင်းရဲသောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။

  20. ဝတ်ပြုရာကျမ်း 19:11ခရစ်တော် မပေါ်မီ 1490 ခန့်

    သူ့ဥစ္စာကို မခိုးရ။ သူတပါးကို မလှည့်စားရ။ တယောက်ကိုတယောက် မုသာစကားမပြောရ။

  21. ဝတ်ပြုရာကျမ်း 19:12ခရစ်တော် မပေါ်မီ 1490 ခန့်

    ငါ့နာမကို တိုင်တည်၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကို မပြုရ။ သင်၏ ဘုရားသခင်နာမကို မရှုတ် မချရ။ ငါသည် ထာဝရဘုရား ဖြစ်၏။

  22. ဝတ်ပြုရာကျမ်း 19:13ခရစ်တော် မပေါ်မီ 1490 ခန့်

    ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာကို မတရားသဖြင့် မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှါးခံ ထိုက်သော အခကို တညဉ့်လုံး နံနက်တိုင်အောင် မထားရ။

  23. ဝတ်ပြုရာကျမ်း 19:14ခရစ်တော် မပေါ်မီ 1490 ခန့်

    နားပင်းသော သူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍ လဲစရာကို မထားရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

  24. ဝတ်ပြုရာကျမ်း 19:15ခရစ်တော် မပေါ်မီ 1490 ခန့်

    တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကို မထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည်။

  25. ဝတ်ပြုရာကျမ်း 19:16ခရစ်တော် မပေါ်မီ 1490 ခန့်

    သူ့အသရေပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါသည် ထာဝရဘုရား ဖြစ်၏။