အကြောင်းအရာသို့ ကျော်သွားရန်

circa 1406–1380 BC

Conquest of Canaan

Joshua leads Israel across the Jordan into the promised land, defeating the Canaanite kingdoms one by one.

658 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ယောရှုမှတ်စာ 24:1ခရစ်တော် မပေါ်မီ 1427 ခန့်

    တဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်း တို့ကို ရှေခင်မြို့၌ စည်းဝေးစေ၍၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကို ခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ၏။

  2. ယောရှုမှတ်စာ 24:2ခရစ်တော် မပေါ်မီ 1427 ခန့်

    ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟော ပြောလေသည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ် တို့၏ အဘတေရမှစ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာ လ၌ မြစ်ကြီးတဘက်မှာနေ၍ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကြ၏။

  3. ယောရှုမှတ်စာ 24:3ခရစ်တော် မပေါ်မီ 1427 ခန့်

    သင်တို့အဘ အာဗြဟံကို မြစ်ကြီးတဘက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင်၍ သူ၏ အမျိုးအနွယ်ကို များပြားစေလျက်၊ ဣဇာက်ကို ပေး၏။

  4. ယောရှုမှတ်စာ 24:4ခရစ်တော် မပေါ်မီ 1427 ခန့်

    ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကို ငါပေး၍၊ ဧသောအားလည်း စိရတောင်ကို အပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ၏။

  5. ယောရှုမှတ်စာ 24:5ခရစ်တော် မပေါ်မီ 1427 ခန့်

    မောရှေနှင့်အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူ တို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နှုတ်ဆောင်လေ၏။

  6. ယောရှုမှတ်စာ 24:6ခရစ်တော် မပေါ်မီ 1427 ခန့်

    ထိုသို့ သင်တို့အဘများကို အဲဂုတ္တုပြည်မှ ငါနှုတ် ဆောင်သဖြင့်၊ သူတို့သည် ဧဒုံပင်လယ်သို့ ရောက်၍၊ အဲဂုတ္တုလူတို့သည် ရထားနှင့် မြင်းစီးသူရဲပါလျက် ထိုပင် လယ်တိုင်အောင် လိုက်ကြ၏။

  7. ယောရှုမှတ်စာ 24:7ခရစ်တော် မပေါ်မီ 1427 ခန့်

    ထာဝရဘုရားကို အော်ဟစ်သောအခါ၊ သင်တို့ နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကို ငါထား၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ၏။ အဲဂုတ္တုပြည်၌ ငါပြု သောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ တော၌ လည်း ကာလကြာမြင့်စွာနေရကြ၏။

  8. ယောရှုမှတ်စာ 24:8ခရစ်တော် မပေါ်မီ 1427 ခန့်

    နောက်တဖန် ယော်ဒန်မြစ်အရှေ့ဘက်၌နေ သော အာမောရိလူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင်၍၊ သူတို့သည် စစ်တိုက်သောအခါ သူတို့ကို သင်တို့လက်၌ ငါအပ်၍ သူတို့မြေကို သင်တို့သည် သိမ်းယူကြ၏။ သူတို့ ကို သင်တို့ရှေ့မှ ငါသုတ်သင်ပယ်ရှင်းလေ၏။

  9. ယောရှုမှတ်စာ 24:9ခရစ်တော် မပေါ်မီ 1427 ခန့်

    မောဘရှင်ဘုရင် ဇိဖေါ်၏သား ဗာလက်သည် ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှါ၊ ဗောရ၏သား ဗာလမ်ကို ခေါ်သော အခါ၊

  10. ယောရှုမှတ်စာ 24:10ခရစ်တော် မပေါ်မီ 1427 ခန့်

    ဗာလမ်၏စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ်ကောင်းကြီးပေး၍ သူ့လက်မှ သင်တို့ ကို ငါကယ်လွှတ်လေ၏။

  11. ယောရှုမှတ်စာ 24:11ခရစ်တော် မပေါ်မီ 1427 ခန့်

    တဖန် သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကို စစ်တိုက်၍ သူတို့ ကို သင်တို့လက်၌ ငါအပ်လေ၏။

  12. ယောရှုမှတ်စာ 24:12ခရစ်တော် မပေါ်မီ 1427 ခန့်

    သင်တို့၌ ထားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင် တို့ရှေ့မှ ငါနှင်ထုတ်လေ၏။

  13. ယောရှုမှတ်စာ 24:13ခရစ်တော် မပေါ်မီ 1427 ခန့်

    သင်တို့မလုပ်သောမြေ၊ မတည်သောမြို့တို့ကို ငါပေး၍ သင်တို့သည် နေရကြ၏။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို စားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။

  14. ယောရှုမှတ်စာ 24:14ခရစ်တော် မပေါ်မီ 1427 ခန့်

    ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူ ခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီး တဘက်၌၎င်း၊ အဲဂုတ္တုပြည်၌၎င်း၊ ဘိုးဘေးတို့ဝတ်ပြု သော ဘုရားများကို ပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြု ကြလော့။

  15. ယောရှုမှတ်စာ 24:15ခရစ်တော် မပေါ်မီ 1427 ခန့်

    သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြု သောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ် လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊

  16. ယောရှုမှတ်စာ 24:16ခရစ်တော် မပေါ်မီ 1427 ခန့်

    လူများတို့က အခြားတပါးသောဘုရားတို့ကို ဝတ်ပြုခြင်းငှါ ထာဝရဘုရားကို စွန့်သောအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေသော။

  17. ယောရှုမှတ်စာ 24:17ခရစ်တော် မပေါ်မီ 1427 ခန့်

    ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကို နှုတ်ဆောင်၍၊ ကြီးစွာသော နိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာအရပ်၊ ရှောက်လေရာ ရာလူမျိုးတို့တွင် စောင့်တော်မူပြီ။

  18. ယောရှုမှတ်စာ 24:18ခရစ်တော် မပေါ်မီ 1427 ခန့်

    ထာဝရဘုရားသည်လည်း၊ ဤပြည်၌ နေသော သူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော် မူပြီ။ ထာဝရဘုရားအား ဝတ်ပြုပါမည်။ ထိုဘုရားသည် ငါတို့ဘုရားသခင် ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။

  19. ယောရှုမှတ်စာ 24:19ခရစ်တော် မပေါ်မီ 1427 ခန့်

    ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရား အား ဝတ်မပြုနိုင်။ ထိုဘုရားသည် သန့်ရှင်းသောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင်တို့လွန်ကျူးပြစ်မှားသော အပြစ်တို့ကို သည်းခံတော် မမူ။

  20. ယောရှုမှတ်စာ 24:20ခရစ်တော် မပေါ်မီ 1427 ခန့်

    သင်တို့သည် ထာဝရဘုရားကို စွန့်၍ တကျွန်း တနိုင်ငံ ဘုရားတို့ကို ဝတ်ပြုလျှင်၊ သင်တို့၌ ကျေးဇူးပြုတော် မူပြီးမှ တဖန်လှည့်၍ ညှဉ်းဆဲဖျက်ဆီးတော်မူမည်ဟု ဆို လျှင်၊

  21. ယောရှုမှတ်စာ 24:21ခရစ်တော် မပေါ်မီ 1427 ခန့်

    လူများတို့က၊ မဟုတ်ပါ။ ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်ဟု ပြန်လျှောက်ကြ၏။

  22. ယောရှုမှတ်စာ 24:22ခရစ်တော် မပေါ်မီ 1427 ခန့်

    ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုခြင်းငှါ ထိုဘုရားကို ရွေးကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေခံကြသည်ဟုဆိုလျှင် သူတို့က၊ သက်သေခံ ကြပါ၏ဟု လျှောက်ကြသော်၊

  23. ယောရှုမှတ်စာ 24:23ခရစ်တော် မပေါ်မီ 1427 ခန့်

    ယောရှုက၊ သို့ဖြစ်လျှင်၊ သင်တို့တွင်ရှိသော တကျွန်းတနိုင်ငံဘုရားတို့ကို ပယ်၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကို ညွှတ်ကြ လော့ဟု ဆိုလေ၏။

  24. ယောရှုမှတ်စာ 24:24ခရစ်တော် မပေါ်မီ 1427 ခန့်

    လူများတို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားကို ဝတ်ပြုပါမည်။ စကားတော်ကို နားထောင်ပါ မည်ဟု ဝန်ခံပြီးမှ၊

  25. ယောရှုမှတ်စာ 24:25ခရစ်တော် မပေါ်မီ 1427 ခန့်

    ယောရှုသည် ထိုနေ့၌ လူများတို့နှင့် ပဋိညာဉ်ပြု ၍ ရှေခင်မြို့မှာ စီရင်ထုံးဖွဲ့ချက်ကို ထားလေ၏။