အကြောင်းအရာသို့ ကျော်သွားရန်

Simon

175 အခန်းငယ် · 3 မိသားစုဝင်

အခြားအမည်: Peter, Cephas, Simeon

Simon ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။

  2. ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည် ဟု အကြံရှိသောကြောင့်၊ သင်နှင့် တကွသင်၏ ငွေသည်ပျက်စီးခြင်းသို့ ရောက်ပါစေ။

  3. ပေတရုသည် အရပ်ရပ်တို့ကို လှည့်လည်သည် တွင် သန့်ရှင်းသူ တို့ရှိရာ လုဒ္ဒမြို့သို့ရောက်လေ၏။

  4. ထ၍အိပ်ရာကိုပြင်လော့ဟု ပေတရုဆိုသော်၊ ထိုသူသည် ချက်ခြင်းထ၏။

  5. လုဒ္ဒမြို့သည် ယုပွေမြို့နှင့် နီးသည်ဖြစ်၍ ထိုမြို့၌ ပေတရု ရှိကြောင်းကို တပည့်တော်တို့သည်ကြားလျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာပါမည် အကြောင်း လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန် ကြ၏။

  6. ပေတရုသည် ထ၍ထိုသူတို့နှင့် အတူလိုက်လေ ၏။ ရောက်လျှင် အထက်ခန်းသို့ခေါ်ပင့်၍ မုတ်ဆိုးမ များတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာရှိ စဉ်အခါလုပ်ခဲ့သော အင်္ကျီနှင့် အဝတ်များကို ပြလျက် ရှိကြ၏။

  7. ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက် စေသည်နောက်၊ ကိုယ်တိုင်ဒူးထောက်၍ ဆုတောင်း ပဌနာပြုပြီးလျှင်၊ ထိုအလောင်းသို့ မျက်နှာလှည့်၍၊ တဗိသ၊ ထလော့ဟုဆိုလေ၏။ ထိုမိန်းမ သည် မျက်စိကို ဖွင့်၍ ပေတရုကိုမြင်လျှင် ထ၍ထိုင်၏။

  8. ထိုကြောင့် ယခုပင်ယုပွေမြို့သို့ လူတို့ကိုစေလွှတ်၍၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော့။

  9. နက်ဖြန်နေ့၌ ထိုသူတို့သည် သွား၍ ယုပွေမြို့ အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်း ငှါအိမ်မိုးပေါ်သို့ တက်လေ ၏။

  10. စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စား လော့ဟု လာ၏။

  11. ပေတရုကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူး သောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတခါမျှ မစားဘူးပါဟု ပြောဆို၏။

  12. ပေတရုသည် မိမိမြင်ရသော ဗျာဒိတ်ရူပါရုံ ကား၊ အဘယ်သို့ ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိစေလွှတ် သောသူတို့သည် ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊

  13. ပေတရုအမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါ သလောဟု မေးမြန်းဟစ်ခေါ်ကြ၏။

  14. ပေတရုသည်ထိုဗျာဒိတ်ရူပါရုကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။

  15. ပေတရုသည်ဆင်း၍၊ ငါကား၊ သင်တို့ရှာသော သူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု ထိုသူတို့အားမေး၏။

  16. ပေတရုသည်လည်းထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ် ကိုပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့ နှင့်အတူ သွားသဖြင့်၊ ယုပွေ မြို့သားဖြစ်သော ညီအစ်ကို အချို့တို့သည် လိုက်ကြ၏။

  17. ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ပြပ်ဝပ်လျက် ကိုးကွယ်လေ၏။

  18. ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။

  19. ထိုကြောင့်ယုပွေမြို့သို့စေလွှတ်၍ ပေတရု အမည်သစ်ကို ရသော ရှိမုန်ကို ခေါ်ပင့်လော့။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ် သမားရှိမုန်၏ အိမ်၌တည်း နေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြော လိမ့်မည်ဟုပြောဆိုပါ၏။

  20. ထိုအခါပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ် စင်စစ် ဘုရား သခင်သည် လူမျက်နှာကို မှတ်တော်မမူ။

  21. ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ်တရား တော်ကို ကြားနာရသော သူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။

  22. တပါးအမျိုးသားတို့ အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကိုသွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်းကို ခံသောသူ တည်းဟူသော ပေတရု နှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။

  23. အကြောင်းမူကား၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကား အားဖြင့်ပြော၍၊ ဘုရားသခင်ကို ချီးမွမ်း သည်ကိုကြားကြလေ၏။

  24. ပေတရုသည် ယေရုရှလင်မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊

  25. ပေတရုသည်လည်း၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင် အောင် ဘော်ပြသည်ကား၊