- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Simon
အခြားအမည်: Peter, Cephas, Simeon
Simon ကို ဖော်ပြသော အခန်းငယ်များ
ထိုအခါ၊ ပေတရု၊ ထ၍ သတ်စားလော့ဟု ငါ့အားပြောသော စကားသံကိုလည်း ငါကြား၏။
ကောင်းကင်တမန်သည် သူ၏အိမ်၌ ထင်ရှား စွာရပ်လျက်၊ သင်သည်ယုပွေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။
ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည် ကိုမြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထပ်၍၊
ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။
ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အချိန် တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့် များ တို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။
ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဖေးကို ပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ ၏။ သံကြိုးသည်လည်း ပေတရုလက်မှကျွတ်လေ၏။
ပေတရုသည် သတိရလျှင်၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်း လက်မှ၎င်း၊ ယုဒလူတို့၏ မြော်လင့်ခြင်းမှ ၎င်း၊ ငါ့ကိုကယ်နှုတ်တော်မူသည် ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊
အိမ်ဦးတံခါးကိုခေါက်လေသော်၊ ရောဒေအမည် ရှိသော မိန်းမငယ်တယောက်သည် နားထောင်ခြင်း ငှါလာ၍၊
ပေတရု၏စကားအသံကိုသိလျှင်၊ ဝမ်းမြောက်သော အားဖြင့် တံခါးကို မဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရု သည် တံခါးရှေ့မှာရပ်နေသည်ဟု ကြားပြော၏။
ပေတရုသည် ခေါက်၍နေသော်၊ တံခါးကို ဖွင့်ကြ၍ သူ့ကိုမြင် သဖြင့် အလွန်တရာအံ့ဩကြ၏။
မိုဃ်းလင်းသောအခါ စစ်သူရဲတို့သည် ပေတရု၌ အဘယ်သို့ ဖြစ်သနည်းဟု ရုန်းရင်းခတ်မျှ ဖြစ်ကြ၏။
များစွာသောဆွေးနွေးငြင်းခုံခြင်းရှိသောအခါ ပေတရုသည် ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိ တရားကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင် တော်မူသည်ကို သင်တို့သိကြ၏။
ဘုရားသခင်သည် မိမိနာမအဘို့၊ တပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကိုနှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့် အရှုကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြော ခဲ့ပြီ။
သင်တို့က၊ ငါသည်ပေါလုတပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည်ကေဖ တပည့်ဖြစ်၏။ ငါသည်ခရစ်တော်တပည့် ဖြစ်၏ဟု အသီးအသီးပြောကြသောကြောင့် ငါဆိုရ၏။
ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်း ဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောက်လာလတံ့သော အရာဖြစ်စေ၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ ဖြစ်ကြ၏။
ကေဖနှင့်သခင်ဘုရား၏ညီများမှစ၍ ကြွင်းသော တမန်တော်များကဲ့သို့၊ ငါတို့သည်ဒေသစာရီ လှည့် လည်သည်တွင် နှမဖြစ်သော မယားပါစေခြင်းငှါ အခွင့် မရှိသလော။
ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ၊ တကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ၏။
ထိုနောက်သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ်ငါးရက်နေ၏။
အရေဖျားလှီးခြင်းကိုခံရသောသူတို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊
ပေတရု၌ပြုပြင်တော်မူသောသူသည်၊ တပါးအမျိုးသားတို့တွင် ငါ့ကိုတမန်တော်ဖြစ်စေခြင်းငှါ ငါ၌ လည်း ပြုပြင်တော်မူသည်ဖြစ်၍၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို ပေတရု၌ အပ်တော် မူသည် နည်းတူ၊ အရေဖျားလှီးခြင်းနှင့်မစပ်ဆိုင်သော ဧဝံဂေလိတရားကိုငါ၌ အပ်တော်မူကြောင်းကို သူတို့ သည် သိမြင်ကြ၏။
အမှီတကဲဖြစ်သောယာကုပ်၊ ကေဖ၊ ယောဟန် တို့သည်လည်း၊ ငါရသောကျေးဇူးတော်ကို သိကြသော အခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါတို့သည်တပါးအမျိုး သားတို့ဆီသို့သွားမည်အကြောင်း၊ လက်ျာလက်ခံခြင်းကို ဗာနဗနှင့်ငါ့အား ပေးကြ၏။
ထိုနောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ၊ သူ၌အပြစ်တင်စရာ အခွင့်ရှိသော ကြောင့် သူ့ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတားရ၏။
သူတို့သည်မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ ကျင့်ကြောင်းကိုငါသည်မြင်လျှင်၊ ထိုသူ အပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းအကျင့်ဘဲ၊ တပါးအမျိုး၏ထုံးစံအတိုင်းကျင့်လျှင်၊ တပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်းကျင့်စေခြင်းငှါ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။
ယေရှုခရစ်၏ တမန်တော် ငါပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖြန်းခြင်းကျေးဇူးကိုခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင်၏ အနာဂတံသဉာဏ်တော်အတိုင်း ရွေးကောက်တော်မူသောသူတည်းဟူသော၊
ယေရှုခရစ်၏ကျွန်တမန်တော် ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရား သခင်ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ ယုံကြည်သည်နည်းတူ၊ မြတ်စွာသောယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ၏။