အကြောင်းအရာသို့ ကျော်သွားရန်

Manasseh

109 အခန်းငယ် · 6 မိသားစုဝင်

အခြားအမည်: Manasses

Manasseh ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဂိလဒ်ပြည်၌ မနာရှေ၏သားယာ ဣရပိုင်သော မြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါ တံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊

  2. ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တွင် ဒိုင်းနှင့် ထားကို ကိုင်၍ လေးနှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကို လေ့ကျက်၍ စစ်ချီတတ်သော စစ်သူရဲပေါင်း ကား၊ လေးသောင်းလေးထောင်ခုနစ်ရာခြောက်ဆယ် တည်း။

  3. မနာရှေအမျိုးတဝက်သည်၊ ထိုပြည်တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန်မြို့၊ စနိရမြို့၊ ဟေရမုန်တောင် တိုင်အောင် ပွားများလျက်နေ၏။

  4. သို့ဖြစ်၍ ဣသရေလအမျိုး၏ ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့်ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ်ကို နှိုးဆော်တော်မူသဖြင့်၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား၊ ဟေလမြို့၊ ဟာဗော်မြို့၊ ဟာရမြို့သို့ သိမ်းသွား၍ ယနေ့တိုင်အောင် နေရာချထား၏။

  5. ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် စာရေးတံအားဖြင့်၊ မနာရှေခရိုင်ဝက်ထဲက မြို့ဆယ်မြို့တို့ကို ရကြ၏။

  6. ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲ က မြို့တဆယ်သုံးမြို့တို့ကို ရကြ၏။

  7. မနာရှေခရိုင်ဝက်ထဲက အနေရမြို့နှင့်မြို့နယ်၊ ဗိလံမြို့နှင့်မြို့နယ်တို့ကို၎င်း၊ ကြွင်းသောကောဟတ်သား အဆွေအမျိုးတို့အား ပေးကြ၏။

  8. ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲ က ဗာရှန်ပြည် ဂေါလန်မြို့နှင့် မြို့နယ်၊ အာရှတရုတ် မြို့နှင့် မြို့နယ်တို့ကို၎င်း၊

  9. မနာရှေသားဦးကား အာသရေလ၊ ထိုနောက်၊ ရှုရိအမျိုးဖြစ်သော မယားငယ်တွင် မြင်သောသား၊ ဂိလဒ်၏အဘမာခိရတည်း။

  10. ဥလံသားကားဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏ သားဂိလဒ်အမျိုးအနွယ်တည်း။

  11. မနာရှေအမျိုးသားနေရာအနားမှာ ဗက်ရှန်မြို့ နှင့်ကျေးလက်၊ တာနက်မြို့နှင့်ကျေးလက်၊ မေဂိဒ္ဒေါမြို့ နှင့်ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာ တို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏ သားတို့ သည် နေရာကျကြ၏။

  12. ယေရုရှလင်မြို့မှာနေသော ယုဒအမျိုး၊ ဗင်္ယာမိန် အမျိုး၊ ဧဖရိမ်နှင့် မနာရှေအမျိုးသားဟူမူကား၊

  13. ထိုမှတပါး၊ ဒါဝိဒ်သည် ရှောလုကို စစ်တိုက်သွား သော ဖိလိတ္တိလူတို့နှင့် လိုက်သောအခါ၊ ဖိလိတ္တိမင်းတို့က၊ ဤသူသည် ငါတို့ကိုအပ်၍ မိမိသခင်ရှောလုဘက်သို့ ဝင်စားမည်ဟု တိုင်ပင်ပြီးမှ ပြန်စေသောကြောင့်၊ ဒါဝိဒ် သည် စစ်မကူဘဲ ဇိကလတ်မြို့သို့ သွားသောကာလ၊ သူ့ဘက်သို့ ဝင်စားသော မနာရှေအမျိုးသားဟူမူကား၊

  14. မိမိအမျိုးသားတို့တွင် လူတထောင်ကို အုပ် သော ဗိုလ်၊ အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲတည်း။

  15. ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းငှါ စာရင်းဝင်သော မနာရှေအမျိုးဝက်ထဲက လူတသောင်း ရှစ်ထောင်၊

  16. ယော်ဒန်မြစ်တဘက်ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ထဲက စစ်တိုက်လက်နက်စုံ အမျိုးမျိုး နှင့်ပြည့်စုံသောသူ တသိန်းနှစ်သောင်းတည်း၊

  17. ယေရိယ၏ပေါက်ဘော်တည်းဟူသော သူရဲကြီး၊ အဆွေအမျိုး သူကြီးနှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ် မင်းကြီးခန့်ထာသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ကို အုပ်စိုး၍ ဘုရားသခင်၏ အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။

  18. ဧဖရိမ်အမျိုးတွင် အာဇဇိ၏သား ဟောရှေ၊ မနာရှေအမျိုးတဝက် တွင်ပေဒါယ၏သား ယောလ၊

  19. ဂိလဒ်ပြည်၌ မနာရှေအမျိုးတဝက်တွင် ဇာခရိ ၏သားဣဒ္ဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သား ယာသေလ၊

  20. ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားအပေါင်းတို့ကို၎င်း၊ ဧဖရိမ်ခရိုင်၊ မနာရှေခရိုင်၊ ရှိမောင်ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်း စုဝေးစေ၏။ အာသမင်၏ ဘုရားသခင်ထာဝရဘုရားသည်၊ သူနှင့် အတူ ရှိတော်မူကြောင်းကို၊ ဣသရေလအမျိုးသား အများတို့သည် သိမြင်လျှင်၊ ထိုမင်းဘက်သို့ ဝင်စားကြ၏။

  21. တဖန်ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရု ရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှါ၊ ဟေဇကိသည် စာရေး၍ပေးလိုက်လေ၏။

  22. စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တရှောက်လုံး၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ယယ်ပြု၍ ကဲ့ရဲ့ကြ၏။

  23. သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။

  24. များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါ သိုးသငယ်ကိုစားကြ ၏။

  25. ထိုအမှုလက်စသတ်သောအခါ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည်၊ ယုဒမြို့များသို့ ထွက်သွား ၍ ယုဒပြည်၊ ဗင်္သာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် အရပ်ရပ်၌ရှိသော ရုပ်တုဆင်းတု၊ အာရှရပင်၊ မြင့်သော အရပ်၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမှီ တိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲဖြိုချကြ၏။ ထိုနောက်မှ၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးသီးပိုင် ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ၏။