အကြောင်းအရာသို့ ကျော်သွားရန်

The Tribe Of Manasseh အကြောင်း ကျမ်းစာအခန်းငယ်များ

56 အခန်းငယ် · 30 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယောသပ်သည် သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သော ပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏။

  2. လေးသမားတို့သည် သူ့ကို အငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။

  3. သို့သော်လည်း သူ၏လေးသည် အားမလျော့။ သူကိုင်သော လက်နက်တို့သည်၊ ယာကုပ်အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက်ဖြင့်၎င်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ကျောက်ဖြင့်၎င်း၊

  4. သင့်ကိုမစတော်မူသော သင့်အဘ၏ ဘုရား သခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုဃ်းကောင်းကင်၏ မင်္ဂလာ၊ အောက် နက်နဲသောအရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီး ပေးတော်မူပါစေသော။

  5. သင်၏အဘပေးသော ကောင်းကြီးမင်္ဂလာသည်၊ ထာဝရတောင်တို့၌ဖြစ်သော ကောင်းကြီးမင်္ဂလာ၊ ထာဝရကုန်းတို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍ မြတ်၏။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။

  6. အဋ္ဌမနေ့၌မနာရှေအမျိုးတွင် မင်းဖြစ်သော ပေဒါဇုရသား ဂါမလျေလဆက်သော ပူဇော်သက္ကာဟူမူကား၊

  7. အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊

  8. မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း။

  9. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊

  10. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

  11. မိဿာဟာယ၊ ယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ပေဒါဇုရသား ဂါမလျေလသည် ပူဇော် လေ၏၊

  12. မနာရှေ၏သားဟူမူကား၊ မာခိရမှ ဆင်းသက် သော မာခိရိ အဆွေအမျိုး၊

  13. ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိ အဆွေ အမျိုး၊

  14. အသရေလမှဆင်းသက်သော အာသရေလိ အဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး၊

  15. ရှမိဒမှ ဆင်းသက်သော ရှမိဒိအဆွေအမျိုး၊ ဟေဖါမှဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း။ မာခိရ၏သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေ အမျိုးတည်း။

  16. ဟေဖါ၏သား ဇလောဖဒ်၌ကား၊ သား ယောက်ျားမရှိ၊ သမီး သက်သက်သာရှိ၏။ ဇလောဖဒ်၏ သမီးတို့ အမည်ကား၊ မာလာ၊ နော အာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။

  17. ထိုအခါ ယောသပ်၏သား၊ မနာရှေအဆွေ အမျိုး၌ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှ ဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊

  18. ပရိသတ်စည်းဝေးရာ တဲတော်တံခါး နား၊ မောရှေနှင့် ယဇ်ပုရော ဟိတ် ဧလာဇာ၊ မင်းများ၊ ပရိသတ်များအပေါင်းတို့ ရှေ့မှာရပ်လျက်၊

  19. အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရား တဘက်၌ စုဝေးသော အပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌ သားယောက်ျား မရှိပါ။

  20. ထိုသို့ သားယောက်ျားမရှိ သောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဆွေ အမျိုး၌ ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အား အမွေပေးပါဟု လျှောက်ကြ၏။

  21. သူတို့အမှုကို မောရှေသည် ထာဝရဘုရားရှေ့ တော်၌ ထားလေ၏။

  22. ထာဝရဘုရားကလည်း၊ ဇလောဖဒ် သမီးတို့၏ စကားသည် လျောက်ပတ်ပေ၏။

  23. အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကိုတို့နှင့် အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏အမွေဥစ္စာသည် သူတို့လက်သို့ ရောက်စေရ မည်။

  24. မနာရှေမှ ဆင်းသက်သော မာခိရအမျိုးသား တို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင် မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။

  25. မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အား ပေး၍ သူတို့သည် နေကြ၏။