Gilead
Gilead ကို ဖော်ပြသော အခန်းငယ်များ
မနာရှေ၏သားဟူမူကား၊ မာခိရမှ ဆင်းသက် သော မာခိရိ အဆွေအမျိုး၊
ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိ အဆွေ အမျိုး၊
ထိုအခါ ယောသပ်၏သား၊ မနာရှေအဆွေ အမျိုး၌ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှ ဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊
ယောသပ်အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့ မှ ဆင်းသက်သော ဂိလဒ်၏သား အဆွေအမျိုးသူကြီး တို့သည်၊ မောရှေအစရှိသော ဣသရေလအမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊
ယောသပ်၏သားဦး မနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲ ဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။
သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖါတို့မှ ဆင်းသက်သော ဇလောဖဒ်၌ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ သူ၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
ဂိလဒ်၏မယား ဘွားမြင်သော သားတို့သည် ကြီးသောအခါ၊ သင်သည် အခြားတပါးသော မိန်းမ၏ သားဖြစ်သောကြောင့်၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရဟု ယေဖသကို ဆို၍ နှင်ထုတ်လေ၏။
ထိုနောက်၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော်၊ ဂိလဒ်အဘမာခိရ၏သမီးနှင့် စုံဘက်၍ စေဂုပ် ကို မြင်လေ၏။
ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏သားမြေးတို့သည် ပိုင်ကြ၏။
မနာရှေသားဦးကား အာသရေလ၊ ထိုနောက်၊ ရှုရိအမျိုးဖြစ်သော မယားငယ်တွင် မြင်သောသား၊ ဂိလဒ်၏အဘမာခိရတည်း။
ဥလံသားကားဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏ သားဂိလဒ်အမျိုးအနွယ်တည်း။