အကြောင်းအရာသို့ ကျော်သွားရန်

The Tribe Of Manasseh အကြောင်း ကျမ်းစာအခန်းငယ်များ: Predictions respecting

10 အခန်းငယ် · 30 ရှုထောင့်

"The Tribe Of Manasseh" ကို ရှာဖွေရန်

Predictions respecting အကြောင်း အခန်းငယ်များ

  1. ယောသပ်သည် သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သော ပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏။

  2. လေးသမားတို့သည် သူ့ကို အငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။

  3. သို့သော်လည်း သူ၏လေးသည် အားမလျော့။ သူကိုင်သော လက်နက်တို့သည်၊ ယာကုပ်အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက်ဖြင့်၎င်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ကျောက်ဖြင့်၎င်း၊

  4. သင့်ကိုမစတော်မူသော သင့်အဘ၏ ဘုရား သခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုဃ်းကောင်းကင်၏ မင်္ဂလာ၊ အောက် နက်နဲသောအရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီး ပေးတော်မူပါစေသော။

  5. သင်၏အဘပေးသော ကောင်းကြီးမင်္ဂလာသည်၊ ထာဝရတောင်တို့၌ဖြစ်သော ကောင်းကြီးမင်္ဂလာ၊ ထာဝရကုန်းတို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍ မြတ်၏။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။

  6. ယောသပ်အမျိုးကိုကား၊ ထိုအမျိုးနေသော ပြည် သည် အထက်မိုဃ်းကောင်းကင် ဘဏ္ဍာအားဖြင့်၎င်း၊ အောက်အရပ်၌ ပုန်းကွယ်၍ နက်နဲသော အရာအားဖြင့်၎င်း၊

  7. နေဖြစ်စေသော ဘဏ္ဍာ၊ လဖြစ်စေသော ဘဏ္ဍာ အားဖြင့်၎င်း၊

  8. အသက်ကြီးသောတောင်ထိပ်၊ မြဲမြံသောတောင် ထဲက ထွက်သော ဘဏ္ဍာအားဖြင့်၎င်း၊

  9. မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့်၎င်း၊ ထာဝရ ဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေ တော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်း ထိပ်ပေါ်မှာ သက်ရောက်ပါစေသော။

  10. သူ၏ဘုန်းသည် နွားလားဥဿဘဘုန်းကဲ့သို့၎င်း၊ သူ၏ ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုဦးချို တို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင် နက် ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်း သောင်း၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း။