အကြောင်းအရာသို့ ကျော်သွားရန်

Jesus

3,872 အခန်းငယ် · 6 မိသားစုဝင်

အခြားအမည်: Jesus Christ, Immanuel, Emmanuel, Christ

Jesus ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မြေပေါ်၌ မီးလောင်စေခြင်းငှါ ငါလာသတည်း။ ထိုမီးမညှိမှီတိုင်အောင် ငါ၏အလိုမပြည့်စုံ။ ဗတ္တိဇံ တခုကိုလည်း ငါခံစရာရှိ၏။

  2. ထိုဗတ္တိဇံကို မခံမှီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏။

  3. မြေပေါ်၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှါ ငါလာသည်ဟု ထင်ကြသလော။ ထိုသို့သောအလိုငှါ ငါလာ သည်မဟုတ်။ အချင်းချင်းကွဲပြားစေခြင်းငှါ ငါလာသည်ဟု ငါဆို၏။

  4. တဖန် လူအစုအဝေးတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် အနောက်မျက်နှာ၌ မိုဃ်းရိပ်တက် သည်ကို မြင်သောအခါ မိုဃ်းရွာမည်ဟု ချက်ခြင်းဆိုတတ်၏။

  5. လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရ၊ ငါဆိုသည်ဟု မိန့်တော်မူ၏။

  6. ထိုအခါ လူအချို့တို့သည်လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏အသွေးကို မိမိတို့ ပူဇော် သော ယဇ်ကောင်တို့နှင့် ရောနှောကြောင်းကို လျှောက်ကြလျှင်၊

  7. ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။

  8. သာ၍ အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြ လိမ့်မည်ဟု ငါဆို၏။

  9. သာ၍အပြစ်ရှိသည်မဟုတ်။ သင်တို့ ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြ လိမ့်မည်။ ငါဆိုသည်ဟု မိန့်တော်မူ၏။

  10. အကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ၍ နောက်ချေးကို ဖို့ပါမည်။

  11. တနေ့သော ဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒပေးတော်မူသောအခါ၊

  12. ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါ နှင့် လွတ်၏ဟု မိန့်တော်မူလျက်၊

  13. သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ခြင်းတည့်မတ်ခြင်းသို့ရောက်၍ ဘုရား သခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။

  14. ထိုသို့ ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသော နေ့ရက်ခြောက်ရက်ရှိ၏။ ထိုနေ့ရက်တွင်လာ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို၏။

  15. သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှ လွှတ်၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည် မဟုတ်လော။

  16. ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသော သူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်ကြ၏။

  17. တဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း။ အဘယ် သို့ ပုံပြရအံ့နည်း။

  18. တဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။

  19. ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမဩဝါဒပေးလျက်၊ ယေရုရှလင်မြို့ သို့ ခရီးသွားတော်မူ၏။

  20. လူတဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊

  21. ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ အများသော သူတို့သည် ဝင်ခြင်းငှါအလိုရှိသော်လည်း မစွမ်းနိုင်ကြဟု ငါဆို၏။

  22. အိမ်ရှင်သည် တခါထ၍ တံခါးကို ပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့အားဖွင့်ပါဟု တောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။

  23. ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အကျွန်ုပ်တို့နေသော မြို့ ရွာ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူပြီဟု လျှောက်ပြန်သော်လည်း၊

  24. သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသောအမှုကိုပြုသော သူ အပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်၊

  25. ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ် တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွားကြလော့။