အကြောင်းအရာသို့ ကျော်သွားရန်

Jesus

3,872 အခန်းငယ် · 6 မိသားစုဝင်

အခြားအမည်: Jesus Christ, Immanuel, Emmanuel, Christ

Jesus ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. စေတနာစိတ်ပျက်ကြ၏။ ယေရှုကလည်း၊ ပရောဖတ်သည် မိမိမြို့၊ မိမိအိမ်မှတပါး အခြားသောအရပ် ၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။

  2. မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုးကို ပြတော်မမူ။

  3. ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု၏သိတင်းတော်ကိုကြားလျှင်၊

  4. ယောဟန်၏တပည့်တို့သည်လည်းလာ၍ အလောင်းကိုဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော် သို့သွား၍ ကြားလျှောက်ကြ၏။

  5. ယေရှုသည် ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍လှေကိုစီးလျက် တော၌ဆိတ်ကွယ်ရာအရပ်သို့ ကြွ တော်မူ၏။ လူအစုအဝေးတို့သည် ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ ကုန်းကြောင်းလိုက်ကြ၏။

  6. ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိ သမျှတို့ကို ချမ်းသာပေးတော်မူ၏။

  7. ညဦးယံ၌ တပည့်တော်တို့သည်ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်းချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင်၊

  8. ယေရှုက၊ သွားရသောအကြောင်းမရှိ။ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။

  9. တပည့်တော်တို့ကလည်း၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌မရှိပါ ဟု လျှောက်ပြန်လျှင်၊ ထိုမုန့်နှင့်ငါးကို ယူခဲ့ကြဟုမိန့်တော်မူ၏။

  10. ထိုအခါ လူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ လျောင်းကြစေဟုအမိန့်တော်ရှိ၏။

  11. မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ကြည့်မြော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။

  12. ယေရှုသည် စည်းဝေးသောသူတို့ကိုလွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကိုလှေစီးစေ၍ ကမ်းတဘက် သို့ အရင်ကူးစေတော်မူ၏။

  13. စည်းဝေးသောသူတို့ကိုလွှတ်ပြီးမှ ဆုတောင်းပဌာနပြုအံ့သောငှာ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန်ရောက်သောအခါ၊ တယောက်တည်းရှိနေတော်မူ၏။

  14. ညသုံးချက်တီးကျော်အချိန်၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက်တပည့်တော်တို့ရှိရာသို့ ကြွ တော်မူ၏။

  15. ထိုသို့အိုင်ပေါ်မှာစက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင်ထိတ်လန့်၍၊ ဖုတ်တစ္ဆေဖြစ် သည်ဟု ကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။

  16. ယေရှုသည် ချက်ခြင်းနှုတ်ဆက်၍ တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့် ကြနှင့်ဟု မိန့်တော်မူ၏။

  17. ပေတရုကလည်း၊ သခင်ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည်ကိုယ်တော်ထံသို့ ရေပေါ်မှာလာရမည်အ ကြောင်း မိန့်တော်မူပါဟုလျှောက်လျှင်၊

  18. လာခဲ့လော့ဟု မိန့်တော်မူ၏။ ပေတရုသည်လှေပေါ်ကဆင်း၍ ယေရှုထံသို့ရောက်အံ့သောငှာ ရေ ပေါ်မှာလှမ်းသွား၏။

  19. လေပြင်းသည်ကိုမြင်လျှင် ကြောက်လန့်၍ နစ်မွန်းလုသည်ရှိသော်၊ ကယ်မတော်မူပါသခင်ဟု ဟစ် ကြော်လေ၏။

  20. ယေရှုသည် လက်တော်ကိုချက်ခြင်းဆန့်၍ ပေတရုကိုကိုင်တော်မူလျက်၊ ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသောစိတ်ဝင်သနည်းဟု မေးတော်မူ၏။

  21. လှေသားတို့သည်ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်ပါသည်ဟု ညွတ် ပြပ်၍ လျှောက်ကြ၏။

  22. ထိုအရပ်သားတို့သည် မျက်နှာတော်ကိုမှတ်မိလျှင်၊ ပတ်ဝန်းကျင်အရပ်ရှိသမျှသို့ စေလွှတ်သဖြင့် လူနာ ရှိသမျှတို့ကို ဆောင်ခဲ့၍၊

  23. အဝတ်တော်၏ပန်းပွားကိုမျှသာတို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသောသူတို့သည် လည်း ချမ်းသာရကြ၏။

  24. ထိုအခါ ယေရုရှလင်မြို့သားဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊

  25. ရှေးဟောင်းတို့မှဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့်လွန်ကျူး ကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊