အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာ တင်ထားကြလော့။

  2. သင်တို့အမျိုးသည် ပုန်ကန်တတ်သော သဘော၊ ခိုင်မာသောသဘော ရှိကြောင်းကို ငါသိ၏။ ငါအသက် ရှင်၍၊ သင်တို့တွင် နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှ မကပြုကြလိမ့်မည်။

  3. အကြောင်းမူကား၊ ငါသေသောနောက်၊ သင်တို့ သည် လုံးလုံးဖောက်ပြန်၍ ငါမှာထားသောလမ်းမှ လွှဲသွား ကြလိမ့်မည်ကို ငါသိ၏။ နောင်ကာလတွင်၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ကိုယ်လက်နှင့် လုပ်ဆောင် သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်ဟု သတိ ပေးလေ၏။

  4. ငါသည် ထာဝရဘုရား၏ နာမတော်ကို ဘော်ပြ သည်ဖြစ်၍၊ ငါတို့ဘုရားသခင်၏ ဘုန်းအာနုဘော်တော် ကို ချီးမွမ်းကြလော့။

  5. ဘုရားသခင်သည် မူလအမြစ်ဖြစ်၍၊ အမှုတော် သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သော ဘုရားဖြစ်တော်မူ၏။

  6. သူတို့သည် ယိုယွင်းကြပြီ။ ဘုရားသခင်၏ သား မဟုတ်၊ အညစ်အကြေး ကပ်ကြ၏။ သဘောကောက်၍ ဖောက်ပြန်သောအမျိုး ဖြစ်ကြ၏။

  7. အို ပညာမဲ့သော လူမိုက်တို့၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ဤသို့ဆပ်မည်လော။ ထာဝရဘုရား သည် သင့်ကို ဖြစ်စေသောအဘ၊ သင့်ကို ဖန်ဆင်း၍ နေရာချသောသူ ဖြစ်တော်မူသည် မဟုတ်လော။

  8. အမြင့်ဆုံးသော ဘုရားသည် အာဒံ၏အမျိုးအ နွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကို ဝေပေးသောအခါ၊ ဣသရေလအမျိုးသားတို့ အရေ အတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။

  9. ထာဝရဘုရား၏ အဘို့ကား၊ လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာ ဖြစ်သတည်း။

  10. လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍၊ လွတ် လပ်သောတောလွင်ပြင်၌ ယာကုပ်ကို တွေ့တော်မူသော အခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်းကျေးဇူးကို ပြု၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။

  11. ထာဝရဘုရားတပါးတည်းသာလျှင်၊ ယာကုပ်ကို ဆောင်သွားတော်မူ၏။ အခြားတပါးသောဘုရား မည်မျှ မရှိ။

  12. သို့ရာတွင်၊ ယေရှုရုန်သည် ဆူဝ၍ ခြေနှင့်ကန် လေ၏။ ဆူဝလျက်၊ တုတ်လျက်၊ ဆီဥနှင့်ပြည့်စုံလျက် နေသဖြင့်၊ ဖန်ဆင်းတော်မူသော ဘုရားသခင်ကို စွန့်၍၊ ကယ်တင်ရာကျောက်ကို မထီမဲ့မြင် ပြုလေ၏။

  13. သူတို့သည် အခြားတပါးသောဘုရားအားဖြင့် ငြူစူစေကြ၏။ ရွံရှာဘွယ်သော အမှုအရာအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။

  14. ဘုရားမဟုတ်သော နတ်ဆိုး၊ မသိဘူးသော ဘုရား၊ ဘိုးဘေးတို့ မကြောက်ဘူးသော ဘုရားသစ်တို့ အား ယဇ်ပူဇော်ကြ၏။

  15. သင်ဖြစ်ရာမူလအမြစ်ကို သင်မမှတ်မိ။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို သင်မေ့လျော့ပြီ။

  16. ထိုအမှုကို ထာဝရဘုရားမြင်သောအခါ၊ အမျက် တော်ထွက်၍ သားသမီးတော်တို့ကို စွန့်ပစ်တော်မူလျက်၊

  17. ငါသည် ကိုယ်မျက်နှာကို သူတို့မှလွှဲမည်။ သူတို့ သည် အဘယ်သို့ဆုံးမည်ကို ငါကြည့်မည်။ သဘောခိုင်မာ သောအမျိုး၊ သစ္စာမရှိသော သားသမီး ဖြစ်ကြ၏။

  18. ဘုရားမဟုတ်သောအရာအားဖြင့် ငါသည် ငြူစူ သောစိတ်ရှိစေခြင်းငှါ ပြုကြပြီ။ အချည်းနှီးသောအရာ အားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မရေရာ သော လူမျိုးအားဖြင့် သူတို့သည် ငြူစူသောစိတ်ရှိစေခြင်း ငှါ၎င်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ၎င်း ငါပြုမည်။

  19. သူတို့အပေါ်မှာ ဘေးဥပဒ်များကို ငါပို့မည်။ ငါ့မြှားတို့ကို အကုန်အစင်ပစ်မည်။

  20. သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကို ခံရ၍၊ ပူလောင်ခြင်းဘေး၊ ပြင်းစွာသောဖျက်ဆီးခြင်းဘေး အား ဖြင့် ဆုံးရှုံးကြလိမ့်မည်။ သားရဲတို့၏ သွားကို၎င်း၊ မြေ၌ ကျင်လည်သော မြွေအဆိပ်ကို၎င်း၊ သူတို့၌ ငါစေလွှတ် မည်။

  21. ရန်သူ၏ မာန်မာနကို ငါမကြောက်လျှင်၎င်း၊

  22. ရန်ဘက်ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု၊ ဘုန်းကြီးသောငါတို့ လက်ရုံးပြပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင်၎င်း၊ သူတို့ ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ ကွဲပြားစေ၍၊ အဘယ်သူမျှ မအောက်မေ့စေခြင်းငှါ ပယ်ရှင်းမည်ဟု ငါအကြံရှိ၏။

  23. သူတို့ခိုလှုံစရာကျောက်သည် သူတို့ကိုမရောင်း၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မမူလျှင်၊ လူတ ယောက်သည် လူတထောင်ကို အဘယ်သို့ နှင်နိုင်မည် နည်း။ လူနှစ်ယောက်သည် လူတသောင်းကို အဘယ်သို့ ပြေးစေနိုင်မည်နည်း။

  24. ဤအမှုသည် ငါ့ထံမှာ သိုထားလျက်၊ ငါ့ဘဏ္ဍာ တိုက်၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော။

  25. အပြစ်တရားကို စီရင်ရသော အခွင့်၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေး ရောက်သောအချိန်နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။