အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဖာရောမင်းက၊ သင်တို့နှင့် သူငယ်များကို ငါလွှတ်သည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့၌ ရှိစေသော။ သတိပြု၊ မကောင်းသောအကြံကို ကြံကြသည်တကား။

  2. ထိုသို့ မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း၊ ယောက်ျားဖြစ်သောသူတို့သာသွား၍ ထာဝရဘုရားအား ဝတ်ပြုကြသည်ဟု မိန့်တော်မူသဖြင့်၊ သူတို့ကို အထံတော်မှ နှင်ကြလေ၏။

  3. ထာဝရဘုရားကလည်း၊ ကျိုင်းတို့သည် အဲဂုတ္တုပြည်သို့ရောက်လာ၍ မိုဃ်းသီးမဖျက်၊ မြေပေါ်မှာ ကျန်ရစ်သောအပင် ရှိသမျှတို့ကို စားစေခြင်းငှာ၊ အဲဂုတ္တုပြည်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

  4. မောရှေသည် မိမိလှံတံကို အဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့်၊ ထိုနေ့နှင့် ထိုညဉ့်ပတ်လုံး၊ အရှေ့လေကို မြေပေါ်မှာ ထာဝရဘုရားလာစေတော်မူ၍၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကို ဆောင်ခဲ့လေ၏။

  5. ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကို အလျင်အမြန်ခေါ်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင်တို့ကို၎င်း ငါပြစ်မှားပါပြီ။

  6. သို့ဖြစ်၍ သည်တခါ ငါ့အပြစ်ကို သည်းခံပါလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ ဤသေဘေးတခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါဟု ဆိုသည်ရှိသော်၊

  7. မောရှေသည် အထံတော်မှထွက်၍၊ ထာဝရဘုရားကို တောင်းပန်လေ၏။

  8. ထာဝရဘုရားသည် အားကြီးသော အနောက်လေကို လွှတ်တော်မူသဖြင့်၊ ထိုလေသည် ကျိုင်းတို့ကို ဆောင်သွား၍ ဧဒုံပင်လယ်၌ ချပစ်လေ၏။ အဲဂုတ္တုပြည်တရှောက်လုံး၌ ကျိုင်းတကောင်မျှ မကျန်ရစ်။

  9. သို့သော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ၏။

  10. တဖန် ထာဝရဘုရားက၊ အဲဂုတ္တုပြည်တရှောက်လုံး၌ မှောင်မိုက်သာမညမဟုတ်၊ စမ်းသပ်၍ တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

  11. ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်၍ ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့။ သို့ရာတွင် သိုးနွားများကို ထားခဲ့ကြစေ။ သူငယ်များကို ခေါ်ကြစေဟု မိန့်တော်မူ၏။

  12. မောရှေကလည်း၊ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်စရာဘို့ ယဇ်ကောင်များ၊ မီးရှို့ရာပူဇော်သက္ကာများကို ကိုယ်တော်ပေးရမည်။

  13. ကျွန်ုပ်တို့သည် တိရစ္ဆာန်များကို ဆောင်သွားရမည်။ တကောင်မျှ မကျန်ရစ်ရ။ အကြောင်းမူကား၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုစရာဘို့ ရွေးယူရမည်။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မှီ မသိပါဟု ဆိုလေသော်၊

  14. ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသား တို့ကို မလွှတ်။

  15. ထိုအခါ ထာဝရဘုရားက၊ ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတပါးကို ငါရောက်စေဦးမည်။ ထိုနောက် သင်တို့ကို လွှတ်လိမ့်မည်။ လွှတ်သောအခါ၌လည်း၊ အကယ်၍ သင်တို့ကို တပြိုင်နက် နှင်လိမ့်မည်။

  16. သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တုလူတို့သည် ပေးချင်သောစေတနာစိတ်ကို ထာဝရဘုရားဖြစ်စေ တော်မူ၏။ မောရှေသည်လည်း၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်၏ ကျွန်များ၊ လူများရှေ့၌ ကြီးစွာသော အသရေရှိလေ၏။

  17. ထိုအခါ မောရှေက၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန်းခေါင်အချိန်၌ အဲဂုတ္တုပြည်အလယ်သို့ ငါထွက်သွားမည်။

  18. သို့ရာတွင် ထာဝရဘုရားသည်၊ အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ၊ ဣသရေလလူတစုံတယောက်ကို ခွေးတကောင်မျှ မဟိန်းရဟု မိန့်တော်မူ၏။

  19. ထာဝရဘုရားကလည်း၊ အံ့ဘွယ်သော အမှုတော်တို့သည် အဲဂုတ္တုပြည်၌ များပြားမည်အကြောင်း၊ ဖာရောဘုရင်သည် သင်တို့၏စကားကို နားမထောင်ဘဲနေလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

  20. မောရှေနှင့်အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြုသော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲ နေသတည်း။

  21. ထာဝရဘုရားသည် အဲဂုတ္တုပြည်၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊

  22. အဘယ်သို့စားရမည်နည်းဟူမူကား၊ ခါးစည်းကို စည်းလျက်၊ ခြေနင်းကို စီးလျက်၊ တောင်ဝေးကို ကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။

  23. အကြောင်းမူကား၊ ယနေ့ညဉ့်တွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော လူတို့၏ သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများအပေါင်းတို့ကို ဒဏ်ခတ်၍၊ အဲဂုတ္တုပြည်၏ ဘုရားတို့ကို တရားစီရင်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။

  24. သိုးသငယ်၏ အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကို ငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည် ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ။

  25. ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဘို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအား ပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကို အစဉ်အမြဲ ခံရကြမည်။