God
God ကို ဖော်ပြသော အခန်းငယ်များ
ဗေသလမြို့ယဇ်ပလ္လင်တဘက်ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သောအိမ်များ တဘက်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ၏။
ထာဝရဘုရားကလည်း၊ ယေရောဗောင်မယားသည် သားနားသောကြောင့်၊ သားအတွက်တစုံတခုကို တောင်းအံ့သောငှါ သင့်ဆီသို့ ယခုလာ၏။ ဤမည်သော စကားဖြင့် ပြန်ပြောရမည်။ သူသည် လာသောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင်လိမ့်မည်ဟု အဟိယအား မိန့်တော်မူ၏။
သင်သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို၊ ယေရောဗောင်ထံသို့ သွား၍ ဆင့်ဆိုရမည်မှာ၊ သင့်ကိုလူစုထဲက ငါရွေး၍ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက် လျက်၊
နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးလက်မှနှုတ်၍ သင့်အားပေးသော်လည်း၊ သင်သည် ငါ့ကျွန်ဒါဝိဒ်ကဲ့သို့ မဟုတ်။ သူသည် ငါ့ပညတ်တို့ကို စောင့်ရှောက်၏။ ငါ့ရှေ့မှာ ကောင်းသောအကျင့်ကိုသာ ကျင့်မည်ဟု စိတ်နှလုံး အကြွင်းမဲ့ ငါ့ကို ဆည်းကပ်၏။
သင်မူကား သင့်ရှေ့မှာ ဖြစ်ဘူးသောသူ အပေါင်းတို့ကို လွန်၍ ဒုစရိုက်ကိုပြုလေပြီ။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားနှင့်သွန်းသော ရုပ်တုတို့ကိုလုပ်၍ ငါ့ကိုသင့်ကျောနောက်သို့ ပစ်ထားပြီ။
ထိုကြောင့် ယေရောဗောင်အမျိုးအပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ယေရောဗောင်အမျိုးယောက်ျားများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန်အစင်ကျုံးသွားသကဲ့သို့၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးသားကို ပယ်သွားမည်။
ယေရောဗောင်အမျိုးသားသည် မြို့ထဲမှာ သေလျှင်အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာ သေလျှင် မိုဃ်းကောင်းကင်ငှက်စားလိမ့်မည်အကြောင်း ထာဝရဘုရားမိန့်တော်မူပြီ။
ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရော ဗောင်အမျိုးသားစုတွင်၊ ထိုသူငယ်တယောက်တည်းသာ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ယေရော ဗောင်အမျိုးသားစုတွင် ထိုသူငယ်တယောက်သည် ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၌ ကြည်ညို သော စိတ်ရှိ၏။
အချိန်ရောက်မှ ယေရောဗောင်အမျိုးကို ပယ်ဖြတ်လတံ့သော ဣသရေလရှင်ဘုရင်တပါးကို ထာဝရ ဘုရားသည် မိမိတို့အဘို့ ပေါ်ထွန်းစေတော်မူမည်။ အဘယ်အချိန်နည်းဟုမေးသော်၊ ယခုပင်ဖြစ်လိမ့်မည်။
အာရှရပင်တို့ကို ပြုစု၍ ထာဝရဘုရား၏ အမျက်တော်ကိုနှိုးဆော်ကြသောကြောင့်၊ ကျူပင်ကို ရေ၌လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလ အမျိုးကို ဒဏ်ခတ်၍၊ ဘိုးဘေးတို့အား ပေးတော်မူသော ဤပြည်ကောင်းမှ နှုတ်ပယ်ပြီးလျှင်၊ မြစ်ကြီးတဘက်၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည်။
ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်၏ အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ ၏။
ထာဝရဘုရားသည် မိမိကျွန် ပရောဖက် အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ထိုသူငယ်ကို သင်္ဂြိုဟ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
ရှောလမုန်သားရောဗောင်သည် ယုဒပြည်ကို စိုးစံလေ၏။ နန်းထိုင်သောအခါ အသက်လေးဆယ် တနှစ်ရှိ၏။ ထာဝရဘုရားသည် နာမတော်တည်စေရာဘို့ ဣသရေလခရိုင်များတို့အထဲက ရွေးကောက်သော ယေရု ရှလင်မြို့၌ ဆယ်ခုနစ်နှစ်စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။
ယုဒအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဘိုးဘေးတို့ပြစ်မှားသမျှထက် ပြစ်မှား သော အပြစ်များအားဖြင့် အမျက်တော်ကိုနှိုးဆော်ကြ၏။
ယုဒပြည်၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဘွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည် တကား။
ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။
ရှင်ဘုရင်သည် ဗိမာန်တော်သို့သွားသောအခါ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုထား၍ နောက် တဖန်မိမိတို့စောင့်ရာအခန်းမှာ ပြန်ထားကြ၏။
ခမည်းတော်ပြုသော ဒုစရိုက်ကို ပြုမြဲပြု၍၊ ဘေးတော်ဒါဝိဒ်ကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စိတ်နှလုံးစုံလင်သည်မဟုတ်။
သို့သော်လည်း ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သူ၏ဘုရားသခင် ထာဝရဘုရားသည် ဆွေတော်မျိုးတော် ကို ချီးမြှောက်၍၊ ယေရုရှလင်မြို့ကို တည်စေသဖြင့်၊ ထိုမြို့ ၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။
အကြောင်းမူကား၊ ဒါဝိဒ်သည် ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင်၊ တသက်လုံးထာဝရဘုရားမှာ ထားတော်မူသော အမှုတစုံတခုကိုမျှ မရှောင်၊ ရှေ့တော်၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း။
အာသသည် အဘိတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ တရားသဖြင့်ပြု၏။
မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိ၏။
ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းတော်မူ၏။
ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသ သည်ယူ၍ မိမိကျွန်တို့၌ အပ်သဖြင့်၊ ဒမာသက်မြို့မှာ နေသောရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ပေးလိုက်၍၊
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ခမည်းတော်လိုက်သောလမ်း၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်လေ၏။