အကြောင်းအရာသို့ ကျော်သွားရန်

Zeal အကြောင်း ကျမ်းစာအခန်းငယ်များ

48 အခန်းငယ် · 21 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုးစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။

  2. သခင်ဘုရား၏ဘာသာ၌လေ့ကျက်၍ စိတ်အားကြီးသဖြင့်၊ သခင်ဘုရား၏ အကြောင်းများကို စေ့စေ့ဟောပြော၍ ဆုံးမဩဝါဒပေး၏။ သို့သော်လည်း၊ ယောဟန်၏ ဗတ္တိဇံကိုသာသိ၏။

  3. ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်း ကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်း ရှိသည်ကို သင်သည် သိမြင်၏။ ထိုသူအပေါင်းတို့သည် ပညတ်တရား ဘက်၌ စိတ်အားကြီးသောသူဖြစ်ကြ၏။

  4. ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဘွားသော ယုဒလူဖြစ်ပါ၏။ ဤမြို့မှာ လည်း၊ ဂေါမလျေလအမည် ရှိသော ဆရာ၏ ခြေရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက်ကျင့်သော တရားကို သေချာစွာသိနားလည်ခြင်းငှါ နည်းဥပဒေသကိုခံပါပြီ။ သင်တို့ ရှိသမျှသည်ယနေ့တိုင်အောင် ဘုရားသခင်ဘက် ၌ စိတ်အားကြီးသည် နည်းတူ၊ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊

  5. ယောက်ျားမိန်းမတို့ကို ချည်နှောင်၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့ တိုင်အောင်၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ။

  6. ပေါလုက၊ ကိုယ်တော်မှစ၍ ယနေ့တွင် အကျွန်ုပ်၏စကားကို ကြားသောသူအပေါင်းတို့သည်၊ ဤသံကြိုးကိုထား၍ အကျွန်ုပ်ကဲ့သို့သောသူဖြစ်လုသည် သာမက လုံးလုံးဖြစ်စေခြင်းငှါ ဘုရားသခင်ကို အကျွန်ုပ် ဆုတောင်းပါသည်ဟု လျှောက်လေ၏။

  7. ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏စေတနာ အလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။

  8. ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင် ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါသက်သေခံ၏။

  9. အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။

  10. ထိုကျေးဇူးတော်ကိုအမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့၌ ခရစ်တော်၏ ဧဝံအောင်ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင်ဟောပြောခဲ့ပြီ။

  11. ယခုမူကား၊ ဤအရပ်တို့၌အခွင့်မရသည်ဖြစ်၍၊ သင်တို့ရှိရာ သို့သွားခြင်းငှါ တာရှည်စွာ ကာလပတ်လုံး အလိုရှိသောကြောင့်၊

  12. သို့ဖြစ်၍ သင်တို့သည် ဝိညာဉ်ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ အသင်းတော်ကို တည်ဆောက်ခြင်းငှါ ကြွယ်ဝပြည့်စုံမည်အကြောင်း ကြိုးစားကြလော့။

  13. အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင် ခြင်းနှင့်ယှဉ်သောနောင်တစိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။

  14. ဘုရားသခင်၏အလိုတော်နှင့်ညီသော သင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုး အလို့ငှါ စိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။

  15. အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကိုငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆို တိတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ။

  16. ဘိုးဘေးတို့၏လက်မှ ငါခံရသောနည်း ဥပဒေသဘက်၌ အထူးသဖြင့်စိတ်အားသန်လျက်၊ ငါ၏ လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကိုကျင်လည်လေ့ကျက်ကြောင်းကို၎င်း သင်တို့ကြားသိ ကြရပြီ။

  17. သို့သော်လည်းသင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည် မဟုတ်။ အစဉ်မပြတ်အလွန်ချစ်အပ်၏။

  18. စိတ်အားကြီးခြင်းကို မေးသော်၊ ငါသည် အသင်းတော်ကို ညှင်းဆဲသောသူဖြစ်၏။ ပညတ်တရား အားဖြင့်ရသော ဖြောင့်မတ်ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။

  19. သင်တို့အထဲကဖြစ်သော ခရစ်တော်၏ကျွန် ဧပဖြသည် သင်တို့ကို နှုတ်ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင် လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဘို့ ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏။

  20. သင်တို့မှစ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ ရှိသော သူတို့အဘို့ သူသည် အလွန်စေတနာစိတ် အားကြီးသည်ဟု ငါသည် သူ၏သက်သေဖြစ်၏။

  21. ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကို ရွေးနှုတ်ခြင်းငှါ၎င်း၊ ကောင်းသော အကျင့်ဘက်၌ စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသော အမျိုးကိုမိမိအဘို့ စင်ကြယ်စေခြင်းငှါ၎င်း၊ ကိုယ်ကို ကိုယ် စွန့်ကြဲတော်မူပြီ။

  22. ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ ပေးလိုက် ခြင်းငှါ ငါသည်အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရား ဘက်မှာ သင်တို့သည် ကြိုးစား၍တိုက်လှန်စေခြင်းငှါ နှိုးဆော်သွေးဆောင်၍ ရေးလိုက်ရသောအကြောင်းရှိ၏။

  23. ငါချစ်သမျှသော သူတို့၏အပြစ်ကိုငါစစ်ဆေး၍ သူတို့ကိုဆုံး မတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။