Skip to content

Trust အကြောင်း ကျမ်းစာအခန်းငယ်များ

109 အခန်းငယ် · 66 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကျွန်ုပ်အသက်ကိုစောင့်ရှောက်၍၊ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ခိုလှုံပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါ စေနှင့်။

  2. အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက်သောကြောင့်၊ အကျွန်ုပ်ဘက်၌ တရား စီရင်တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရားကို ခိုလှုံ၍၊ ရွေ့လျားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။

  3. အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခုံလှုံပါ ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ် ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကို ကယ်မတော်မူပါ။

  4. သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ၏။

  5. မတရားသောသူသည် များစွာသောဒုက္ခကို ခံရ၏။ ထာဝရဘုရား၌ ကိုးစားသောသူကိုကား၊ ကရုဏာ တော်သည် ဝန်းရံတတ်၏။

  6. သန့်ရှင်းသောနာမတော်ကို ခိုလှုံသောကြောင့်၊ ငါတို့သည် ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။

  7. ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ ကိုယ်တော် ကို ခိုလှုံသောသူသည် မင်္ဂလာရှိ၏။

  8. ထာဝရဘုရားသည် မိမိကျွန်တို့၏ အသက် ဝိညာဉ်ကို ရွေးနှုတ်တော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ခိုလှုံသောသူတစုံတယောက်မျှ အပြစ်စီရင်ခြင်းကို မခံရ။

  9. အိုဘုရားသခင်၊ ကရုဏာတော်သည် အလွန် မြတ်နိုးဘွယ်ဖြစ်ပါ၏။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏။

  10. ထာဝရဘုရားကို ခိုလှုံ၍၊ ကောင်းသောအကျင့် ကို ကျင့်လော့။ ပြည်တော်၌နေ၍၊ သစ္စာတရားကို ကျက်စားလော့။

  11. ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင်စီရင်တော် မူမည်။

  12. ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော် မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့ လက်မှ နှုတ်ယူကယ်တင်တော်မူမည်။

  13. မာနထောင်လွှားသောသူနှင့် မိစ္ဆာတရားလမ်း သို့ လွှဲသွားသော သူတို့ကိုမမှီဝဲ၊ ထာဝရဘုရားကို ကိုးစား သောသူသည် မင်္ဂလာရှိ၏။

  14. ကိုယ်၌ပါသောလေးကို အကျွန်ုပ်သည် မကိုး စား။ ကိုယ်ထားသည် အကျွန်ုပ်ကို မကယ်ရပါ။

  15. ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍၊ ကိုယ် စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း၊

  16. ဘုရားသခင်ကိုမခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍၊ မိမိဒုစရိုက်၌ခိုင်ခံ့သော သူကို ကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်။

  17. ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်း သောသံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ ကရုဏာ တော်၌ ကာလအစဉ်အမြဲကိုးစားမည်။

  18. ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌အဘယ်သို့ ပြုနိုင် သနည်း။

  19. အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။

  20. အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ အကျွန်ုပ်တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ်သော အမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ၏။ ကိုယ်တော်သည် ဝေးစွာသော မြေကြီးစွန်းနှင့်၊ ပင်လယ်စွန်းတို့၌ နေသောသူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏။

  21. အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ် မှစ၍ အကျွန်ုပ် ကိုးစားရာ ဖြစ်တော်မူ၏။

  22. အကြောင်းမူကား၊ အထက်မိုဃ်းတမ်တို့ကို မှာထားလျက်၊ ကောင်းကင်တံခါးတို့ကို ဖွင့်၍၊ သူတို့ စားစရာဘို့ မန္နကို မိုဃ်းရွာစေသဖြင့်၊ ကောင်းကင် ဆန် စပါးကို ပေးတော်မူသည်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် ကြီးမြတ်သော သူတို့၏ အစာကိုသုံးဆောင်၍၊ ဝပြောစွာ စားကြမည် အကြောင်းပြုတော်မူသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မယုံကြည်။ ကယ်တင်တော်မူခြင်း ကျေးဇူးကို မကိုးစားဘဲ နေကြ၏။

  23. သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်း ငှါ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။

  24. မကောင်းသော သိတင်းကိုမကြောက်ရ၊ စိတ် နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည် တတ်၏။

  25. အို ဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသော သူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏။