အကြောင်းအရာသို့ ကျော်သွားရန်

The Afflictions of the Wicked အကြောင်း ကျမ်းစာအခန်းငယ်များ

95 အခန်းငယ် · 20 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သို့မဟုတ် ယခုကာလအခါ သင်၏နှလုံး၌၎င်း၊ သင်၏ကျွန်များ၊ လူများ၌၎င်း၊ ငါ၏ဘေးဒဏ်အလုံးစုံ တို့ကို သင့်ရောက်စေမည်။ မြေကြီးတရှောက်လုံး၌ ငါကဲ့သို့သောသူ မရှိကြောင်းကိုသင်သည် သိရလိမ့်မည်။

  2. ငါ့လက်ကို ငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည်။သင့်ကိုလည်း မြေကြီးပေါ် က သုတ်သင်ပယ်ရှင်းမည်။

  3. သို့သော်လည်း ကိုယ်တော်နှင့် ကိုယ်တော်၏ကျွန်တို့သည်၊ ထာဝရအရှင် ဘုရားသခင်ကို မကြောက်သေး ကြောင်းကို အကျွန်ုပ်သိပါသည်ဟု လျှောက်ဆို၏။

  4. ငါသည်လည်း၊ ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေ၍၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ၊ ထိုမင်းနှင့် သူ၏စစ်သူရဲအလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပြုကြ၏။

  5. နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍ နှောင့်ရှက်တော်မူ၏။

  6. သူတို့ရထား အသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တဘက်၌ စစ်တိုက်သည်ဟု ပြောဆိုကြ၏။

  7. သင်၏ရန်သူ တည်းဟူသော သင့်ကိုမုန်း၍ ညှဉ်းဆဲသောသူတို့ အပေါ်၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့ကို သက်ရောက်စေတော်မူ လိမ့်မည်။

  8. ထိုအခါ ငါသည် အမျက်တော်ထွက်၍ သူတို့ကို စွန့်မည်။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့်၊ သူတို့သည် ပျက်စီး၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါတို့ဘုရားသခင်သည် ငါတို့ တွင် ရှိတော်မမူသောကြောင့်၊ ဤဘေးဒဏ်တို့သည် ငါတို့ အပေါ်မှာ ရောက်သည်မဟုတ်လောဟု ဆိုကြလိမ့်မည်။

  9. သို့ရာတွင် ဧလိယဆင့်ဆိုသော စကားတော်ကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍လျှော်တေအဝတ်ကို ဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌ အိပ်ခြင်း ကို ပြု၍ ဖြည်းဖြည်းသွားလာ၏။

  10. အာဟပ်မင်း သေသောနောက်၊ မောဘပြည် သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။

  11. အာခဇိမင်းသည် ရှမာရိမြို့၌ အထက်အခန်း ပြတင်းပေါက်မှ ကျ၍နာနေသောကြောင့်၊ ငါသည် ဤအနာမှာ ထမြောက်မည်လောဟု ဧကြုန်မြို့၏ ဘုရား ဗာလဇေဗုပ်သို့ သွား၍ မေးမြန်းကြဟု မှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။

  12. ထာဝရဘုရား၏ ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိရှင်ဘုရင် စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှါ ထသွားလော့။ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန် မြို့၏ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။

  13. ထိုကြောင့်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ယခု တက်သောသာလွန်ပေါ်က နောက်တဖန် မဆင်းရ၊ စင်စစ်သေရမည်ဟု သူတို့အားဆင့်ဆိုရမည် အကြောင်းမိန့်တော်မူသည်အတိုင်း၊ ဧလိယသွားလေ၏။

  14. သို့ဖြစ်၍နေမန်၏ နူနာသည်သင်၌၎င်း၊ သင်၏ သားမြေး၌၎င်း၊ အစဉ်အမြဲစွဲစေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ဖြူလျက်၊ သခင်ထံ မှ ထွက်သွား၏။

  15. ပရောဖက်ဧလိယ ပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့်၊ သင့်အဘဒါဝိဒ်၏ ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသ လမ်းသို့ မလိုက်၊

  16. ဣသရေလရှင်ဘုရင်တို့ လမ်းသို့လိုက်သော ကြောင့်၎င်း၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ်ထက်သာ၍ကောင်းသော ညီရင်းတို့ကို သတ် သောကြောင့်၎င်း၊

  17. ထာဝရဘုရားသည် သင်၏လူများ၊ သင်၏သား မယားများ၊ သင်၏ဥစ္စာရှိသမျှကို ကြီးစွာသောဘေးဖြင့် ဒဏ်ခတ်တော်မူမည်။

  18. သင့်အူသည် တနေ့ထက်တနေ့ထွက်အောင်၊ ဝမ်းထဲ၌ ပြင်းစွာ သောအနာရောဂါစွဲလိမ့်မည်ဟု စာ၌ပါသတည်း။

  19. ထိုနောက်မှ၊ ထာဝရဘုရားသည် ဖိလိတ္တိလူ၊ ကုရှပြည်နှင့်နီးသော အာရပ်လူတို့ကို၊ ယဟောရံမင်း တဘက် နှိုးဆော်တော်မူသဖြင့်၊

  20. သူတို့သည် ယုဒပြည်သို့ချီလာ၍ လုပ်ကြံကြ၏။ နန်းတော်၌တွေ့သမျှသော ဥစ္စာများနှင့် ရှင်ဘုရင်၏ သားမယားများတို့ကို သိမ်းသွားကြသဖြင့်၊ အထွေးဆုံး သောသား အာခဇိမှတပါး၊ တယောက်မျှမကျန်ကြွင်း။

  21. နောက်တဖန် မပျောက်နိုင်သောဝမ်းနာဖြင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူ၏။

  22. ရှင်ဘုရင်သည် တာရှည်စွာနာ၍၊ နှစ်နှစ်စေ့ သောအခါ၊ အနာပြင်းထန်သောကြောင့်၊ အူထွက်၍ အသက်ချုပ်လေ၏။ ပြည်သားတို့ သည်ဘိုးတော် ဘေးတော်တို့အဘို့ မီးရှို့ခြင်းကိုပြုသကဲ့သို့၊ ထိုမင်း အဘို့မပြု။

  23. ဩဇိမင်းသည် ဒေါသစိတ်ရှိ၍၊ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ၊ လင်ပန်းကိုကိုင်လျက်၊ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်လျှင်၊ ဗိမာန်တော်တွင် နံ့သာပေါင်းကို မီးရှို့ ရာယဇ်ပလ္လင်၏အနား၊ ယဇ်ပုရောဟိတ်တို့ ရှေ့မှာ၊ နူနာ သည် ရှင်ဘုရင်နဖူး၌ ပေါ်လေ၏။

  24. ယဇ်ပုရောဟိတ်မင်းနှင့် ယဇ်ပုရောဟိတ် အပေါင်းတို့သည် ကြည့်ရှု၍၊ နဖူးတော်၌ နူနာစွဲသည် ကိုမြင်လျှင်၊ ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ၏။ ရှင်ဘုရင် ကိုယ်တိုင်လည်း၊ ထာဝရဘုရားဒဏ်ခတ်တော်မူသော ကြောင့်၊ အလျင်အမြန်ထွက်လေ၏။

  25. ထိုသို့ဩဇိမင်းကြီးသည် သေသည်တိုင်အောင် နူနာစွဲ၍၊ ခြားနားသောနန်း၌နေရ၏။ ဗိမာန်တော်သို့ ဝင်သော အခွင့်ကို မရ။ သားတော်ယောသံသည် နန်းတော်ကို အုပ်စိုး၍ နိုင်ငံတော်မှုကိုစီရင်ရ၏။