အကြောင်းအရာသို့ ကျော်သွားရန်

Syria အကြောင်း ကျမ်းစာအခန်းငယ်များ: Its history in connection with the Macedonia empire

40 အခန်းငယ် · 61 ရှုထောင့်

Its history in connection with the Macedonia empire အကြောင်း အခန်းငယ်များ

  1. ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြ လိမ့်မည်။ အသင့်အတင့်ဖြစ်စေခြင်းငှါ တောင်ရှင်ဘုရင် ၏ သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည်။ သို့သော်လည်း၊ ထိုမင်းသမီး၏ အာဏာသည် မတည်ရ။ ထိုမင်းနှင့်တကွ အမျိုးအနွယ်တော်သည်လည်း မတည်ရ။ မင်း သမီးကို၎င်း၊ ဆောင်ခဲ့သော သူတို့ကို၎င်း၊ သူ၏သား ကို၎င်း၊ ထိုကာလ၌ သူ့ကိုထောက်ပင့်သော သူများကို၎င်း ဆုံးရှုံးခြင်းသို့အပ်ရလိမ့်မည်။

  2. ထိုမင်းသမီး၏ အဆွေအမျိုးဖြစ်သော သူ တယောက်သည် အဘ၏ အရိပ်အရာကိုရသဖြင့် စစ်ချီ ၍ လာလိမ့်မည်။ မြောက်ရှင်ဘုရင်၏ မြို့တော်သို့ ရောက် လျှင်၊ မြို့သားတို့ကို တိုက်၍နိုင်လိမ့်မည်။

  3. သူတို့၏ဘုရားများ၊ သွန်းသောရုပ်တုများ၊ အဘိုး ထိုက်သောငွေဖလား၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည်။ သူသည်လည်း မြောက်ရှင်ဘုရင် ထက် အသက်ရှည်လိမ့်မည်။

  4. တဖန်မြောက်ရှင်ဘုရင်သည် တောင်ရှင်ဘုရင် ၏နိုင်ငံသို့ ဝင်သော်လည်း မိမိပြည်သို့ ပြန်သွားရလိမ့် မည်။

  5. သားတော်တို့သည် ထပြန်၍ များစွာသော အလုံးအရင်းကို စုဝေးကြလိမ့်မည်။ သားတယောက် လည်း ဆက်ဆက်လာ၍ လွှမ်းမိုးချင်းနင်းလိမ့်မည်။ တဖန် ပြန်လာ၍ သူ၏မြို့တိုင်အောင် လုပ်ကြံလိမ့်မည်။

  6. တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ မြောက်ရှင်ဘုရင်ကို ဆီးကြို၍ တိုက်လိမ့်မည်။ မြောက်ရှင် ဘုရင်သည် များစွာသော စစ်သည်ဗိုလ်ခြေအလုံးအရင်း တို့ကိုစီရင်သော်လည်း၊ တောင်ရှင်ဘုရင်သည် ထိုအလုံး အရင်းတို့ကို သိမ်းယူလိမ့်မည်။

  7. ထိုအလုံး အရင်းတို့ကို ပယ်ရှင်းပြီးမှ မာနစိတ်ပေါက်လျက်၊ အထောင်သောင်းမက များစွာသော လူတို့ကို လုပ်ကြံ သော်လည်း၊ မိမိအာဏာကို မတည်စေရ။

  8. အကြောင်းမူကား၊ မြောက်ရှင်ဘုရင်သည် တဖန် ပေါ်လာ၍၊ အရင်ထက်များစွာသောအလုံးအရင်း တို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည်။

  9. ထိုကာလ၌ တောင်ရှင်ဘုရင်ကို ရန်ဘက်ပြု သောသူတို့သည် များကြလိမ့်မည်။ သင်၏အမျိုးသားချင်း ဖြစ်သော သူပုန်တို့သည် ဗျာဒိတ်ရူပါရုံကို ပြည့်စုံစေခြင်း ငှါ ထ၍၊ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။

  10. မြောက်ရှင်ဘုရင်သည် လာ၍ မြို့ရိုးကို တည် ပြီးလျှင် ခိုင်ခံ့သော မြို့တို့ကို လုပ်ကြံလိမ့်မည်။ တောင် ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ်သောလူများတို့သည် ဆီးတားခြင်းငှါး ခွန်အားမရှိသောကြောင့် မဆီးတားရ ကြ။

  11. တိုက်လာသောသူသည် မိမိအလိုအလျောက် ပြု၍၊ သူ့ရှေ့မှာ အဘယ်သူမျှမရပ်မနေနိုင်ဘဲ၊ သာယာ သော ပြည်ကိုနင်းပြီးမှ စုံလင်စေလိမ့်မည်။

  12. ဖြောင့်မတ်သော သူတို့သည် လိုက်လျက် ထိုမင်း သည် မိမိနိုင်ငံ၏ အလုံးအရင်းရှိသမျှတို့နှင့်တကွ ဝင်စား ခြင်းငှါ ကြိုးစားအားထုတ်၍၊ မိန်းမငယ်အားဖြင့် ဖျက်ဆီး ခြင်းငှါပေးစားလိမ့်မည်။ သို့သော်လည်း သူသည် အကြံ မမြောက်၊ အကျိုးမရှိရ။

  13. တဖန်ကျွန်းစုသို့ မျက်နှာလှည့်၍ ကျွန်းအများ တို့ကို လုပ်ကြံလိမ့်မည်။ သို့ရာတွင်၊ ဗိုလ်မင်းတပါးသည် မိမိခံရသော အသရေဖျက်ခြင်းကို မိမိမှလွှဲပယ်၍၊ ထို အသရေဖျက်ခြင်းကို တိုက်လာသော မင်းအပေါ်သို့ ပြန်ရောက်စေလိမ့် မည်။

  14. ထိုမင်းသည်လည်း မိမိနေရာမြို့တော်သို့ ပြန် သွားပြီးလျှင် ထိမိ၍ လဲသဖြင့် ကွယ်ပျောက်လိမ့်မည်။

  15. ထိုမင်းအရာ၌လည်း နိုင်ငံတော်၏ ဘုန်းစည်း စိမ်ကို ရှုတ်ချလျက်၊ ငွေတော်ခွဲသော သူသည် ပေါ်လာ၍ ခဏရှိပြီးမှ၊ ဒေါသအမျက်မထွက်၊ စစ်မတိုက်ဘဲ ဆုံးရှုံး ခြင်းသို့ရောက်လိမ့်မည်။

  16. ထိုသူအရာ၌လည်း မင်းစည်းစိမ်းကို ခံထိုက် သော သူမဟုတ်၊ ယုတ်မာသော သူပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက်မပြု ချော့မော့ခြင်းအားဖြင့် နိုင်ငံ ကို ရလိမ့်မည်။

  17. လွှမ်းမိုးသော လက်နက်တို့သည် သူရှေ့မှာ မြုပ်၍ ဆုံးရှုံးလိမ့်မည်။ မိဿဟာယခံသော မင်းလည်း ဆုံးရှုံး လိမ့်မည်။

  18. အကြောင်းမူကား၊ မိဿဟာယ ပြုသောမင်းသည် သစ္စာပျက်သဖြင့်၊ တက်လာ၍ လူအနည်းငယ်မျှ ပါသော် လည်း တန်ခိုးကြီးလိမ့်မည်။

  19. အသီးအနှံများသောပြည်ကို အနိုင်အထက် မပြုဘဲ ဝင်လိမ့်မည်။ လုယူသော ပစ္စည်းဥစ္စာစည်းစိမ် များကို စွန့်ကြဲ၍၊ မိမိဘိုးဘေးမပြုဘူးသော အမှုကိုပြုလိမ့် မည်။ ခိုင်ခံ့သော မြို့ပြတို့ကို ရခြင်းငှါ တာရှည်စွာ ကြံစည်လိမ့်မည်။

  20. ကြီးစွာသော အလုံးအရင်းနှင့်တကွ တောင်ရှင် ဘုရင်ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိအစွမ်းသတ္တိကို နှိုးဆော် လိမ့်မည်။ တောင်ရှင်ဘုရင်သည်လည်း၊ အားကြီး၍ များစွာသော အလုံးအရင်းနှင့်တကွ စစ်တိုက်ခြင်းငှါ နှိုးဆော်သော်လည်း မခံရပ်နိုင်။ အကြောင်းမူကား၊ သူတဘက်၌ မကောင်းသောအကြံကို ကြံစည်ကြလိမ့် မည်။

  21. ထိုသူကျွေးမွေးခြင်းကို ခံရသော သူတို့သည် လည်း၊ ထိုသူ၏ အကျိုးကိုဖျက်ဆီးသောအားဖြင့်၊ သူ၏ တပ်မြှုပ်၍၊ စစ်သူရဲများတို့သည် အသက်ဆုံးကြလိမ့်မည်။

  22. ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသော အကြံကိုကြံ၍၊ တခုသောစားပွဲ၌ မုသာစကားကို ပြောကြလိမ့်မည်။ သို့သော်လည်း၊ အကြံမမြောက်ရ။ ချိန်းချက်သော အချိန် ကာလ၌ အဆုံးဖြစ်ရလိမ့်မည်။

  23. တဖန်မြောက်ရှင်ဘုရင်သည် များစွာသော စည်းစိမ်ဥစ္စာပါလျက် မိမိပြည်သို့ ပြန်၍သွားစဉ်တွင်၊ သန့်ရှင်းသော ပဋိညာဉ်တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြုပြီးမှ မိမိပြည်သို့ ပြန်သွားလိမ့်မည်။

  24. ချိန်းချက်သော အချိန်၌လည်း တောင်မျက်နှာသို့ တဖန်ပြန်လာဦးမည်။ သို့သော်လည်း၊ အရင်ဖြစ်သကဲ့သို့ မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်းမဟုတ်။

  25. အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် စိတ်နာလျက် ပြန် သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက် သည်။ အတိုင်းပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သော သူတို့နှင့် အဆွေဖွဲ့လိမ့် မည်။