Syria အကြောင်း ကျမ်းစာအခန်းငယ်များ: Confederate with Nebuchadnezzar
Confederate with Nebuchadnezzar အကြောင်း အခန်းငယ်များ
ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်သိမ်းစေခြင်းငှါ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော် မူ၏။
ခါလဒဲစစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါ လွင်ပြင်၌ဇေဒကိ မင်းကိုမှီ၍ ဘမ်းဆီးပြီးမှ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှုကို စစ်ကြောစီရင်၍၊