Syria အကြောင်း ကျမ်းစာအခန်းငယ်များ: A warlike people
A warlike people အကြောင်း အခန်းငယ်များ
ရှုရိရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ သူတို့၏ဘုရား သည် တောင်ကိုသာ အစိုးရသော ဘုရားဖြစ်၏။ ထိုကြောင့် သူတို့သည် ငါတို့ကို နိုင်ပါ၏။ ငါတို့သည် လွင်ပြင်၌ တခါတိုက်ကြကုန်အံ့။ ထိုသို့တိုက်လျှင် စင်စစ် နိုင်ကြလိမ့်မည်။
ရှုံးသောမြင်းတပ်၊ ရထားတပ်နှင့်အမျှ များသော တပ်ကို ခင်းကျင်းတော်မူပါ။ လွင်ပြင်၌ တိုက်၍ ဆက်ဆက်နိုင်ကြပါလိမ့်မည်ဟု လျှောက်ထားသော စကားကိုရှင်ဘုရင်သည် နားထောင်၍ စီရင်လေ၏။