အကြောင်းအရာသို့ ကျော်သွားရန်

Syria အကြောင်း ကျမ်းစာအခန်းငယ်များ: Joram king of Israel in seeking to recover Ramothgilead from, severely wounded

3 အခန်းငယ် · 61 ရှုထောင့်

Joram king of Israel in seeking to recover Ramothgilead from, severely wounded အကြောင်း အခန်းငယ်များ

  1. အာဟပ်၏သားယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည်ယောရံကိုတိခိုက်ကြ၏။

  2. ထိုသို့ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်း ငှါ ထိုမြို့သို့ ဆင်းသွားလေ၏။

  3. သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင် ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွား နှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလ မြို့သို့သွား၍ သိတင်းကြားပြောရသော သူတစုံ တယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်ဟုစီရင်၏။