အကြောင်းအရာသို့ ကျော်သွားရန်

Righteousness အကြောင်း ကျမ်းစာအခန်းငယ်များ

480 အခန်းငယ် · 132 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာဇေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။

  2. ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံကိုအောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကိုဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊

  3. ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော် လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။

  4. ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း။

  5. ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။

  6. ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသောအစာမရှိသောအခါ၊

  7. သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။

  8. ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ်၏။

  9. တနည်းကား၊ သင်သည်ယုံကြည်ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟုပြောစရာရှိ၏။

  10. ဘုရားသခင်တဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့ တုန်လှုပ်ကြ၏။

  11. လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော။

  12. ငါတို့အဘအာဗြဟံသည်၊ မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာတင်လှူပူဇော်သောအခါ၊ အကျင့်အား ဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။

  13. ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏။

  14. အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ဟူသော ကျမ်းစကားပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရားသခင်၏အဆွေဟူ၍ ခေါ် ဝေါ်ခြင်းကိုခံရ၏။

  15. လူသည်ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်။ အကျင့်အားဖြင့် ရောက် သည်ကို သင်တို့သိမြင်ရကြ၏။

  16. ထိုနည်းတူ၊ ပြည်တန်ဆာရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။

  17. ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေ ဖြစ်၏။

  18. စမ်းရေပေါက်တပေါက်တည်း အထဲကချိုသောရေနှင့် ခါးသောရေထွက်တတ်သလော။

  19. ငါ့ညီအစ်ကိုတို့၊ သင်္ဘောသဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သင်္ဘော သဖန်းသီးကို သီးနိုင်သလော။ ထိုအတူ၊ ငန်သောရေသည် ချိုသောရေကိုမဖြစ်စေနိုင်။

  20. သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိတစုံတယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏ နှုးညံ့သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ။

  21. သို့မဟုတ်သင်တို့စိတ်ထဲမှာ ခါးစွာသော ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းမရှိလျှင်၊ သမ္မာတရားကို မုသာဖြင့် ဆန်၍ မဝါကြွားကြနှင့်။

  22. ထိုသို့သောပညာသည် အထက်မှသက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။

  23. အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုမူခြင်း အမျိုးမျိုးရှိတတ်၏။

  24. အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ ကောင်းကျိုးနှင့်၎င်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။

  25. အသင့်အတင့်နေခြင်းငှါပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကိုငြိမ်သက်စွာ ကြဲတတ်ကြ၏။