အကြောင်းအရာသို့ ကျော်သွားရန်

Rebellion Against God အကြောင်း ကျမ်းစာအခန်းငယ်များ

148 အခန်းငယ် · 63 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကို ပြု၍၊ ငါတို့၏ဘုရားသခင်ကို စွန့်ကြပြီ။ ညှဉ်းဆဲသော စကား၊ ပုန်ကန်သော စကားကို ပြောခြင်း၊ မဟုတ်မမှန် သောစကားကို အောက်မေ့၍၊ စိတ်နှလုံးထဲက မြွက်ဆို ခြင်းကို ပြုကြပြီ။

  2. သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ၏။ ထိုကြောင့်၊ သူတို့ကို ရန် ဘက်ပြု၍ စစ်တိုက်တော်မူ၏။

  3. မိမိအလိုအတိုင်း မကောင်းသောလမ်းကို လိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တနေ့လုံး ငါသည် ကိုယ်လက်ဝါးကိုဖြန့် ရပြီ။

  4. အပြည်ပြည်တို့၌ သိတင်းကြားကြလော့။ ယေရု ရှလင်မြို့ကို ရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့် တို့သည် ဝေးသောပြည်က လာ၍၊ ယုဒမြို့များ တဘက်၌ ထူးကြလိမ့်မည်။

  5. လယ်ကိုစောင့်သောသူများကဲ့သို့၊ ထိုသူတို့သည် ယုဒပြည်ကို ဝန်းရံကြ၏။ အကြောင်းမူကား၊ ထိုပြည် သည် ငါ့ကို ပုန်ကန်ပြီ။

  6. သင်လိုက်သောထုံးစံနှင့် သင်ကျင့်သော အကျင့် တို့သည် သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ။ သင်သည် ထိုသို့သော အမှုနှင့် တွေ့၍ ခါးစပ်သောစိတ်၊ နာကြည်းသော စိတ်ရှိရာ၏ဟု ထာဝရဘုရား မိန့်တော် မူ၏။

  7. ဤလူမျိုးသည် ပြစ်မှားပုန်ကန်သော သဘော ရှိ၍၊ အစဉ်ပုန်ကန်တတ်ကြ၏။

  8. ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥင်သည်ထာဝရ ဘုရားကို ပုန်ကန်စေခြင်းငှါ သွန်သင်သော ကြောင့်၊ သင့်ကို မြေပြင်မှ ငါပယ်ရှင်းမည်။ ယခုနှစ်တွင် သင်သည် သေရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို၏။

  9. ထာဝရဘုရားသည် တရားသဖြင့် စီရင်တော် မူ၏။ ငါသည် ပညတ်တော်ကို လွန်ကျူးမိပြီ။ လူမျိုး ခပ်သိမ်းတို့၊ နားထောင်၍ ငါ၏ဒုက္ခကို ဆင်ခြင်ကြ ပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပြီ။

  10. အိုထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ် ပင်ပန်းပါ၏။ ဝမ်း၌ဆူလှိုင်ခြင်းရှိပါ၏။ နှလုံးမှောက် လျက် ရှိပါ၏။ အကျွန်ုပ်သည် အလွန်ပြစ်မှားပါပြီ။ ပြင်မှာ ထားဘေးနှင့်တွေ့ရပါပြီ။ အတွင်း၌လည်း သေမင်းနေသကဲ့သို့ရှိပါ၏။

  11. အချင်းလူသား၊ ငါ့ကိုပုန်ကန်တတ်သော အမျိုး တည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန်၍၊ ပြစ်မှားသော ဣသရေလ အမျိုးသားတို့ ရှိရာသို့ သင့်ကို ငါစေလွှတ်မည်။

  12. ရဲသောမျက်နှာနှင့်ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အား ပြောရမည်။

  13. သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ နား ထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်။

  14. အချင်းလူသား၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကိုမကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက် နှင့်။ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့ စကားကိုမကြောက်နှင့်။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။

  15. သူတို့သည် အလွန်ပုန်ကန်တတ်သော သဘော ရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကိုသူတို့အား ဟောပြောရမည်။

  16. အချင်းလူသား၊ ငါပြောသောစကားကို နား ထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန် သော သဘောမရှိနှင့်။ သင့်ပစပ်ကို ဖွင့်၍ ငါပေးသော အရာကိုစားလော့ဟု မိန့်တော်မူလျှင်၊

  17. တဖန်၊ အချင်းလူသား၊ ဣသရေလအမျိုးသားတို့ ရှိရာသို့သွား၍ ငါ့စကားကို ဟောပြောလော့။

  18. သင်မသိမကျွမ်း၊ နာလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလအမျိုးရှိရာသို့ စေလွှတ်၏။

  19. သင်မသိမကျွမ်း၊ နားလည်ခဲသောစကား၊ အလျှင်းနားမလည်နိုင်သော စကားကို ပြောတတ်သော လူအမျိုးမျိုးတို့ ရှိရာသို့စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင်၊ သင့်စကားကို နားထောင်ကြလိမ့်မည်။

  20. ဣသရေလအမျိုးတို့မူကား၊ သင့်စကားကို နားမထောင်ကြ။ ငါ့စကားကိုပင် နားမထောင်ကြ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ခိုင်မာသော နဖူးနှင့်ခိုင်မာသော နှလုံးရှိကြ၏။

  21. သို့ရာတွင်၊ သူတို့မျက်နှာတဘက်၌ သင်၏ မျက်နှာကို၎င်း၊ သူတို့နဖူးတဘက်၌ သင်၏နဖူးကို၎င်း ငါခိုင်ခံ့စေပြီ။

  22. သင်၏နဖူးကို ကျောက်ထက်မက၊ စိန်ထက် သာ၍ ခိုင်မာစေပြီ။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သင်သည်မကြောက်နှင့်။ သူတို့မျက်နှာရည် ကြောင့် စိတ်မပျက်နှင့်ဟု မိန့်တော်မူ၏။

  23. ပုန်ကန်တတ်သော အမျိုးအား သင်ပြောရ မည်မှာ၊ ဤစကားအဘယ်သို့ဆိုလိုသည်ကို နားလည်ကြ သလော။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ယေရုရှလင်ရှင်ဘုရင်နှင့်မှူးတော် မတ်တော် တို့ကို ဗာဗုလုန်မြို့သို့သိမ်းသွားပြီ။

  24. သို့ရာတွင်၊ မြင်းများ၊ လူများတို့ကို တောင်းခြင်း ငှါ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော။ ဘေး လွတ်ရမည်လော။ သစ္စာဖျက်ပြီးမှလွတ်ရမည်လော။

  25. သူတို့သည် နားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ အသီး သီးဖူးမြင်သော စက်ဆုပ်ရွံရှာဘွယ် အရာတို့ကို၎င်း၊ အဲဂုတ္တုရုပ်တုကို၎င်း၊ မစွန့်ပစ်ဘဲနေ ကြ၏။ ထိုကြောင့်၊ သူတို့၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း၊ အဲဂုတ္တုပြည် ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်ရှိန်ကို သွန်းလောင်းမည် ဟု ငါအကြံရှိ၏။